Author's Profile Photo

Lunar

19/08/2024

သွေးလွန်တုပ်ကွေးအကြောင်းသိကောင်းစရာ

2 mins read
Life Style
Health
General Knowledge

သွေးလွန်တုပ်ကွေးရောဂါသည် ခြင်ကိုက်ခြင်းမှ ဖြစ်ပေါ်သည့်ဗိုင်းရပ်စ်​​တစ်မျိုးဖြစ်သည်။။  အဆိုပါရောဂါသည် အရှေ့တောင်အာရှ၊ ပစိဖိတ်ကျွန်းစုများ၊ ကာရေဘီယံ၊ အာဖရိကနှင့် အလယ်ပိုင်းနှင့် တောင်အမေရိက၏ အစိတ်အပိုင်းများအပါအဝင် အပူပိုင်းနှင့် အပူပိုင်းဒေသများတွင် အဖြစ်များသည်။2023 ခုနှစ်တွင် သွေးလွန်တုပ်ကွေးဖြစ်ပွားမှု အမြင့်ဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး WHO ၏ ဒေသအားလုံးရှိ နိုင်ငံပေါင်း 80 ကျော်ကို ထိခိုက်ခဲ့သည်။  2023 ခုနှစ်အစပိုင်းမှစတင်၍ ဆက်လက်ကူးစက်မှုဖြစ်ပွားနေပြီး မမျှော်လင့်ထားသော သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုနှင့်အတူ ကူးစက်ခံရသူပေါင်း 6.5 သန်းကျော်နှင့် သွေးလွန်တုပ်ကွေးနှင့်ဆက်စပ်သေဆုံးသူ 7300 ကျော် သမိုင်းဝင်ဖြစ်ခဲ့သည်။

သွေးလွန်တုပ်ကွေးရောဂါ အများအပြားသည် ရောဂါလက္ခဏာမပြဘဲ သို့မဟုတ် အပျော့စားဖျားနာမှုသာ ဖြစ်ပွားသော်လည်း ဗိုင်းရပ်စ်သည် ရံဖန်ရံခါ ပိုမိုပြင်းထန်သော ရောဂါဖြစ်ပွားမှုများနှင့် သေဆုံးသည်အထိ ဖြစ်စေနိုင်သည်

? သွေးလွန်တုပ်ကွေးအဆင့် တစ်

သွေးလွန်တုပ်ကွေးအဆင့်တစ်သည် ရိုးရိုးတုပ်ကွေးဖျားနှင့်ဆင်တူသည်။ရောဂါဝေဒနါများမှာ ခေါင်းကိုက်၊ကိုယ်လက်နာခြင်းများဖြစ်သည်။ရိုးရိုးဖျားနာမှုနှင့်ဆင်တူသောကြောင့် သွေးလွန်တုပ်ကွေးမှန်း သတိမထားမိတတ်ကြပါ။

? သွေးလွန်တုပ်ကွေးအဆင့်နှစ်

သွေးလွန်တုပ်ကွေးအဆင့်နှစ်ဖြစ်လျှင် အနီစက်များထွက်ပေါ်လာတတ်သည်။အလိုအလျောက် သွေးယိုစိမ့်မှု၊နှာခေါင်းသွေး၊သွားဖုံးသွေးယိုမှုနှင့် ကော်ဖီရောင်အန်ခြင်းများဖြစ်ပေါ်လေ့ရှိသည်။

? သွေးလွန်တုပ်ကွေးအဆင့်သုံး

သွေးလွန်တုပ်ကွေး အဆင့်သုံးသည် စဖျားပြီးသုံးရက်မှ ခြောက်ရက်အတွင်းသွေးယို/ သွေးလန့်ခြင်းခြင်းများဖြစ်နိုင်သည်။သွေးမလန့်ခင် အဖျားကျသွားတတ်သည်။သွေးပေါင်ချိန်များ စကျလာမည်။

? သွေးလွန်တုပ်ကွေးအဆင့်လေး

သွေးလွန်တုပ်ကွေးအဆင့်လေးဖြစ်ပွားချိန်တွင် သွေးလန့်ခြင်း၊သွေးပေါင်ချိန်ကျခြင်းများဖြစ်ပေါ်သည်။ဆီးနည်းပြီး ခြေဖျား၊လက်ဖျားများအေးတတ်သည်။သတိလစ်သည့်အဆင့်ထိ ဖြစ်ပေါ်နိုင်သည်။

?ရောဂါဝေဒနာစားရလျှင်

❌အညိုရောင်၊အမဲရောင်ပါသောအစားအစာနှင့် အရည်များတိုက်ကျွေးခြင်းကိုရှောင်ကြဥ်ပါ။အဘယ်ကြောင့်ဆိုသော် အော့အန်ခြင်းများဖြစ်ပါက သွေးနှင့်​ ဝေခွဲရခက်ခြင်းကြောင့်ဖြစ်သည်။Gasပါသော အချိုရည်များ တိုက်ခြင်းကိုလည်းရှောင်ကြဥ်ပါ။

✅အစာကြေလွယ်သည့်အစားအစာများ၊ရေများတိုက်ကျွေးနိုင်ပါသည်။ဒါ့အပြင် ဆန်ပြုတ်စ၊ွပ်ပြုတ်၊ဓာတ်ဆားရည်၊နွားနို့များလည်း တိုက်ကျွေးနိုင်ပါသည်။

?စဖျားပြီး သုံးရက်မြောက်နေ့မှခြောက်ရက်မြောက်နေ့အထိသည် အရေကြီးသောကာလဖြစ်သည်။

?ကာကွယ်ရန်နည်းလမ်းများ

အင်္ကျီရှည်၊ဘောင်းဘီရှည်တွေ ဝတ်ခြင်းဖြင့် ခြင်အန္တရာယ်ကနေ ကာကွယ်နိုင်ပါသည်။ထို့ပြင် ကာကွယ်ခြင်းတွင် ခြင်ဆေးခွေ၊ခြင်လိမ်းဆေးများကိုလည်း အသုံးပြုနိုင်ပါသည်။
​အိပ်သည့်အခါတိုင်း ခြင်ထောင်နှင့် အိပ်စက်အနားယူခြင်းဖြင့် ခြင်အန္တရာယ်ကို ကာကွယ်နိုင်သည်။

နောက်ပြီးသွေးလွန်တုပ်ကွေးကာကွယ်ရေးနှိမ်နှင်းရေးလုပ်ငန်းများ လုပ်ဆောင်ခြင်းဖြင့်ကွယ်နိုင်သည်။
ကာကွယ်နှိမ်နှင်းရေးလမ်းစဥ်ဆိုသည်မှာ အားလုံးသိတဲ့အတိုင်း -
ဖုံး၊သွန်၊လဲ၊စစ်၊ခတ်၊လောင်း၊ထောင်၊မြှုပ်၊ဖွင့်၊ရှင်း၊ထည့် ပင်ဖြစ်သည်။

ဖုံး -ရေစည်၊ရေအိုး၊ရေကန်များကို လုံခြုံစွာ ဖုံးအုပ်ပါ။

သွန်- ရေ ခွက်၊ရေအိုး၊ဘုရားပန်းအိုး အတွင်ပိုင်းကို တိုက်ချွတ်၍ တစ်ပတ်တစ်ကြိမ် ရေသွန်ပါ။

လဲ- ဘုရားပန်းအိုးရေတွေကိုလည်း တစ်ပတ်တစ်ခါ ရေလဲပါ။

စစ်- ရေတွေကိုစစ်ပါ၊ရေရှားသောနေရာများတွင် ပိုးလောက်လန်းမပါအောင် ရေကိုစစ်ပြီးမှ သောက်ပါ။

ခတ်- ရေမလှယ်နိုင်သည့် အုတ်ကန်များတွင် ပိုးလောက်လန်းသေဆေး ခတ်ပါ။

လောင်း - ကြောင်အိမ်အောက်ခံများထဲသို့ ဆား၊ဓာတ်ဆီ၊ဒီဇယ် ၊အင်ဂျင်ဝိုင် အဟောင်းများ လောင်းထည့်ထားပါ။

ထောင်-ဘယ်အချိန်၊ဘယ်နေရာမှာအိပ်အိပ် ခြင်ထောင်​ ထောင်အိပ်ပါ။

မြှုပ်- မိုးရေတင်ကျနိုင်သည့် ပုလင်းခွံ့၊တာယာအဟောင်းတွေကို မြေကြီးတွင် တွင်းတူး၍ စနစ်တကျမြှုပ်ပါ။

ဖွင့်-ခြင်မခိုစေဖို့ နေ့ခင်းပိုင်းတွင် အလင်းရောင်ကောင်းစွာရရန် ပြတင်းပေါက်များကို ဖွင့်ပါ။

ရှင်း-ခြင်မခိုစေရန် အိမ်တွင်းအိမ်ပြင် ကို ရှင်းပါ။

ထည့်-ရေလှောင်ကန်ကြီးများတွင် ပိုးလောက်လန်းစားငါးသေးသေးလေးများငို ထည့်ထားပါ။

သွေးလွန်တုပ်ကွေးရောဂါသည် အဖြစ်များသော ကူးစက်ရောဂါတစ်မျိုးဖြစ်သည်။ထိုရောဂါ အဓိကဖြစ်ပွားခြင်းမှာ ခြင်ကိုက်ခံရသောကြောင့်ဖြစ်သည်။ခြင်မရှိလျှင် ထိုရောဂါမရှိနိုင်ပါ။ထို့ကြောင့် ခြင်မျိုးပွားမှုမရှိအောင် ကာကွယ်ဆောင်ရွက်ရမည်။ရောဂါမဖြစ်သေးရင်လည်း ရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်ရမည်။ရောဂါဝေဒနါကို ခံစားရသည်ဆိုလျှင်လည်း ဆေးကုသမှုခံယူသင့်သည်။ထို့ကြောင့် သွေးလွန်တုပ်ကွေးကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများကို အိမ်တိုင်းအိမ်တိုင်း တက်ညီလက်ညီအတူတကွ ဆောင်ရွက်လျှင် ရောဂါဖြစ်ပွားမှု လျှော့ကျလာမည်ပဲဖြစ်ပါတော့သည်။

#ချစ်ခြင်းမေတ္တာဖြင့်

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစိတ်ညစ်စရာကြားကဆေးတစ်ခွက်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)