Phoo Thitsar Nyo
ကျွန်မတို့တွေဟာ ကိုယ်တိုင်တောင်
သေချာသတိမထားမိပါဘဲ အတွေးတွေအများရီးတွေးတတ်ကြပါတယ်...
အဲ့ဒီအခါမှာ တချို့သောလူအများစုဟာ
ကောင်းတာတွေထက် မကောင်းတာတွေကို
ပိုပြီးတွေးတတ်ကြပါတယ်...
ဒါ့အပြင် ကိုယ့်ကိုယ်ကိုလည်း
မကောင်းတဲ့စကားတွေကိုပဲ ပြန်ပြောတတ်ပါတယ်...
ဥပမာ - ငါက ညံ့တယ်၊ ငါက အသုံးမကျဘူး၊
ငါက ကံဆိုးလိုက်တာ စသဖြင့်ပေါ့နော်...
ဒါပေမဲ့ အားလုံးသတိမထားမိတာက
ကျွန်မတို့ရဲ့အတွေးတွေဟာ
ကျွန်မတို့ရဲ့ တကယ့်လက်တွေ့ဘဝမှာ
သက်ရောက်တယ်ဆိုတာပါပဲ
ဒီလိုပြောရင် တချို့က လက်ခံချင်မှ လက်ခံပါလိမ့်မယ် ဒါပေမဲ့ ဒါက အမှန်တရားပါ
ကျွန်မတို့ဟာ ကျွန်မတို့ရဲ့အတွေးတွေကို
ဆွဲဆောင်မှုရှိတဲ့အရာလို့သဘောထားကြည့်လိုက်ပါ...
အကယ်၍သာ ကျွန်မတို့က
ကောင်းတာတွေကို တွေးမယ်ဆိုရင်
ကောင်းတဲ့အရာတွေကို ဆွဲဆောင်မိပါလိမ့်မယ်...
ဘာသာရေးသဘောတရားအရကြည့်ကြမယ်ဆိုပါစို့...
"ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်၊
မကောင်းတာလုပ်ရင် မကောင်းတာဖြစ်မယ်"
ဒီလိုပါပဲ
ကောင်းတာတွေ တွေးတဲ့အခါ
ကောင်းတာတွေကို လုပ်မိမယ်၊ ပြောမိမယ်
အဲ့ဒီအခါ ကောင်းတာတွေ ရောက်ရှိလာပါလိမ့်မယ်
ကဲ ဒီတော့ အတွေးတွေကိုသတိထားပါ...
ကောင်းတာတွေ များများတွေးပေးပါ...
ကောင်းတာတွေကို များများလုပ်ပါ...
ဒီလိုဆိုရင် ကောင်းတာတွေ ဖြစ်လာမှာပါ
အခုလို အချိန်ပေးပြီး ဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင့်...
အကျိုးရှိစေမယ့် စာလေးဖြစ်ဖို့လည်း
မျှော်လင့်မိပါတယ်ရှင်
- ဖူးသစ္စာညို
20.8.2024 (12:50 p.m Tuesday)
Keep Reading