Phoo Thitsar Nyo
သူများတွေ Suprise gift ရတဲ့အခါ
အားကျမိတာ မှန်ပေမဲ့
မင်းအနားမှာ ရှိနေပေးတာကို ပိုလိုချင်တယ်
သူများအတွဲတွေ ကားနဲ့လျှောက်လည်နေတာကို အားကျမိတာ မှန်ပေမဲ့
မင်းလက်လေးတွဲပြီး လမ်းလျှောက်ရတာကို
ပိုသဘောကျပါတယ်
သူများတွေ မွေးနေ့မှာ တန်ဖိုးကြီးလက်ဆောင်တွေ ရတာကို အားကျမိတာ မှန်ပေမဲ့
မွေးနေ့တိုင်းမှာ အမြဲဆုတောင်းပေးပြီး
မအားတဲ့ကြားက တစ်နေ့လုံးအဖော်ပြုပေးတဲ့
မင်းကို ပိုသဘောကျတယ်...
သူများတွေ ဆိုင်ကောင်းကောင်းမှာ
စားသောက်နေတာကို အားကျမိတာ မှန်ပေမဲ့
မချက်တတ်၊ ချက်တတ်နဲ့ ငါ့အတွက်
ချက်ပေးတဲ့ မင်းရဲ့လက်ရာကို
ပိုသဘောကျပါတယ်...
ပကာသနတွေကို မမက်မောဘူးလို့ပြောရင်
လိမ်ရာကျမယ်ထင်ပါတယ်...
ဒါပေမဲ့ မင်းသိလား... ချစ်သူ
အဲ့ဒီအရာတွေက မင်းရဲ့ဂရုစိုက်မှုတွေ၊
ချစ်ခြင်းမေတ္တာတွေနဲ့ ယှဥ်လာရင်
နောက်မှာ ကျန်နေမှာပဲ
တန်ဖိုးကြီးတဲ့အရာတွေထက်
ငါ့အနားမှာ အမြဲရှိနေပေးမဲ့ မင်းကိုပဲ
လိုချင်တယ်...
ငါ့တို့ရဲ့အနာဂတ်အတွက်
ကြိုးစားနေတဲ့ မင်းကို ပိုသဘောကျတယ်
ငါအထီးကျန်တိုင်း ပွေ့ဖက်ပေးတဲ့
မင်းကို ပိုသဘောကျတယ်...
ပကာသနတွေဆိုတာ ငါ့အတွက်တော့
မင်းရဲ့စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာလောက်
တန်ဖိုးမရှိပါဘူး မင်းကိုပဲ ပိုမက်မောတယ်
ငါမက်မောမိတဲ့ တန်ဖိုးကြီးအရာတွေဟာ
မင်းဆီကရလာတဲ့ အရာတွေဖြစ်ပါတယ်...
ဖူးသစ္စာညို
22.8.2024 (5:05 p.m. Thursday)
Keep Reading