Author's Profile Photo

မြ (စံကားဝါမြေ)

20/08/2024

ဦးနှောက်မှတ်ဉာဏ်ကို မထိခိုက်၊ မပျက်စီးချင်ရင် ဒီ(၃)ချက်ကိုရှောင်ပါ။

2 mins read
Life Style
Health
18 Again
ဦးနှောက်မှတ်ဉာဏ်ကို မထိခိုက်၊ မပျက်စီးချင်ရင် ဒီ(၃)ချက်ကိုရှောင်ပါ။'s photo

ဦးနှောက်ဆိုတာက မြတို့တွေ နေတာ၊ ထိုင်တာ၊ သွားတာ၊ လာတာ၊ စားတာ၊ သောက်တာကနေ နောက်ဆုံး အသက်ရှုတာအထိ မြတို့ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေအားလုံးနီးပါးကို ထိန်းချုပ်ပေးနေတဲ့ အလွန်အင်မတန်မှ အရေးကြီးတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်ရှင်။

မြတို့လူတွေက ဦးနှောက်က အရေးကြီးမှန်းတော့ သိပါတယ်။ ဒါပေမဲ့ ဦးနှောက်ကို ထိခိုက်ပျက်စီးစေမယ့် အပြုအမူတွေကို နေ့စဉ်နဲ့အမျှ လုပ်နေမိတာကိုတော့ သတိမထားမိကြပါဘူး။

တစ်ချို့အပြုအမူတွေက ဦးနှောက်နဲ့အာရုံကြောကို ထိခိုက်ပျက်စီးဆုံးရှုံးရုံသာမက အသက်ဆုံးရှုံးတဲ့အထိကို ဖြစ်စေနိုင်ပါတယ်ရှင်။ ဒါ့ကြောင့် မြရဲ့ ဒီနေ့ ဆောင်းပါးလေးထဲမှာ ဦးနှောက်ကို ပျက်စီးစေမယ့် အချက်(၃)ချက်ကို မြရဲ့စာဖတ်သူလေးတွေ ရှောင်ကြဉ်နိုင်ဖို့ရာ ရေးသားမျှဝေပေးလိုက်ရပါတယ်ရှင်။

ပထမအချက်လေးကတော့

(၁) ခေါင်းကို စောင်ခြုံပြီး အိပ်ခြင်း

စာဖတ်သူလေးတွေ ညအိပ်ရာဝင်ကြတဲ့အခါ တစ်ခါတလေမှာ ခေါင်းမြီးခြုံပြီး အိပ်ကြပါလိမ့်မယ်။ မြလည်း အိပ်မိပါတယ်။ မြက ဘယ်ချိန်လဲဆိုတော့ ဉာဉ့်နက်ထိ ဖုန်းခိုးသုံးနေမိတဲ့အခါ အမေသိမှာကြောက်လို့ ခေါင်းမြီးခြုံပြီး ဖုန်းသုံးရင်းနဲ့ အိပ်ပျော်သွားတတ်တာပါ။

တကယ်တော့ ခေါင်းမြီးခြုံပြီး အိပ်တာက မိမိရှူထုတ်လိုက်တဲ့လေကိုပဲ မိမိကပြန်ရှူနေရတာဖြစ်ပြီး စောင်ရဲ့အပြင်ဘက်က လေကောင်းလေသန့်ကို မရရှိတဲ့အတွက် အောက်ဆီဂျင်ပမာဏနည်းပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်ပမာဏများလာတာဖြစ်ပါတယ်။

ခေါင်းမြီးခြုံပြီး အိပ်ခြင်းရဲ့ အကျိုးဆက်တွေကတော့ ဦးနှောက်ရဲ့ 23%ကို ထိခိုက်ပျက်စီးစေတယ်လို့ သုတေသနစစ်တမ်းများအရ သိရပါတယ်ရှင်။ ဒါ့အပြင် နောက်ဆက်တွဲရောဂါတွေဖြစ်ကြတဲ့ Dementiaလို့ ခေါ်တဲ့ မေ့လွယ်တဲ့ရောဂါနဲ့ Alzheimer's Diseaseလို့ ခေါ်တဲ့ သတိမေ့တဲ့ရောဂါတွေကိုပါ ဖြစ်စေနိုင်ပါတယ်ရှင်။

ဒုတိယအချက်လေးက

(၂) ရေဓာတ်ဆုံးရှုံးခြင်း

မြတို့နေထိုင်တဲ့ ကမ္ဘာကြီးရဲ့ (၃)ပုံ (၂)ပုံကို ရေထုကြီးနဲ့ ဖွဲ့စည်းထားတာကို ကျောင်းသား/သူတိုင်းကအစ လူတိုင်း သိကြပါလိမ့်မယ်။ ထိုနည်းတူပါပဲ မြတို့ရဲ့ ခန္ဓာကိုယ်ကြီးဟာလည်း ရေထု (၃)ပုံ (၂)ပုံနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်ရှင်။ မြတို့ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အရေးအကြီးဆုံး အစိတ်အပိုင်းဖြစ်တဲ့ ဦးနှောက်ရဲ့ (၄)ပုံ (၃)ပုံကို ရေထုနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်ရှင်။

ရေထုခမ်းခြောက်သွားရင် ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေက နှေးကွေးသွားတဲ့အပြင် ဦးနှောက်ရဲ့ အရွယ်အစားကလည်း တဖြည်းဖြည်းချင်း ကျုံ့သွားနိုင်ပါတယ်ရှင်။ မြလည်း ရေသောက်နည်းတဲ့သူတစ်ယောက်ဖြစ်လို့ ရေသောက်မနည်းရလေအောင် ဂရုတစိုက် သောက်ယူနေသူတစ်ဦး ဖြစ်ပါတယ်ရှင်။

နောက်ထပ် ရရှိလာနိုင်မယ့် ဆိုးကျိုးတွေကတော့ ဝမ်းချုပ်မယ်၊ အသားအရည်ခြောက်သွေ့လာမယ်၊ ခေါင်းကိုက်၊ ခေါင်းအုံခြင်းတွေ ဖြစ်လာမယ်။ ဒါ့ကြောင့် ရေများများသောက်ပြီး အရည်ရွှမ်းတဲ့ သစ်သီးတွေကို စားရင်းနဲ့ မြတို့ရဲ့ အဖိုးတန်ဦးနှောက်လေးကို ဂရုစိုက်ကြရအောင်နော်။

နောက်ဆုံး အရေးကြီးဆုံးအချက်ကတော့!!

(၃) အိပ်ရေးပျက်ခြင်း

ဒါကတော့ မြတို့လူငယ်တွေအတွက် အမြဲဖြစ်နေပြီး ပြင်ဖို့ခက်နေတဲ့ အကျင့်ဆိုးလေးတစ်ခုပေါ့ရှင်။ ယခုဖုန်းခေတ်မှ ဖုန်းခေတ်ကို ရောက်လာတဲ့အခါ ညသန်းခေါင်ကျော် (၁)နာရီ၊ (၂)နာရီထိ အိပ်ရေးပျက်ခံပြီး ဂိမ်းဆော့ကြ၊ Chattingထိုင်ကြ၊ Social Mediaလေးတွေမှာ နှပ်နေကြနဲ့ ဖုန်းကို အရူးအမူး စွဲလန်းနေကြတာပေါ့ရှင်။ (ဒီထဲမှာ မြလည်း ပြင်ဖို့ကြိုးစားနေပေမယ့် ပြင်မရဘဲ အကျင့်ဆိုးလေးကို သဘောကျနေမိတဲ့သူတစ်ယောက်ပါပဲရှင်။)

အဲဒီလို အိပ်ရေးပျက်တဲ့ရက်တွေများလာတဲ့အခါ ဦးနှောက်ရဲ့အမြှေးပါးလုပ်ဆောင်ချက်တွေ အားနည်းလာပြီး

◆ အာရုံစူးစိုက်ရခက်လာခြင်း၊
◆မကောင်းတဲ့ စိတ်ခံစားချက်တွေ များလာခြင်း၊
◆ စိုးရိမ်ပူပန်လာခြင်း၊
◆ Depression ဝင်လာကြခြင်း၊
◆ စိတ်ဆိုးဒေါသထွက်လွယ်ခြင်း၊
◆ သင်ယူတတ်မြောက်မှု နှေးကွေးခြင်း၊
◆ ကျန်းမာရေးထိခိုက်လာခြင်းအစရှိတဲ့ မကောင်းသောအကျိုးဆက်များကို ခံစားရစေနိုင်ပါတယ်ရှင်။

ဆိုတော့ မြပြောခဲ့တဲ့ အချက်လေး(၃)ချက်‌ကို မြနဲ့တူတူ Day-(1)မှ Day-(3)ထိ၊ Day-(3)မှ 1 weekထိ၊ 1 weekမှ 2 weeks (or) 15 Daysထိကို Step by step ရှောင်ကြဉ်ပြီး မြတို့ရဲ့ ဦးနှောက်ကျန်းမာရေးကို ဂရုလိုက်ကြရအောင်နော်။

စာဖတ်သူများအားလုံးကို ချစ်ခင်လေးစား ကျေးဇူးတင်လျက်.....

✍️ မြ (စံကားဝါမြေ)

#SarPhat
#Mya_Kyaukpadaung
20.8.2024(Tuesday)

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးပဲဟင်းတစ်ခွက် ဂုဏ်ယူလျက်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအဆုံးသည်......စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းအသစ်နှင့်အဟောင်းပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းစာဖတ်ခြင်းအလေ့အကျင့်ကို မြှင့်တင်ပေးမယ့် နည်းလမ်းကောင်းများ...ရပ်တန့်ရမယ့်အချိန်