Author's Profile Photo

Sandi Cho

18/08/2024

18နှစ်အတွင်း သင်ခဲ့ရတဲ့ သင်ခန်းစာ18ခု

1 min read
Life Style
Personal Development
18နှစ်အတွင်း သင်ခဲ့ရတဲ့ သင်ခန်းစာ18ခု's photo


?.စာတွေဘယ်လောက်ကျက်ကျက်၊စာအုပ်တွေဘယ်လောက်ဖတ်ဖတ် ကိုယ့်ကိုယ်ကိုနားမလည်ရင် အဲလူဟာဘာမှမဟုတ်ပါဘူး။

?.ကိုယ်အတွက် လွယ်လွယ်ကူကူရနေတဲ့အရာတွေက တစ်ချို့သူတွေတွက် အလိုချင်ဆုံးဆန္ဒဖြစ်နေနိုင်တယ်။အဲဒါကြောင့် ကိုယ်မှာရှိတာကို တန်ဖိုးထားပါ။

?.တစ်ချိန်က ကံဆိုးမှုတွေက တစ်ချိန်ချိန်ရောက်တဲ့အခါမှာတော့ ကံကောင်းမှုတွေဖြစ်နေတတ်တယ်။

?.လူတွေမှာလူကောင်းနဲ့လူဆိုးပဲရှိတာမဟုတ်ဘူး။တကယ်တော့ လူတစ်ယောက်ချင်းဆီတိုင်းမှာ အဆိုးရော၊အကောင်းရော ဒွန့်တွဲနေကြတာ။

?. လူတွေရဲ့ ပါးစပ်ဖျားကထွက်လာတဲ့စကားကိုပဲအာရုံမစိုက်နဲ့။သူတို့ရဲ့အပြုအမူတွေကိုပါ အာရုံစိုက်ပါ။

?.အချစ်ကြောင့်လည်း အိမ်မက်ကို လက်မလွတ်နဲ့၊အိမ်မက်ကြောင့်လည်း အချစ်ကိုလက်လွတ်မသွားပါစေနဲ့။

?. ကောင်းတဲ့သူအဖြစ်သတ်မှတ်ခံချင်လို့ ကောင်းတဲ့ကိစ္စကို လုပ်တာမျိုးမလုပ်မိပါစေနဲ့။

?. ကိုယ့်ဘ၀က ခက်ခဲလာပြီဆို ပျော်ရွှင်လိုက်ပါ။မကြာခင် မှန်ထဲမှာ ပိုတော်ပြီး၊ပိုရင့်ကျပ်တဲ့ သူတစ်ယောက်ကို မြင်ရတော့မှာမို့ပါ။

?.အခက်အခဲတွေဆိုတာ ဆိုးဝါးတဲ့အရာတွေမဟုတ်ပဲ အမြင့်ကိုတက်ဖို့အတွက် လိုအပ်တဲ့လှေကားထစ်တွေပဲဖြစ်တယ်။

?. ကိုယ်ရဲ့ကြောက်စိတ်ကို အနိုင်ယူလိုက်နိုင်ခြင်းက တစ်လောကလုံးကို အနိုင်ယူလိုက်နိုင်ခြင်းပဲ။

?.ဘ၀ဆိုတာ တိုက်ပွဲတစ်ခုမဟုတ်ဘူး။အဲဒါကြောင့် အနိုင်နဲ့အရှုံးပဲရှိတာမဟုတ်ဘူး။ဘ၀ဟာ ခရီးတစ်ခု။သာယာမှုတွေ၊အလှတရားတွေကိုလည်း ခံစားပြီး မရပ်တန့်လိုက်ဖို့ကသာ အဓိကပါ။

?.ကိုယ့်ကိုယ်ကိုမှမချစ်ရင် တစ်ခြားသူတွေကလည်း ကိုယ့်ကိုချစ်မှာမဟုတ်ဘူး။ကိုယ့်ကိုယ်မှ တန်ဖိုးမထားရင် ဘယ်သူမှကိုယ်ကို တန်ဖိုးထားမှာမဟုတ်ဘူး။ကိုယ့်ကိုယ်ကိုမှ တာ၀န်မယူနိုင်ရင် ဘယ်သူမှတာ၀န်ယူချင်မှာ မဟုတ်ပါဘူး။

?.ကိုယ့်ကိုယ်ကို ညံတဲ့သူတစ်ယောက်လို့ သတ်မှတ်ထားရင် တကယ်ညံတဲ့သူတစ်ယောက် ဖြစ်သွားပါလိမ့်မယ်။

?. ချစ်ခြင်းမေတ္တာအကြောင်းကို ပြောကြတဲ့အခါ မျှော်လင့်ချက်တွေကိုတော့ ဘေးဖယ်ထားဖို့လိုတယ်။

?.ကိုယ့်ရဲ့ဘ၀မှာ ကိုယ်ဟာဇာတ်လိုက်အဖြစ်ရှင်သန်ပါ။တစ်ခြားသူတွေကို ဇာတ်လိုက်နေရာမထားပါနဲ့။

?.ကိုယ်စိတ်ကလေးသာပါရင် ကြယ်ကိုခူးဆွတ်တယ်ဆိုတာကလဲ မဖြစ်နိုင်တဲ့အရာတော့မဟုတ်ဘူး။

?.အောင်မြင်မှုနဲ့ဝေးကွာနေတဲ့ချိန်မှာ သတိရရမှာက ကြီးမြတ်တဲ့အောင်မြင်မှုတွေအားလုံးဟာzeroကနေကြီး စကြတာပါ။

?.ငါလုပ်နိုင်တဲ့အရာတွေတွက် သတ္တိမွေးပြီးတော့လုပ်မယ်။ငါမလုပ်နိုင်တဲ့အရာတွေကိုတော့ စွန့်လွတ်ဖို့ရွေးချယ်မယ်။မဖြစ်နိုင်တဲ့အရာတွေကို ထွေးပိုက်ထားခြင်းက အဆိပ်ပင်ကို ရေလောင်းနေတာနဲ့တူတူပဲ။

Sandi Cho?

#SandiCho
#သင်ခန်းစာ18ခု
#myexperience

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးပဲဟင်းတစ်ခွက် ဂုဏ်ယူလျက်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအဆုံးသည်......စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းအသစ်နှင့်အဟောင်းပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းစာဖတ်ခြင်းအလေ့အကျင့်ကို မြှင့်တင်ပေးမယ့် နည်းလမ်းကောင်းများ...ရပ်တန့်ရမယ့်အချိန်