ZyanLuYoe_စျာန်လူရိုး
ငါတို့ လူတစ်ယောက်ကို
အလိုချင်ဆုံးလိုချင်မိခဲ့ကြတဲ့အခါ
ငါတို့အရင်ဆုံးပြန်တွေးကြရမှာက
ငါတို့ မျှော်လင့်သလိုဖြစ်မလာခဲ့ရင်
ငါတို့ ဘယ်လို နေထိုင်ကြမလဲဆိုတာပါပဲ။
လူတစ်ယောက်ရဲ့ စိတ်ကို
လူတစ်ယောက်က မြင်နိုင်စွမ်းရှိမနေဘူး။
သူတို့ရဲ့စိတ်ထဲမှာ ငါတို့တွေရှိနေမယ်လို့လည်း
အသေအချာမပြောနိုင်သလို
သူတို့ရဲ့ စိတ်ထဲမှာ ငါတို့မရှိဘူးလို့လည်း
အသေအချာ မပြောနိုင်ဘူး..။
ငါတို့ရဲ့ခံစားချက်တွေက ငါတို့ရဲ့စိတ်တွေကြောင့်
ဖြစ်ချင်သလိုဖြစ်မလာသေးရင် ဒါမှမဟုတ်
ဖြစ်ချင်သလိုဖြစ်နေရရင် ငါတို့စိတ်ဟာ
အရမ်းကို ခရီးအဝေးကြီးသွားတော့တာပဲ။
အကောင်းဆုံးတွေကို ငါတို့လိုချင်နေရင်
တစ်ခြားသူတွေကလည်း
အဲ့ဒီအကောင်းဆုံးကိုလိုချင်နေမှာပဲ။
ငါတို့ဟာ ရှေ့ဆက်ဖို့လမ်းတွေကိုမျှော်လင့်ကြသလို
မဖြစ်နိုင်မှန်းသိရင် နောက်ဆုတ်ဖို့ စိတ်ကိုလည်း
မသိမသာလေး ထားထားတတ်ရတယ်။
လူတွေက ငါတို့ချစ်သလိုချစ်ချင်မှချစ်မယ်။
ငါတို့မုန်းတဲ့သူတွေကလည်း
ငါတို့ကို မုန်းချင်မှမုန်းမယ်..။
ငါတို့မှာ ရှိသင့်တာက ဘယ်စိတ်ခံစားချက်ကိုမဆို
အစွန်းရောက်အောင် မတွေးကြဖို့ပဲ...။
ဒါကြောင့် ချစ်သည်ဖြစ်စေ၊မုန်းသည်ဖြစ်စေ
ချစ်ရင်လည်း ချစ်သင့်သလောက်ပဲချစ်ပြီး
မုန်းရင်လည်း မုန်းသင့်သလောက်ပဲမုန်းတာက
ငါတို့ကို စိတ်ချမ်းသာစေလိမ့်မယ်။
ဒါက ငါတို့ မျှော်လင့်သလိုဖြစ်မလာခဲ့ရင်
ငါတို့ ဘယ်လို နေထိုင်ကြမလဲဆိုတာပါပဲ။
ZyanLuYoe
Follow for more Mental poems and quotes
#စျာန်လူရိုး
#ZyanLuYoe
Keep Reading