Swal Nyoe
ယခုလတ်တလောတွင် ပုံမှန်မျောက်ကျောက်ရောဂါဖြစ်ပွားမှုမရှိတက်သော အချို့နိုင်ငံများတွင် အစုလိုက်အပြုံလိုက်ဖြစ်ပွားနေပါတယ်။
မျောက်ကျောက်ရောဂါလက္ခဏာများမှာ-
ရောဂါလက္ခဏာခံစားနေရသူနှင့်အောက်ပါကဲ့သို့ အနီးကပ်ထိတွေ့မှုရှိပါက မျောက်ကျောက်ရောဂါ ကူးစက်ခံရနိုင်ပါသည်။
ရောဂါလက္ခဏာခံစားနေရသူနှင့်အနီးကပ်ထိတွေ့မှုကိုရှောင်ကြဉ်ခြင်းအားဖြင့် မိမိကိုယ်ကို"မျောက်ကျောက်ရောဂါ"ကူးစက်ခြင်းမှကြိုတင်ကာကွယ်ပါ။
မျောက်ကျောက်ရောဂါသည် COVID -19 ကာကွယ်ဆေး၏ ဘေးထွက်ဆိုးကျိုးတစ်ခုလား။
မဟုတ်ပါဘူး။COVID-19 ကာကွယ်ဆေးနှင့် ယခုကမ္ဘာအနှံ့ဖြစ်ပွားနေသော မျောက်ကျောက်ရောဂါနှင့်ဆက်စပ်မှုမရှိပါဘူး။မျောက်ကျောက်ရောဂါသည် မျောက်ကျောက်ဗိုင်းရပ်စ်ကြောင့်ဖြစ်ပွားသောရောဂါတစ်ခုသာဖြစ်သည်။၎င်းသည် တိရစ္ဆာန်များမှလူများသို့လည်းကောင်း၊ဗိုင်းရပ်စ်ပိုးကူးစက်ခံထားရသော ရောဂါပိုးရှိသူနှင့် ထိတွေ့မှုမှတစ်ဆင့် တံတွေးနှင့်အသက်ရှူလမ်းကြောင်းဆိုင်ရာ အမှုန်အစက်များမှတစ်ဆင့်နှင့်ရောဂါပိုးရှိသူမှ ထိတွေ့ကိုင်တွယ်ထားသောအရာဝတ္ထုများမှလည်းကောင်းကူးစက်နိုင်ပါတယ်။
မျောက်ကျောက်ရောဂါသည် လိင်ဆက်ဆံခြင်းမှတစ်ဆင့်ကူးစက်နိုင်ပါသလား။
မျောက်ကျောက်ရောဂါသည် လိင်ဆက်ဆံမှုမှတစ်ဆင့်ကူးစက်နိုင်ပါသည်။
မျောက်ကျောက်ရောဂါသည် နောက်ထပ်ရောဂါသစ်တစ်ခုလား။
မျောက်ကျောက်ရောဂါသည် ရောဂါသစ်တစ်ခုမဟုတ်ပါဘူး။၎င်းကို ပုံမှန်အားဖြင့် အာဖရိအလယ်ပိုင်းနှင့်အနောက်အာဖရိက တို့တွင်တွေ့ရလေ့ရှိပြီး အခြားနိုင်ငံများတွင်လည်းအခါအားလျော်စွာတွေ့ရလေ့ရှိပါသည်။သို့သော် ယခုအခါတွင်မျောက်ကျောက်ရောဂါသည် ပုံမှန်အားဖြင့်၎င်းရောဂါဖြစ်ပွားလေ့မရှိသောနိုင်ငံများတွင်လည်း အစုလိုက်အပြုံလိုက်ဖြစ်ပွားနေကြောင်းတွေ့ရှိနေရပါတယ်။
ယခုကမ္ဘာတစ်ဝှမ်းတွင်ဖြစ်ပွားနေသောမျောက်ကျောက်ရောဂါကိုကြိုတင်ကာကွယ်နိုင်ရန်အတွက်စုစည်းဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ။
Keep Reading