Author's Profile Photo

REN

19/08/2024

ဖောက်ပြန်မှုနှင့်ယုံကြည်မှု

1 min read
Life Style
General Knowledge
18 Again
ဖောက်ပြန်မှုနှင့်ယုံကြည်မှု's photo

မိသားစု တစ်စု ပြိုကွဲရင် အရမ်း ကြောက်ဖို့ကောင်းတာပဲ
ဘာကြောင့်လဲ ချစ်ချစ် ခင်ခင်နဲ့ တည် ထောင်ခဲ့ကြတဲ့ မိသားစု ဘယ်လို အကြောင်းတွေကြောင့် ပျက်စီးကြသလဲ စဉ်းစားစရာပါပဲ....

REN တို့တွေ အပြင်လောကမှာ မိသားစု ပြိုကွဲကြတာတွေ အများကြီး တွေ့ ကြုံ ဖူးကြပါတယ်
လက်ထက်ပြီး သားသမီးယူပြီး မှ သဘောထား မတိုက်ဆိုင်လို့ ကွဲကြတာတွေ
ယောက်ျား ရဲ့ ဒဏ် မခံနိုင်လို့ မိန်းမ ဒဏ်မခံနိုင်လို့ ကွဲကြတာတွေ အများကြီးပါပဲ
အာ့ထဲက အဆိုးရွားဆုံးကဝောာ့ အိမ်ထောင်ရေးဖောက်ပြန်မှုပဲ
ကိုယ်ချစ်လို့ ယူထားတဲ့ ချစ်သူ လက်တွဲဖော်နဲ့ ပေါင်းသင်း နေထိုင်ရပြီပဲ ဘာကြောင့်များ အိမ်ထောင်ရေး ဖောက်ပြန်ချင်နေရကြတာလဲ
ခုခေတ် အိမ်ထောင်ရေး ဖောက်ပြန်မှုတွေက ထမင်းစား ရေသာက် သာသာ လိုလဲ အလွယ်လေး ဖစ်နေကြတယ်
တစ်လင်တစ်မယား စနစ် ကို ကျင့်သုံးဖို့ အလွန် ခဲယဉ်းလာကြတဲ့ပုံပါပဲ

မိသားစု ထဲမှာ တစ်ဦးတစ်ယောက် ဖောက်ပြန်ပြီစို ယုံကြည်မှု စတင်ပြိုကွဲတော့တာပါပဲ
ကိုယ်က ခနတာပျော်ရွှင်ချင်လို့ ဖောက်ပြန်မိသွားတယ် နောက်မှနောင်တရလို့ ပြန်ပြင်ချင်ရင်တော့အလကားပဲ
မိန်းမပဲဖြစ်ဖြစ် ယောက်ျားပဲ ဖြစ်ဖြစ် ဖောက်ပြန်ခဲ့ရင်
မိသားစု ပျက်စီဖို့က အလွယ်လေးပါပဲ

ခံရတဲ့သူက သူ့ရင်ထဲ ဘယ်လောက်ထိ နာကျင်ခံစားနေရမလဲ
သားသမီးလေးတွေနဲ့ မိသားစု စိုတဲ့ အသိုက်အမြုံလေးကို တည်ထောင်ခဲ့ပြီးပြီလေ
ဘာကြောင့်သူ က အာ့လို လုပ်ရတာလဲ ဆိုတဲ့ အတွေးကြီးက ခံရတဲ့ သူတွေအတွက် မချိမဆန့် နာကျင်ခြင်းပါပဲ

သူတို့မှာသိသိရက်နက် ခွင့်လွတ်ပေးရတယ်
ဘာကြောင့်လဲ..?
ကလေးတွေ ရှိလို့ ကလေးတွေကို မျက်နှာ မငယ်စေချင်လို့
ဒါပေမဲ့ ခံရတဲ့သူရဲ့ ရင်ထဲမှာ ယုံကြည်ချက်က‌ေတာ့ပျောက်ကွယ်သွားစေတယ်
ကိုယ်က ဖောက်ပြန်မိတာကို နောင်တ ရလို့ ပြန်ပြင်ချင်ရင်တောင် ခံရတဲ့သူရဲ့ ယုံကြည်ချက်က်ုတော့ ပြန်ရမှာ မဟုတ်တော့ဘူး
မင်းဘာပဲ လုပ်လုပ် သူ့ရင်ထဲ ဒီလို ပဲ ထင်နေမှာပဲ
မင်းက သူ့နောက်ကွယ်မှာ ဖောက်ပြန်နေလို့ မျက်နှာချို သွေးနေတာ စသဖြင့်ပေါ့

ဘယ်လာက်ကြောက်ဖို့ကောင်းသလဲ
မိသားစုထဲ ယုံကြာ်မှု ပျက်ပြားသွားရငါ ဘယ်အရာနဲ့မှ ကယ်လို့ မရတော့ဘူး

REN ပြောချင်တာတော့ ကိုယ်တည်ထောင်ထားတဲ့ မိသားစုကို ယုံကြည်မှု/သစ္စာရှိမှု စည်း လေးနဲ့ တည်ထောင်စေချင်တယ်
မိသားစု တစ်စု ပြိုကွဲသွားရင် ကလေးတွေအတွက် အရမ်း နစ်နာပါတယ်
ကလေးတွေကို စိတ်ဒဏ်ရာ မပေးမိကြပါစေနဲ့

ချစ်လို့ တန်ဖိုးထားချင်လို့ ကိုယ်ကိုယ်တိုင် တည်ထောင်ခဲ့တဲ့ မိသားစု အသိုက်မြုံလေးကို ကိုယ်ကိုယ်‌တိုင် ဖျက်စီးမမိပါစေနဲ့........

#REN
ကိုယ့်တွေ့ဆောင်းပါး





Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်အပေါ်ယံသမားစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)