Author's Profile Photo

Yam

18/08/2024

"ခေတ်ပျက်ထဲမှာ မကြွားနဲ့"

1 min read
Life Style
"ခေတ်ပျက်ထဲမှာ မကြွားနဲ့"'s photo

ခေတ်ပျက်ထဲမှာ ဉစ္စာပစ္စည်းမကြွားနဲ့
ခေတ်ပျက်ထဲမှာ နေစရာ/နေရာကောင်းမကြွားနဲ့
ခေတ်ပျက်ထဲမှာ စားကောင်းသောက်ဖွယ်မကြွားနဲ့
ခေတ်ပျက်ထဲမှာ ပျော်ရွှင်မှုမကြွားနဲ့။

တချို့တွေ ဘာဉစ္စာပစ္စည်းမှမရှိကျတော့ဘူး
တချို့တွေ အိုးအိမ်ပြာကျနေစရာ/နေရာမရှိကျတော့ဘူး
တချို့တွေ စာကောင်း‌/သောက်ကောင်းထက်
မသေထမင်း/မသေဟင်း စားပြီးအသက်ဆက်နေကျရတာ
တချို့တွေ မပျော်နိုင်ရှာဘူး/အပူမီးကိုယ်စီ
တောက်လောင်/ဝမ်းနည်းငိုကြွေး အမြဲပူပင်
သောက ရောက်နေရတာ။

ခဗျား လူပီသ/တယ်ဆို
ခဗျား မကြွားမိပါစေနဲ့
တချို့ဘဝတွေကို စာနာ/သနား
အားနားတတ်ပါစေ။

-ဒီပ(ဖဒို)

[Yam] ၁၈.၈.၂၀၂၄ (၁၁:၄၇)

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးပဲဟင်းတစ်ခွက် ဂုဏ်ယူလျက်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအဆုံးသည်......စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းအသစ်နှင့်အဟောင်းပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းစာဖတ်ခြင်းအလေ့အကျင့်ကို မြှင့်တင်ပေးမယ့် နည်းလမ်းကောင်းများ...ရပ်တန့်ရမယ့်အချိန်