Author's Profile Photo

Leo Nann

18/08/2024

Sexual Knowledge

3 mins read
Life Style
Personal Development
General Knowledge
Sexual Knowledge's photo

Sexual Knowledge ဆိုတာကဘာလဲ။

ဒီစကားလုံးကိုလူတိုင်းနီးပါးကြားဖူးကြပေမဲ့ အဓိပ္ပာယ်ကိုတော့ သေချာမသိကြတာများပါတယ်။

တကယ်တော့ Sexual knowledge က
သိပ်ကိုကျယ်ပြန့်ပါတယ်။ကမ္ဘာတစ်ဝှမ်းမှာ အလေးပေးမျှဝေလေ့ရှိကြတဲ့ knowledgeတစ်ခုဆိုလည်းမမှားပါဘူး။

ဒါကို ကလေးငယ်တွေမှအစ အရွယ်ရောက်ပြီး လူငယ်များအထိ သိထားသင့်ပါတယ်။ ပြည်ပနိုင်ငံတွေမှာsex educationကို အထူးပညာပေးနေကြပေမဲ့မြန်မာနိုင်ငံမှာတော့အသိပညာပေးလှုပ်ရှားမှုတွေ
ရှားပါးနေသေးတာအမှန်ပါ။



အထူးသဖြင့် လူငယ်တွေမှာ Sexualပိုင်းဆိုင်ရာ အသိပညာအားနည်းတတ်ကြပါတယ်။


ရှေးရိုးစွဲလူကြီးတွေဟာ "လိင်ပိုင်းဆိုင်ရာ ကိစ္စတွေကို မပြောသင့်ဘူး၊မသိအပ်ဘူး"လို့ထင်မြင်ကြတာများပါတယ်။sexဆိုတဲ့စကားကိုကြားလိုက်တာနဲ့ နားခါးတတ်ကြပါတယ်။မိမိတို့ရဲ့ ကလေးတွေကိုလည်း လိင်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး နားတွေမျက်စိတွေကိုပိတ်ထားမိတတ်ကြပါတယ်။

ဒါဟာ လွဲမှားတဲ့အယူအဆတစ်ခုပါ။သိသင့်တာကို သိရပါမယ်။သိအပ်တာကိုလေ့လာရပါမယ်။

မိမိတို့ရဲ့ ကလေးတွေကို ငယ်စဥ်ကတည်းက
စိတ်နှလုံးမှာ sexual knowledgeကိုစနစ်တကျ အသိပေး ရိုက်သွင်းပေးထားသင့်ပါတယ်။
ဒါမှကိုယ်တွေ့ကြုံလာရတဲ့အခါ ပြဿနာကိုရင်ဆိုင်တတ်မှာပါ။

ဘယ်နေရာကိုပဲ ရောက်ရောက် လူကောင်းတွေချည်းရှိနေမှာမဟုတ်ပါဘူး။
စာရိတ္တမကောင်းတဲ့ လူဆိုးဆိုတာလည်းရှိစမြဲပါပဲ။သားကောင်ကို အမြဲချောင်းမြောင်းနေတတ်တဲ့သူတွေဟာလူထဲကလူတွေထဲမှာပဲရှိနေတတ်ပါတယ်။
ကိုယ်တိုင်ဟာလည်းထိုသူတွေရဲ့ ပစ်မှတ်တစ်ခုဖြစ်မလာဘူးလို့ ဘယ်သူမှတပ်အပ်မပြောနိုင်ပါဘူး။ပြဿနာနဲ့ထိပ်တိုက်ကြုံလာရတဲ့အခါ ရင်ဆိုင်တတ်ဖို့လိုပါတယ်။

ကလေးငယ်တွေကအစ မိမိရဲ့လိင်ပိုင်းဆိုင်ရာကိုထိပါးနှောက်ယှက်ခံလာရတဲ့အခြေအနေမှာဆို "Don't "ဆိုတာကို‌ပြောတတ်ဖို့သင်ကြားပေးထားရပါမယ်။ဒါကဘာလဲဆိုရင် ကလေးငယ်ကို လိင်ပိုင်းအကြမ်းဖက်မခံရအောင်ကိုယ့်ကိုကိုယ် ကာကွယ်ငြင်းဆိုတတ်စေဖို့ သင်ပေးတာကိုဆိုလိုတာပါ။မြန်မာနိုင်ငံမှာ သက်ငယ်မုဒိမ်းမှုဆိုပြီး ခဏခဏကြားနေရပါတယ်။ဒါကြောင့် မိဘတွေအနေနဲ့ ကိုယ့်ကလေးကို အထူးဂရုစိုက်ကာကွယ်ဖို့လိုပါတယ်။



ဒါဆို"မကောင်းတဲ့သူ(sex မုဆိုး)တွေ
နဲ့မဆုံမိအောင်ရှောင်ရင်ရောမရဘူးလား"လို့မေးစရာရှိပါတယ်။

ဟုတ်ပါတယ်။ရှောင်လို့ရပါတယ်။
သို့ပေမဲ့ ဘယ်သူကဖြင့်ကောင်းတယ်၊ဘယ်သူကဖြင့် မကောင်းဘူးဆိုပြီး
တန်းသိနိုင်ဖို့ကျ မကောင်းတဲ့သူတွေမှာ ချို(ဂျို)ပါနေတာလည်းမဟုတ်ဘူးလေ။ဒီတော့လွယ်လွယ်နဲ့လည်းမသိနိုင်ဘူး။သိသင့်တဲ့ဗဟုသုတကိုသိထားတာက
အကောင်းဆုံးပါပဲ။
ဒါကြောင့်ကိုယ့်ဘက်ကသာ
sexual knowledge ကို
ကောင်းကောင်းနားလည်သဘောပေါက်ထားမယ်ဆိုရင် အရေးကြုံလာတဲ့အခါ ဒီknowledgeတွေက အထောက်အပံ့ကောင်းဖြစ်လာမှာပါ။


ဒါ့အပြင်"အသွားမတော်တစ်လှမ်း"ဆိုတဲ့စကားတိုင်း တစ်ခါတစ်ရံမှာလူငယ်အများစုက အမှားတွေကိုမထင်မှတ်ဘဲလုပ်မိတတ်ကြတယ်။social mediaတွေကို အသုံးပြုရာကအကျိုးရှိရှိအသုံးမပြုတတ်ကြဘဲ
လက်တည့်စမ်းကြရာမှ လမ်းမှားရောက်ကြတာမျိုးတွေရှိပါတယ်။

ငယ်ငယ်ရွယ်ရွယ်ကလေးတွေ ရည်းစားထားကြတယ်။
မဖြစ်သင့်တာတွေဖြစ်ကြတယ်။ဖုံးမရဖိမရ ကိစ္စတွေပေါ်လာတော့ တချို့က ခေါင်းရှောင်ကြတယ်။

ဒီနေရာမှာ အများဆုံးအပြစ်ရှိတာက အမျိုးသားတွေဖြစ်နေတတ်ပါတယ်။(အမျိုးသားထုကြီးကို စော်ကားလိုခြင်းမဟုတ်ပါ။ပြဿနာရဲ့အတိမ်အနက်ကို ထောက်ပြခြင်းသာဖြစ်ပါတယ်။ခေါင်းရှောင်တတ်ကြတဲ့ အမျိုးသားများကိုသာ ရည်ညွှန်းခြင်းဖြစ်ပါတယ်။)အမျိုးသမီးတွေအတွက်ကတော့ ဆူးပေါ်ဖက်ကျလည်းဖက်ပေါက်တာပဲ၊ဖက်ပေါ်ဆူးကျလည်း ဖက်ပေါက်တာပါပဲ။

ထိုအခါမှာ တချို့နစ်နာသူမိန်းကလေးများက လောကဓံကို ရင်စည်းခံကြရတော့တာပေါ့။
တချို့ကျလည်း ငါဒုက္ခမခံရပြီးရော၊ငါအရှက်မရပြီးရောဆိုပြီး စိတ်ယုတ်မွေးကာ
တည်ဆဲသန္ဓေသားကို ဖျက်ဆီး(ဖျက်ချ)ပစ်ကြတယ်။တချို့ကရင်သွေးငယ်မွေးကင်းစကလေးကို စွန့်ပစ်ကြတယ်။
ဒီအခါမှာ
မိဘမဲ့ဦးရေတွေတိုးလာကြတယ်။ဒါဟာလည်း
sexual knowledgeတွေမရှိကြလို့ ဖြစ်လာတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေပါပဲ။အစ ကနဦးတည်းက လုပ်သင့်တာတွေကိုသာလုပ်ခဲ့ကြမယ်၊ကာကွယ်ခဲ့ကြမယ်ဆို ဒီလိုတွေဖြစ်လာစရာအကြောင်း မရှိပါဘူး။

မမှားသင့်တာ မမှားရလေအောင်၊ မဖြစ်သင့်တာတွေမဖြစ်ရလေအောင် စိတ်ဆန္ဒအာသီသကို ရှေ့တန်းမတင်
သင့်ပါဘူး။ ကိုယ့်စိတ်ကိုမထိန်းနိုင်လို့ကျူးလွန်မိခဲ့မယ်ဆိုရင်တောင် ကာကွယ်သင့်တာကို ကာကွယ်ထားရပါမယ်။

ဥပမာ-လိင်မဆက်ဆံခင်မှာ ကွန်ဒုံးသုံးတာမျိုးပါ။ အကာအကွယ်ပစ္စည်းကစိတ်ချရရဲ့လား စစ်ဆေးတာ အစရှိသဖြင့် ကာကွယ်ရေးနည်းလမ်းတွေပေါ့။



ဒါဟာ ကျူးလွန်ဖို့ အားပေးနေတာမဟုတ်ပါဘူး။မလွှဲမရှောင်သာ၍ဖြစ်စေ၊တမင်လုပ်ယူ၍ဖြစ်စေ sexကိစ္စဖြစ်လာတဲ့အခါ ထိန်းသိမ်းနိုင်အောင်sharingလုပ်ခြင်းပါ။

(စာဖတ်သူလေးတို့အတွက် နားရှက်တယ်လို့ခံစားရမယ်ဆိုရင် ဆက်မဖတ်ဘဲ ဒီနေရာကနေလှည့်ထွက်သွားလို့ရပါတယ်ရှင့်။ရှက်သင့်တာကိုဘဲရှက်ကြောက်ကြပါ။လေ့လာသင့်တာကိုလေ့လာပါ။)


တကယ်တော့ လိင်ပိုင်းဆိုင်ရာ အသိရှိတာ
ရှက်စရာမဟုတ်ပါဘူးနော်။sexual knowledgeမရှိတာကမှ စင်စစ်ရှက်စရာပါ။


စာဖတ်သူလေးတို့လိင်အမြတ်ထုတ်တယ်ဆိုတာကို ကြားဖူးကြပါသလား။

လက်တွေ့ဘဝမှာလိင်ပိုင်းဆိုင်ရာ
အမြတ်ထုတ်တတ်တဲ့ လူယုတ်မာတွေက သတ်သတ်ကိုရှိပါတယ်။ မလည်မဝယ် မိန်းကလေးငယ်လေးတွေက သူတို့ရဲ့သားကောင်တွေဖြစ်လာကြတယ်။
သူတို့ဟာ လူတစ်ယောက်ရဲ့ အားနည်းချက်ကိုတွေ့ဖို့ချောင်းမြောင်းနေတတ်တာပေါ့။အားနည်းချက်ကို တွေ့ပြီဆိုတာနဲ့ အမိအရချုပ်ကိုင်ပြီး ခြိမ်းခြောက်တတ်ကြတယ်။


"ဝတ်လစ်စလစ်ပုံတွေ လိုင်းပေါ်တင်မယ်တို့"၊
"အရှက်ရစရာvideo clipတွေကို
ဖြန့်ပစ်မယ်တို့" အစရှိသဖြင့်
ခြိမ်းခြောက်ခံရတာကြောင့် အဆုံးစီရင်သွားကြတယ်ဆိုတဲ့ သတင်းတွေကိုmediaတွေမှာ တွေ့ဖူးကြားဖူးကြမှာပါ။
ဒါဟာ ဘာကြောင့်လည်းဆိုရင် sex educationကို သေချာ မသိနားမလည်လို့
မဖြေရှင်းတတ်တာကြောင့် ဘဝကို အရှုံးပေးသွားကြရတာပါ။ဒါတင်မကသေးပါဘူး။ အမျိုးမျိုးဆက်လက်ခြိမ်းခြောက်ခံရပြီး လိင်အမြတ်ထုတ်ခံရကာ လိင်ကျွန်ဖြစ်မှန်းမသိ ဖြစ်နေရတဲ့ အမျိုးသမီးလေးတွေလည်းရှိနေပါတယ်။


နောက်ပြီးလိင်အကြမ်းဖက်ခံရတဲ့
အခါထုတ်ဖော်ဖို့ မကြောက်လန့်နေသင့်ပါဘူး။
လိင်အကြမ်းဖက်ခံရတယ်ဆိုတဲ့ ကိစ္စမှာ
အမျိုးသမီးတွေသာကြုံတွေ့ရတာမျိုးမဟုတ်ဘဲ အမျိုးသားများပါ ကြုံတွေ့ရတတ်ပါတယ်။ဒါကကျား၊မ၊LGBTQအားလုံးကြုံတွေ့ရနိုင်တဲ့ riskတစ်ခုပါ။

ဒီလိုကိစ္စမှာရှက်လို့ ခေါင်းငုံ့ပြီး ရေငုံနှုတ်ပိတ်နေရုံနဲ့
လုံခြုံသွားတာမျိုးမရှိပါဘူး။လူအများစုဟာ အကြမ်းဖက်ခံရတဲ့အခါခေါင်းမော့ပြီး ထမလာနိုင်တော့ဘူးလို့ တွေးကြတယ်။ပတ်ဝန်းကျင်ကလည်း အသိပညာနည်းနေတဲ့အခါ ဒီလို အကြမ်းဖက်ခံထားရတဲ့သူကို ရှောင်ဖယ် ရှောင်ဖယ်လုပ်တတ်ကြပါတယ်။ဒါက နစ်နာသူကို traumaတစ်ခုအဖြစ် ကျန်ရစ်စေမှာပါ။ဒီလိုတွေမလုပ်သင့်ပါဘူးနော်။


နစ်နာသူဘက်ကလည်းသက်ဆိုင်ရာကိုအကူအညီတောင်းခံဖို့ တွေးသင့်ပါတယ်။ ခေတ်ကြီးက ပွင့်လင်းမြင်သာမှုရှိနေပါပြီ။ လိင်အကြမ်းဖက်သူတွေကို ထိုက်တန်တဲ့အပြစ်ပေးဖို့လည်း ခိုင်မာတဲ့
ဥပဒေတွေရှိနေပါတယ်။ အပြစ်လုပ်သူက
အပြစ်ကိုခံရသင့်ပါတယ်။နစ်နာသူက
ကျူးလွန်သူရဲ့ အပြစ်ကို ဖော်ထုတ်ဖို့ ကြောက်ရွံ့နေတဲ့အခါ  ကျူးလွန်သူက ရောင့်တက်နေတတ်ပါတယ်။ ယုတ်မာတဲ့သူကဆက်ယုတ်မှာနေမှာပါပဲ။ဒါကြောင့် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှု ဥပဒေပုဒ်မတွေနဲ့ စွဲချက်တင်ပြီး လူယုတ်မာတွေကို အနိုင်ယူလို့ရပါပြီ။

ကြောက်ရွံ့မနေကြပါနဲ့။လိင်ပိုင်းဆိုင်ရာဗဟုသုတတွေကို လေ့လာဖို့ရှက်မနေကြပါနဲ့။အမှောင်ထဲက ရုန်းထွက်လာခဲ့ပါ။


-------------------------------------------------

Leoသိသလောက်မှတ်သလောက်ကို

sharingလုပ်ပေးခဲ့တာဖြစ်ပါတယ်ရှင့်။

အမှားတစ်စုံတစ်ရာပါခဲ့သည်ရှိသော်

ချစ်သောမျက်စိနဲ့ ကြည့်ရှုဖတ်သားပေးကြပါဦးရှင့်။

ဖတ်ပေးကြတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်ရှင့်။

မှတ်သားစရာတစ်ခုခုကို ပေးနိုင်လိုက်တယ်ဆိုရင်ဘဲ ရေးရကျိုးနပ်ပါပြီရှင့်။

အားလုံးကိုအစဉ်လေးစားလျက်.....
Leo

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးဒေါ့စတာယက်စကီးရဲ့ဘဝအမောပြေမိတ်ကောင်းဆွေကောင်းများနှင့်တွေ့ဆုံခြင်း‘သားကောင်စိတ်နဲ့ ရှင်သန်မယ့်အစား သူရဲကောင်းဖြစ်ဖို့ကို ရွေးချယ်ပါ’ပျော်စရာနေ့ဆင်းရဲသားလေး ဂျက်လန်ဒန်မရိုးတရိုးအကျပ်ထဲမှာ ချောင်ကြည့်ခြင်းအထက်တန်းစားနှင့်အောက်တန်းစားအဲလ်ဘတ်ကမူး၏ကိုးကွယ်ရာ