Author's Profile Photo

စာကြမ်းပိုး

15/03/2024

ချောင်းဆိုးပျောက်ဆေးများ

1 min read
Life Style
Health
General Knowledge
ချောင်းဆိုးပျောက်ဆေးများ's photo



စျေးကွက်ထဲတွင် အရောင် အမျိုးမျိုး အနံ့အရသာ အမျိုးမျိုးဖြင့် နေရာယူနေသော ဆေးများအနက် ချောင်းဆိုး ပျောက်ဆေးများသည်လည်းတစ်ခုအပါအဝင်ဖြစ်သည်။

ယင်းတို့ကိုတံဆိပ်အမျိုးစုံဖြင့်တင်သွင်းကြပါသည်။Brand အပေါ်မူတည်၍ စျေးနှုန်း အမျိုးမျိုးဖြင့် လည်း ရပ်တည်လျက်ရှိကြပါသည်။
" ချောင်းဆိုးပျောက်ဆေး" ဟု ဆိုလိုက်သည်နှင့် အားလုံးတူညီသည်တော့မဟုတ်ပါ။ပါဝင်ပစ္စည်းကို ဖတ်ကြည့်ပြီး မိမိရောဂါနှင့်ကိုက်ညီသော ဆေးကို ဝယ်ယူ သင့်ပါသည်။

ဒက်စထရိုမီသော်ဖန် (dextromethophan) ကိုဒင်း (codene) ကဲ့သို့သော အိပ်ငိုက်မှုကို အားပေးသော အရာများ ဒိုင်ဖန်ဟိုက်ဒရာမင်း (diphenhydramine ) များကို ဆေးဘူး အခွံတွင် ပါဝင်ပစ္စည်း အဖြစ်ရေးထားပါက သလိပ်မပါပဲ ချောင်းခြောက် ဆိုးခြင်း အတွက် ပိုမိုသင့်လျော်ပါသည်။

dextromethophan ၏ အာနိသင်မှာ ဦးနှောက် အတွင်းရှိ ချောင်းဆိုးစေသည့်အာနိသင်ကိုဟန့်တားလိုက်ခြင်းဖြစ်သည် ။ dextro ကို ဆေးလုံးပုံစံ15mg သောက်ဆေးများအဖြစ်တွေ့ရတတ်ပြီး တစ်နေ့လျှင် သုံးကြိမ်သောက်ရန် ညွှန်ကြားလေ့ရှိကြပါသည်။သို့သော် ချောင်းဆိုးခြင်းကို ပိတ်ပင်တားဆီး၍ ချွဲသလိပ်မထွက်ခြင်းကြောင့် အချို့သောရောဂါများ (ဥပမာ -နာတာရှည် လေပြွန်ရောင်ရောဂါ နှင့် အဆုတ်ရောင်ရောဂါ) တို့ကို ပိုဆိုးစေပါလိမ့်မည်။

ချောင်းဆိုးပျောက်ဆေးရည်များတွင်လည်း dextro ပါဝင်တတ်ပါသည်။ antihistamine (ဟစ္စတမင်းဖြေဆေး) diphanhydramine က လည်ချောင်းယားယံမှုကို သက်သာစေပါလိမ့်မည်။
ဘရွန်ဟက်ဆင်း(bromhexine) ပါဝင်ပါက ပျစ်ခဲ၍ ကပ်နေသော သလိပ်များ၏ စေးပျစ်နှုန်း (viscosity,) ကို လျော့ပါးစေပြီး သလိပ်များကို ချေဖျက်ပေးပါသည်။

အမိုနီယမ် ကလိုရိုဒ် (ammonium chloride) ဆိုဒီယမ် စစ်ထရိတ်(sodium citrate) ကဲ့သို့သော saline expectorant ဟုခေါ်သည့် အရာများ ပရုတ်အေး (menthol) ပရုတ်ပူ (camphol)များ ယူကလစ်ဆီ (Eucalyptus oil) ကဲ့သို့ အငွေ့ပျံလွယ်သော အဆီများက လည်ချောင်းယားခြင်းကို သက်သာစေကာ သလိပ်များ အကုန်အစင်ထွက်စေရန်အားပေးပါသည်။သလိပ်ကပ်၍ ချောင်းဆိုးခြင်းများအတွက် သင့်လျော်ပါသည်။

တစ်ချို့ချောင်းဆိုး ပျောက်ဆေးများတွင် ကျွန်မတို့ ဘာမီတွန်ဟု ခေါ်တတ်ကြသည့် ကလိုဖီနယ်ရမင်း (chlorphineramin) လည်းပါဝင်တတ်သည်။အချို့တွင်မူ အယ်လ်ကိုဟော (alcohol) ပါဝင်ပါသည်။အချို့ချောင်းဆိုးပျောက်ဆေး များတွင်မူ လေပြွန်များကိုကျယ်စေကာ ပန်းနာရင်ကြပ်ကို သက်သာစေသည့် (သို့သော်ရင်တုန်တတ်သည်) salbutamol ကို ထည့်သွင်းဖော်စပ်ထားသည်ကို သတိပြုမိပါသည်။

ချောင်းဆိုးပျောက်ဆေးရည်များကို တစ်ခါသောက်လက်ဖက်ရည်ဇွန်းတစ်ဇွန်း (၅စီစီ) တစ်နေ့သုံးကြိမ် သောက်ရန်ညွှန်ကြားလေ့ရှိပါသည်။

Ref;
Third year pharmacogy lecture notes(pharmacology volume 2)
University of pharmacy ,(Yangon) မှအချက်အလက်အချို့ကို ဘာသာပြန်ကောက်နှုတ်ထားပါသည်။

စာကြမ်းပိုး
www.wuthmonela.blogspot.com

Keep Reading

ပျော်စရာနေ့စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးဆင်းရဲသားလေး ဂျက်လန်ဒန်မရိုးတရိုးကမ္ဘာ့နိုင်ငံရေးဆိုင်ရာအတွေးခေါ်များ (မြင့်စိုးလှိုင်)❝ မသိမှု ဝတ်ရုံကြီး ❞လီယိုတော်စတွိုင်းနှင့် ဘူတာရုံပြသနာစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်လေးဆယ် - အလိုကြီးအရနည်း အာရုံစူးစိုက်မှု