အယ်ဟုန်သော်(မယ်လတ်)

လူတိုင်းမဟုတ်သည့်တိုင် လူတော်တော်များများက
အောင်မြင်မှုကို ရလိုနှစ်သက်ကြတယ်။ ဟိုးငယ်စဥ်ကလေးဘဝ ဝမ်းလျှားမှောက်တတ် ၊ ထိုင်တတ် ၊ မတ်တပ်ရပ်တတ် ၊ လမ်းလျှောက်တတ်စ အချိန်တွေအစ ကိုယ့်ရဲ့အောင်မြင်မှုကို ကိုယ်တိုင်ကျေနပ်ဝမ်းသာကြသလို မိဘတွေကလည်း ကျေနပ်ပီတိဖြစ်ကြစမြဲ။ ပညာရည်ချွန်ဆုရခြင်း၊ စီးပွားရေးနယ်ပယ်မှာအောင်မြင်ခြင်း ၊ အားကစားထူးချွန်ခြင်းစတဲ့ အသက်အရွယ်အပိုင်းအခြားအလိုက်အောင်မြင်မှုတွေကို ကျွန်တော်တို့ သိပ်လိုချင်ကြတယ်။ အချို့ကအောင်မြင်မှုကြောင့်ပျော်ရွှင်ကြရသလို အချို့ကအောင်မြင်မှုကြောင့်ပဲစိတ်ကျဥ်းကျပ်မှု စိတ်ရှုပ်ထွေးမှုတွေဖြစ်တတ်ကြပြန်တယ်။
အောင်မြင်မှုအတွက် ပျော်ရွှင်နေဖို့ပါလိုအပ်လာတယ်။
အောင်မြင်မှုရသော်လည်း မပျော်ရွှင်ရတဲ့ဘဝဟာ အဓိပ္ပါယ်မဲ့သလို ခံစားလာရလိမ့်မယ်။ လူတိုင်းဟာ ကိုယ်လုပ်လိုက်တဲ့အလုပ်တစ်ခုရဲ့ အောင်မြင်မှုရလဒ်ကောင်းကိုပဲလိုလားတယ် လိုလဲလိုအပ်ပါတယ် ။အောင်မြင်မှုရပြီး မချမ်းမမြေ့ မပျော်မရွှင်ဘဝထက်စာရင် ကိုယ်ရောက်ရှိတဲ့နယ်ပယ် ကိုယ်လုပ်တဲ့အလုပ်အပေါ်ပျော်ရွှင်စွာဖြတ်သန်းနေခြင်းက ပိုပြီးစမတ်ကျတယ်လို့ထင်ပါတယ်။ လိုချင်တဲ့အရာမရလို့ လက်မှိုင်ချ ဝမ်းနည်းကြေကွဲနေတာထက် ရောက်နေတဲ့နေရာတစ်ခုမှာ ပျော်ရွှင်စွာဖြတ်သန်းရင်း လိုချင်တဲ့နေရာရောက်အောင် ရုန်းထွက်ဖို့လိုအပ်ပါတယ်။ လိုချင်တာမရခြင်း၊ ဖြစ်ချင်တာမဖြစ်ရခြင်းအပေါ်မှာ နေ့ရက်တိုင်း စိတ်ဓာတ်ကျ ဝမ်းနည်းနေရခြင်းက စိတ်ကိုပိုပြီးဖိစီးသလို ရုန်းထွက်နိုင်ဖို့ ထွက်ပေါက်အလင်းကို ပိုပိတ်မှောင်စေပါတယ်။ အောင်မြင်မှုထက် ပျော်ရွှင်မှုကလည်းအရေးကြီးပါတယ်။ အောင်မြင်ရေးစာစုတွေထက် စိတ်အာဟာရစာစုတွေ ပျော်ရွှင်ရေးစာစုတွေကိုပိုနှစ်သက်ပါတယ်။
(မိမိရဲ့အတွေးတစ်ခုသာဖြစ်ပါတယ် အခြားသောသူတို့၏အတွေးနှင့်သွေဖီမှုရှိက ခွင့်လွှတ်ပေးပါ)
#လွတ်လပ်သောအတွေး
#အယ်ဟုန်သော်
#မယ်လတ်
Success and happiness
-------------------------------------------------- --------
Many, if not all, people
They like to be successful. When I was a child, I was prone to stomach upset. sitting stand up From the time they started walking, they were happy with their own success, and their parents were always happy with their success. receiving an academic award; Success in business We crave age-specific achievements such as athletic excellence. Some people are happy because of their success, while others become depressed and confused because of their success.
Being happy is necessary for success.
A successful but unhappy life will feel meaningless. Everyone wants and needs the success of a job they do. I think it's smarter to be happy about the work you do in the field you're in than to be unhappy and unhappy after success. Instead of feeling down and sad because you don't get what you want, you need to be happy where you are and work your way to where you want to be. not wanting Being depressed and sad every day over what I want and don't want to happen only makes the light of the exit even darker to get out of the mind. Happiness is more important than success. Rather than success messages, I prefer happiness messages.
(It's just my opinion, please forgive me if I disagree with other people's thoughts)
#Freethinking
Keep Reading