Author's Profile Photo

Noon (နွန်း)

18/08/2024

I Love Me Part-2 ကိုယ့်ကိုယ်ကို ချစ်ပါ

3 mins read
Life Style
Education
General Knowledge
I Love Me Part-2 
ကိုယ့်ကိုယ်ကို ချစ်ပါ's photo


ကိုယ့်ကိုယ်ကို ချစ်အောင်နေနည်း

ချစ်ခြင်းမေတ္တာကိုခံစားနိုင်ဖို့ သတ္တဝါတွေ မွေးဖွားလာတာပါ။ ချစ်ခြင်းအမျိုးအစားဟာ အမျိုးမျိုးရှိတယ်။ချစ်ခြင်းတွေထဲမှာ မေ့နေတတ်တာက ကိုယ့်ကိုယ်ကိုယ် ချစ်ဖို့ပါ။

အချစ်ဆိုတာပျောက်ပြယ်သွားတတ်ပေမဲ့ ကိုယ့်ကိုကိုယ်ချစ်တတ်တဲ့ အချစ်ဟာ မပျောက်ပျက်သွားဘူးဆိုတာ သတိထားမိတယ်မလား 
ကိုယ့်ကိုကိုယ် ချစ်တာဟာ အချစ်ကိုအဆုံးရှုံး မခံရတော့ဘူးလေ အသဲလည်းကွဲစရာမလိုတော့ဘူး
ဒါကြောင့် ကိုယ့်ကိုယ်ကိုသာ ချစ်ပါ။



၁။ အတိတ်က ကိုယ့်လုပ်ခဲ့တဲ့အမှားတွေကို ခွင့်လွှတ်လိုက်ပါ။

ခွင့်လွှတ်ပါလို့ ပြောတာက ပြီးစလွယ် လက်လွတ်ခိုင်းတာ မဟုတ်ပါဘူး။ အမှန်ပြင်တတ်ဖို့ ပြောတာပါ။
ဒီအမှားကို လုပ်မိပါတယ်။ ကိုယ့်ကိုယ်ကို စိတ်ထဲ ခွင့်မလွှတ်နိုင်ဖြစ်နေတယ်။ အမှန်အတိုင်းဝန်ခံလားဆိုတော့လည်း ဝန်မခံဘူး။ တောင်းပန်သင့်တဲ့အရာဆို တောင်းပန်ပြီး စိတ်ပေါ့ပါးသွားအောင် နေရင် အဆင်ပြေပြီလေ။ ဒါကို ကိုယ့်စိတ်ကို ခွင့်မလွှတ်နိုင်ဖြစ်နေတယ်။ အချိန်တွေ ကြံ့ကြာလာတော့ ရောဂါတစ်ခုလို ဖြစ်လာပါရော။

၂။ကိုယ့်ဘဝမှာ ဘယ်‌တော့မှ နောင်တမရအောင် နေတတ်အောင်နေပါ။

အမှန်အတိုင်းပြောရရင် နွန်းက ကိုယ်လုပ်ခဲ့တဲ့ အရာတွေအတွက် ဆွဲထားပြီးနောင်တရမနေတတ်ဘူး။
နွန်းရဲ့ အစ်မကလည်း နွန်းကို ကိုယ်လုပ်တဲ့ အရာအတွက် ဘယ်တော့မှ နောင်တမရအောင် နေပါဆိုပြီး အမြဲပြောခဲ့တယ်။
ဘာလို့နောင်တမရအောင်နေလဲ ဆိုတော့ အမှားကို အမှန်ပြင်တတ်မှ ကိုယ့်ဘဝတက်လမ်းကိုမြင်ပြီး ရှေ့ဆက်နိုင်မှာ။ နွန်းတို့က်ိုယ်တိုင် မမြင်ရပေမဲ့ ရှေ့ဆက်ဖို့အတွက် ခရီးလမ်းကြောင်း အရှည်ကြီးရှိသေးတယ်။ ပြောပြရရင် သေသည်အထိ အသက်ဆက်ရှင်ဖို့ ရှိသေးတယ်။
နောင်တရတာနဲ့ အချိန်ကုန်နေရင် အဲဒီလမ်းခုလတ်မှာတင် ရပ်နေမယ်။ ဒါကြောင့် ကိုယ်လုပ်ခဲ့တဲ့ အရာအတွက် နောင်တမရစေနဲ့။

၃။ အတိတ်ကို စွန့်လွှတ်ပြီး ပျော်ပျော်နေလိုက်ပါ။

ငါအဆင်မပြေနေပါဘူး။ ငါစိတ်ညစ်တယ်။ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဖြစ်နေပြီ။ ဘာညာညာနဲ့ စိတ်သောကရောက်ပြီး အချိန်တွေ ကုန်နေရော။
အဲဒီသောကတွေကို စွန့်ပစ်လိုက်ပါ။ အသားကုန် အော်ရင် အော်ထည့်ပြီးစွန့်ပစ်လိုက်ပါ။ အဲလိုမှ မရသေးဘူးဆို ငိုပစ်လိုက်ပါ။အဲဒါမှ မရသေးရင်
ရာဘာ ဘော်လုံး ပါးပြဲတဲ့အထိ ဝယ်မှုတ်ပြီး မိုးပေါ်လွင့်ပစ်။ ပြီးရင် အိပ်ပစ်ပြီး နောက်တစ်ရက်မှာ ကိုယ်လုပ်ရမဲ့ ကိစ္စတွေကို အစီအစဉ်ချလိုက်ပါ။
ပြီးရင် ကိုယ့်အလုပ်နဲ့ကိုယ် ပျော်လိုက်၊ စိတ်ကိုယ်အလုပ်ထဲဇျာန်ဝင်အောင် လုပ်ပစ်လိုက်။ ကိုယ်လုပ်တာ အဆင်ပြေရင် ပျော်သွားလိုက်မယ်။

၄။ ကိုယ်ကြိုက်နှစ်သက်တဲ့ ဝါသနာကို ပြုလုပ်ပါ။

ကိုယ်က သီချင်းဆိုရတာသဘောကျတယ်ဆို တစ်ယောက်ထဲ သီချင်းအော်ဆိုလိုက်ပါ။ပန်းချီဆွဲရတာ ဝါသနာပါရင် လေ့လာပြီး ပန်းချီဆွဲလိုက်ပါ။
အောင်မြင်တဲ့အထိ ရှေ့ဆက်လျှောက်ပစ်တာက
ကိုယ့်ကိုယ်ကိုယ်ချစ်လို့ ကိုယ့်ဘဝကို မြင့်တင်တာနဲ့ တူတူပါပဲ။

၅။ တစ်ခြားသူထပ် ကိုယ့်ကိုယ်ကိုယ်အရင်ချစ်ပါ။

ကိုယ့်ကိုယ်ကိုယ်မှ မချစ်တတ်ရင် တစ်ခြားသောသူရဲ့ချစ်ခြင်းကို မရနိုင်သလို အရေးပေးခံရတာတွေလည်းမရှိတော့ပါဘူး။
ကိုယ်ကိုယ်တိုင်မှ အချစ်စစ်နဲ့ မချစ်တတ်ရင် ဘယ်အချစ်စစ်ကိုမှလည်း ရဖို့ လမ်းမရှိတော့ပါဘူး။
ကိုယ့်ကိုကိုယ်မှ မချစ်တတ်ရင် ဘယ်သူမှ ကိုယ့်ကို ချစ်မှာမဟုတ်ဘူး။ ချစ်သူဆိုရင်တောင် ကိုယ့်ကိုကိုယ်အရင်ချစ်တတ်မှ ဘဝမဆုံးရှုံးအောင် နေနိုင်မှာ ပါ။

၆။ အချစ်ကြောင့် ကိုယ့်ကိုယ်ကိုယ် ထိခိုက်အောင်မလုပ်ပါနဲ့။

'သူငါ့ကိုမချစ်တော့ဘူး' ဆိုပြီးတော့ သက်သေချင်စိတ်ဖြစ်လာရင် ပြန်စဉ်းစားကြည့်။ ကိုယ့်လိုမျိုး
သူကကော သက်သေချင်စိတ်ရှိနေမှာလား။ ကိုယ်သေရင် ကိုယ့်နားလာပြီး တူတူသေရအောင်ဆိုပြီး သက်သေတဲ့သူက ကမ္ဘာပေါ်မှာ ခပ်ရှားရှားပဲ။
လမ်းခွဲပြီးတော့ စောင့်နေတယ်လို့ ပြောပြီး တကယ်တမ်းကျ အသစ်ရှာတွေ့သွားတဲ့ သူက ခပ်များများရယ်။ ကိုယ့်အသက်ကိုမှ မချစ်တတ်ရင် ဘယ်လုပ်ဖို့အတွက် အသက်ရှင်နေဦးမလဲ။
ချစ်သူရှိနေရင် သူ့ကို ကိုယ့်အသက်ထပ် ပိုချစ်လား။
ချစ်လို့ရပါတယ်။ ဒါပေမဲ့ အချစ်ကနေ အနှစ်မဖြစ်ပါစေနဲ့။ ကိုယ့်ဘဝကို ပျက်ဆီးသွားအောင်ထိတော့ မလုပ်ပါနဲ့။

အပေါ်က အချက်၆ချက်က တစ်ကယ်တော့ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုတန်ဖိုးထားရမလဲ ဆိုတာနည်းလမ်းပေးထားတာပါ။ အဲ‌ဒီအချက်၆ချက်က လွယ်လွယ်လေးပါ။လုပ်နိုင်တယ်ဆိုပြီး မတွေးပါနဲ့။ တစ်ခါတစ်ရံ သတိလက်လွတ်ဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ်ချစ်တတ်၊တန်ဖိုးထားတတ်ဖို့ မေ့သွားတတ်တယ်။


အောက်က အချက်အလက်လေးတွေကတော့ ကိုယ့်ကိုယ်ကိုယ်ချစ်ရင် ဘာရမလဲ ဆိုတာကို
Hello Sayarwom Website ကနေရှင်းပြထားတာလေးပါ။


ကိုယ့်ကိုယ်ကို ပြန်ချစ်ရင် ဘာရလဲ ?
ပျော်ရွှင်မှု ၊ ကျေနပ်မှု ၊ စိတ်ချမ်းသာမှု တွေပေါ့။
ဘာလို့လည်းဆိုတော့ မွေးကတည်းက ကိုယ့်‌တစ်ကိုယ်၊ကိုယ့်စိတ်တစ်စိတ်၊ကိုယ်တစ်ယောက်တည်းအဖြစ်ပဲမွေးလာတယ်။
အမွှာဆိုရင်တောင် ကိုယ့်စိတ်နဲ့ ကိုယ်ရှိနေတယ်လေ။

၁။ ယုံကြည်မှု တိုးစေတယ်။

လူတစ်ယောက် ယုံကြည်မှုတွေနဲ့ ပြည့်ဝနေတာက သူ့ကိုယ်သူ ချစ်တာကနေ ပေါက်ဖွားလာတဲ့ အားအင်တွေကို ပိုင်ဆိုင်ထားတာပါ။ ကိုယ့်ကိုယ်ကိုယ် ချစ်လိုက်တဲ့အခါ ယုံကြည်မှုက အလိုလို မြင့်တက် လာပါတယ်။ လူတိုင်းက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အားနည်းနေရခြင်းရဲ့ အဓိက အကြောင်းတရားက ကိုယ့်ကိုယ့်ကိုယ် ချစ်ဖို့ မေ့နေတာကြောင့်ပါ။

လူတစ်ယောက်က ကိုယ့်ကိုယ်ကိုယ် ချစ်မယ်။ ကိုယ်တိုင် ဆုံးဖြတ်ချက် ချနိုင်သည်အထိ ရဲရင့်မယ် ဆိုရင် သေချာတာက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တိုးလာမယ်ဆိုတာပါ။ အရာရာကို ယုံကြည်မှုရှိရှိ လုပ်နေသူတိုင်းကို ကြည့်လိုက် သူတို့ကိုယ်သူတို့ ချစ်ဖို့ မေ့မနေကြတာ တွေ့ရပါလိမ့်မယ်။

၂။ အရာရာ အဆင်ပြေလာလိမ့်မယ်


ကိုယ့်ကိုယ်ကိုယ် ချစ်လိုက်တဲ့အခါ အရာရာက လွယ်ကူ အဆင်ပြေ လာပါလိမ့်မယ်။ အလုပ်လုပ်တာကစလို့ နေ့စဉ် ဘဝ ဖြတ်သန်းမှုတိုင်း မှာရောပေါ့။ ဘာက အဓိကကျတယ်၊ ဘာက နောက်မှလုပ်လို့ရတယ်။ ဘယ်အရာကတော့ ကောင်းတယ်၊ ဘယ်အရာကတော့ မကောင်းဘူး ဆိုတာကို သေချာ မြင်လာပါလိမ့်မယ်။
နေ့ရက်တိုင်းကို အဆင်ပြေပြေ ဖြတ်သန်းချင်ရင် ကိုယ့်ကိုယ်ကိုယ် ချစ်ဖို့ မမေ့ပါနဲ့။

၃။ ကြံ့ကြံ့ခံနိုင်စွမ်း တိုးလာမယ်။


စိတ်ဓာတ် ခဏခဏကျတာ စိတ်ဖိစီးပြီး စိတ်အလိုမကျမှု များတာက ကိုယ့်ကိုယ်ကိုယ် ချစ်ဖို့ မေ့နေတာကြောင့်ပါ။ အရာရာကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်စေဖို့က အခြားသူတွေဆီကနေ ချီးကျူးသံတွေ ကြားရဖို့ ကိုယ့်ကိုယ်ကိုယ် ချစ်ဖို့ပဲ လိုတာပါ။ ကိုယ်တိုင် ပျော်ရွှင်မှုအတွက် တာဝန်အရှိဆုံးက ကိုယ်ကိုယ်တိုင်ဆိုတာ မမေ့ပါနဲ့။

၄။ပိုပြီး ပျော်ရွှင်လာမယ်။

ကိုယ့်ကိုယ်ကိုယ် ချစ်တာက ပျော်ရွှင်စွာ ဘဝနေထိုင်နည်းတွေထဲက တစ်ခုပါ။ ပျော်ရွှင်နေတဲ့သူတိုင်းက သူတို့ကိုယ်သူတို့ ချစ်ဖို့ မေ့မနေကြပါဘူး။ အတွင်းစိတ်မှာ ကြည်လင်ပျော်ရွှင်နေမှုက သင့်ဆီကို ကောင်းမွန် စစ်မှန်တဲ့ ပျော်ရွှင်မှုတွေ ရောက်လာစေဖို့ ဖိတ်ခေါ်ပေး နိုင်ပါတယ်။

ကိုယ့်ဘဝအတွက် အဆိပ်အတောက်ဖြစ်စေ သူတွေကို ချန်ထားခဲ့ဖို့ ဝန်မလေးပါနဲ့။
နေ့ရက်တိုင်းမှာ ပျော်ရွှင်ပါ။

Part-1 မှာကိုယ့်ကိုယ်ကို ဘယ်လောက်ချစ်လဲဆိုတာကို စမ်းသပ်တဲ့ နည်းလေးနဲ့ အစပြုပေးခဲ့တယ်

Part-2 မှာတော့ နွန်း လေ့လာထားသလောက် 
ကိုယ့်ကိုယ်ကို ချစ်အောင်ဘယ်လို နေရမလဲဆိုတာရယ်။
ကိုယ့်ကိုယ်ကိုယ် ချစ်ရင်ဘာရမလဲ ဆိုတာရယ်ကို
ရေးသားပေးခဲ့ပါတယ်။ 


ဒီဆောင်းပါးလေးက အကောင့်ပျက်တုန်းကတင်ခဲ့တာလေးပါ

Noon (or) Noon Hnin Wai
15.8.2024(11:49AM)

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်လေးဆယ် - အလိုကြီးအရနည်း စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၅-၈) စာစောင်သုံးဆယ့်လေး-နေ့စဉ်နဲ့အမျှကြိုးစားခြင်းစာစောင်သုံးဆယ့်ခုနစ်-အဆိုးထဲကအကောင်းစာစောင်လေးဆယ့်ကိုး - ဘဝရဲ့အစိုးမရမှု မပြိုင်ပါနဲ့ဖန်တီးပါစာစောင်သုံးဆယ့်တစ်-အမှားတွေကနေရနိုင်တဲ့ တန်ဖိုး