Honey cho
1.စိတ်တွေအရမ်းရှုပ်ထွေးလာရင် မိမိရောက်နေသည့်နေရာက ဒါမှမဟုတ် အလုပ်လုပ်နေတဲ့အရာကို ခဏ breakပြီး နေရာမှထကာ အနီးနားသို့ခပ်သွက်သွက်လေးလမ်းထလျှောက်ပေးပါ။
2.တရားထိုင်ပေးခြင်းဖြင့်လည်း စိတ်ရဲ့အာရုံကိုအေးချမ်းမှုပြန်လည်ရယူနိုင်ပါတယ်။(ဝင်လေ၊ထွက်လေနဲ့နှာသီးဖျားဆီရောက်လာတဲ့လေကိုမှတ်သားထားခြင်းဟာလည်းစိတ်ဖိစီးမှုကနေ လွတ်မြောက်နိုင်တဲ့နည်းလမ်းကောင်းတစ်ခုပါဘဲ)
3.စိတ်ဓာတ်ခွန်အားတက်ကြွစေမဲ့ motivation songs တွေကို နားထောင်ပါ။အချိန်ကကုစားပေးတယ်ဆိုတာကစကားအဖြစ်ဆိုေပမဲ့လူကေတာ့ကိုယ့်ေဝဒနာကိုကိုယ်အသိဆုံးမို့သီချင်းကတော့မိမိရဲ့present timeရဲ့ ဝေဒနာရော ၊moodရောကို ပြောင်းပေးနိုင်တဲ့ ဆေးစွမ်းတစ်လက်ပါဘဲ။
4.positive vibes တွေ၊positive thoughtsတွေအတွေးမြင်တွေ ဟာကူးစက်နိုင်တာမို့ အကောင်းမြင်စိတ်တွေများများရှိတဲ့ လူတွေနဲ့ပြောဆိုဆက်ဆံပါ။ဒါကလည်းကိုယ့်ကို တံငါနားနီး၊တံငါ မုဆိုးနားနီးမုဆိုးဆိုတဲ့အတိုင်းရေမြေသဘာဝကိုလိုက်ပြီးပန်းတွေရဲ့အလှအပဟာပြောင်းနိုင်သလို လူတွေရဲ့အနားနီးကsociety,ကလည်းပတ်ဝန်းကျင်ပေါ်အများကြီးသက်ရောက်မှုရှိတာမို့ တတ်နိုင်သမျှအဆိုးမြင်ဝါဒီသမားတွေကိုတော့ကိုယ်စိတ်ဓာတ်ကျနေချိန်မှာ ဝေးဝေးရှောင်ပါ။ဘာလို့ဆို သူတို့ကကိုယ့်အနာကိုဆားဖြူးပြီး အနာဟောင်းကိုတုတ်ထိုးပြန်ဆွနိုင်တဲ့သူတွေမို့ပါဘဲ။
5.အမွှေးရနံ့သင်းပျံ့တဲ့ အမွှေးတိုင်မျိုး၊ဖယောင်းတိုင်မျိုးကို မိမိရဲ့အိပ်ခန်း ဒါမှမဟုတ် အလုပ်စားပွဲမှာထားတာဟာမိမိရဲ့စိတ်ဖိစီးမှုကိုလျော့ချပေးရာမှာအထောက်အကူဖြစ်ရုံသာမက မိမိရဲ့အာရုံစူးစိုက်မှုကိုလည်းပိုေကာင်ူလာေအာင်အနံ့အသက်ေကာင်းေတွကသက်ရောက်စေနိုင်ပါတယ်။
6.အသက်ပြင်းပြင်းရှုသွင်းတာ၊ရှုထုတ်တာတွေကို 1,2,3လို့ countdown လုပ်ရေတွက်ပြီးကိုယ့်ရဲ့စိတ်ညစ်စရာတွေကိုခဏအဲ့ရှုထုတ်လိုက်တဲ့လေထဒပါသွားပြီလို့တွေးပြီး စိတ်ကိုtrick လုပ်တာဦးနှောက်ကို believe လုပ်တာကလည်းstressဖြေဖျောက်ခြင်းအတွက်နည်းကောင်းတစ်ခုပါဘဲ။
7.ဘဝမှာ အခက်အခဲတွေကြုံလာတဲ့အခါမှာ အရင်ကကိုယ်ကျော်ဖြတ်ခဲ့ဖူးတဲ့ အခက်အခဲတွေကိုကျော်လွှားနိုင်ခဲ့တဲ့အချိန်ကအခိုက်အတန့်တွေ၊အောင်မြင်မှုတွေကိုပြန်လည်တွေးပြီးကိုယ့်အတွက်စိတ်ဓာတ်ခွန်အားရယူတာ၊ပြီးတော့ အဲ့အချိန်ကကိုယ့်ကိုနှုတ်ဖြင့်ဖြစ်စေ၊ဘယ်လိုအရာနဲ့ဖြစ်စေအကူအညီပေးခဲ့တဲ့သူတွေရဲ့ကျေးဇူးတရားတွေကိုအသိမှတ်ပြုတဲ့အနေနဲ့ငါဒီအခက်အခဲကိုမရရအောင် ဘယ်လို ကျော်ဖြတ်မယ်ဆိုတဲ့အတွေးမျိုးရအောင် self improvement and building yourself လုပ်တာကအရမ်းလိုအပ်ပါတယ်။
8.ေနာက်ဆံုးတစ်ချက်အေနနဲ့stressေဖြေဖျာက်ရာမှာချွေးထွက်အောင် အားကစားတစ်ခုခုထပြီးလုပ်လိုက်ခြင်းဟာလည်း လူကို freshဖြစ်သွားစေရုံသာမကလူ့ခန္ဓာကိုယ်ရဲ့လိုအပ်တဲ့ ပျော်ရွှင်မှုhormonesတွေကိုထုတ်ပေးနိုင်တာမို့recommedပေးချင်ပါတယ်။
တစ်ခါတလေမှာ လူတွေဟာ ကိုယ့်ဘဝရဲ့ဒဏ်ရာတွေအတွက် ဆေးလိုက်ရှာနေတတ်ကြပါတယ်။အပေါ်ယံphysical injuries တွေအတွက်တော့ ဆရာဝန်ဆိုတဲ့ကုသပေးမယ့်လူဟာရှိနေနိုင်ပေမဲ့၊မိမိရဲ့အနက်ရှိုင်းဆုံးစိတ်ထဲကဒဏ်ရာဒဏ်ချက်တွေအတွက်ကတော့ တစ်ခါတလေမှာ healer ကသူများမဟုတ်ဘဲကိုယ့်ရဲ့ actions တွေ၊ good habitsတွေဖြစ်နေတတ်ပါတယ်။
အားလုံးဘဲ
ဘဝမှာ stress ကိုcrushနိုင်တဲ့
healer ကောင်းတွေဖြစ်ကြပါစေ။
မျှော်လင့်ခြင်းများစွာဖြင့်
မဟန်နီချို
Keep Reading