Author's Profile Photo

သိုက်စိုးထွန်း(နတ်ရွာ)

16/08/2024

ဘဝနှင့် ဘဝင်

7 mins read
Life Style
General Knowledge
ဘဝနှင့် ဘဝင်'s photo


ဘယ်သူမဆို ကိုယ့်ဘဝလေးကိုယ် တန်ဖိုးထားကြတယ်။ မြတ်နိုးကြတယ်။ ကိုယ့်ဘဝလေး သာယာ လှပဖို့အတွက် ဘယ်အရာတွေနဲ့အလှဆင်မလဲဆိုတာကို အမြဲတစေ တွေးနေတတ်ကြတယ်။ ဘာတွေ လိုအပ်နေသလဲဆိုပြီးတော့ စဉ်းစားချင့်ချိန်နေကြတယ်။ စဉ်းစားလို့ရလာတဲ့အဖြေလေးတွေကို စုစည်းပြီးတော့ အဲ့ဒီအတိုင်းပဲ ထုဆစ်ပုံဖော်နေကြတယ်။ ကိုယ်လိုချင်တာလေးတွေကို ရှာဖွေနေကြတယ်။ လိုချင်တာတွေရဲ့နောက် ကိုလည်း ကောက်ကောက်ပါအောင် လိုက်နေကြတယ်။ လိုချင်တာလေးတွေကလည်း ရှေးကနေပြေးနေ ကြသလိုလိုရှိတယ်။ ကိုယ်ကလည်း မီအောင်လိုက်နေတယ်။ လိုက်လေပြေးလေ၊ ပြေးလေလိုက်လေနဲ့ လိုက်တမ်းပြေးတမ်း ကစားနေကြရသလိုပဲ။

တစ်ခါတစ်ခါမှာ ကိုယ်လိုက်နေတဲ့အရာဆီကို မမီလုလု၊ မီလုလုနဲ့ လက်တစ်ကမ်းအကွာအထိ ရောက်သွားတယ်။ မီလိမ့်မယ်ထင်လို့ အရှိန်ယူပြီး လှမ်းဆွဲလိုက်ကာမှ ခလုတ်တိုက်ပြီး ဟပ်ထိုးလဲကျ ကျန်ရစ်ခဲ့တာမျိုးလည်းဖြစ်သွားတတ်သေးတယ်။ ကိုယ်လိုချင်တာတွေနဲ့ အလှမ်းကွာဝေးလွန်းသွားပြီဆိုပြန်တော့ ဘ၀အမောတွေနဲ့အတူ စိတ်ပျက်အားငယ်နေမိတတ်ပြန်တယ်။ စိတ်ဓာတ်တွေကျနေကြတယ်။ ခြေပစ်လက်ပစ် လှဲချလိုက်ပြီးတော့ ဘာမှကို ဆက်မလုပ်ချင်တော့လောက်အောင်ဖြစ်သွားတတ်တယ်။

တစ်ခါတစ်ခါကျတော့ ကိုယ်လိုချင်တာလေးတွေက ရလာတယ်။ နည်းနည်းရတာလည်းရှိတယ်။ များများ ရတာလည်းရှိတယ်။ အားလုံးရတာလည်း ရှိတတ်တယ်။ ရတော့ကျေနပ်တယ်။ ကိုယ်လိုချင်တာလေးရလာပြန်တော့ “မြင်မြင်သမျှ ဤလောက၀ယ် အလှတို့ဖြင့် ပြည့်ဘိ၏” ဆိုတဲ့အတိုင်း မြင်သမျှ၊ ကြားသမျှအရာအားလုံးဟာ သာယာ လှပမှုတွေချည်းဖြစ်လို့နေပြန်တယ်။ ခါတိုင်းမြင်နေကျ လမ်းကလေးက အခုကျမှ ပိုပြီးသန့်ရှင်းနေသလိုပဲ၊ ခါတိုင်း မြင်နေကျလူတွေက ဒီနေ့ကျမှ ပိုပြုံးနေကြသလိုပဲ၊ ခါတိုင်းမြင်နေတွေ့နေကျ လမ်းဘေးခြုံပုတ်လေးတွေကအစ စိုစိုပြည်ပြည်နဲ့ လေအသိမ်းမှာ နွဲ့ယိမ်းနေတာလေးကိုက ချစ်စရာလေး၊ လေအဝှေ့မှာ သစ်ရွက်ကလေးတွေ၊ အမှိုက်ကလေးတွေ မြေမှာလူးပြီး လွင့်ပါနေတာလေးကိုက ချစ်စရာလေး။

စိတ်ချမ်းသာနေတဲ့သူတစ်ယောက်အတွက်ကတော့ အရာရာတိုင်းကို ချစ်စရာခင်စရာတွေလို့ပဲ ရှုမြင်နေမိတယ်။ လမ်းဘေးက ခွေးတစ်ကောင် ကိုယ့်ကိုလာဟောင်တာတောင်မှ “ကြည့်စမ်းပါဦး အမွေးအရောင် လေးက လှပါဘိသနဲ့၊ နှုတ်သီးတော့ အကောင်းသား၊ တယ်လဲစွာတဲ့ခွေးပါလား”ဆိုတာမျိုး။ လိုတာမရလို့ စိတ်ညစ်နေတဲ့အချိန် လာဟောင်ကြည့်၊ “ဒီခွေးတော့လားကွာ၊ ငါလုပ်လိုက်ရင်သေတော့မယ်”ဆိုပြီး အော်ဆဲချင် ဆဲမယ်၊ တွေ့တဲ့ကျောက်ခဲနဲ့ ကောက်ထုချင် ထုမယ်၊ ဒီလိုလုပ်တတ်ကြတဲ့သဘောရှိပါတယ်။ စိတ်ဓာတ်တွေ အကျလွန်နေတဲ့သူကျပြန်တော့ ခွေးကလာဟောင်တာကို “ကြည့်စမ်း၊ ငါ့ကိုသူများတွေမလေးစားကြတာ မပြောနဲ့၊ ခွေးကတောင်ဟောင်တယ်”ဆိုတာမျိုး။ သူကျတော့ ဘယ်လိုလောကဓံပဲကြုံကြုံ စိတ်ပျက်အားငယ်စရာလို့ချည်း မြင်နေတယ်။

လိုတာမရလို့ စိတ်ဆင်းရဲနေတယ်။ လိုတာရလို့ စိတ်ချမ်းသာနေတယ်။ ဒါက သူ့သဘာ၀နှင့်သူ ဖြစ်နေ တာ။ ဘာမှ သိပ်ပြီးတော့ ထူးတဲ့ဆန်းတဲ့ကိစ္စမဟုတ်ပါဘူး။

ဒါပေမယ့်လည်း တစ်ချို့လူတွေ လိုတာမရတာကျတော့ ဘေးကို ပတ်ရမ်းတတ်တယ်။ ငါဒီလိုဖြစ်နေရတာ ဘယ်သူ့ကြောင့်၊ ဘယ်ဝါ့ကြောင့်ဆိုပြီး ပတ်၀န်းကျင်ကို လက်ညှိုးထိုးလာတယ်။ အပြစ်ပုံချလာတတ်တယ်။ ဘယ်သူ့မှ ဂရုစိုက်စရာမလိုဘူးကွာဆိုဆဲ့အတွေးနဲ့ လောကကြီးကိုပါ မကောင်းမြင်ဖြစ်လာပြီး မဲမဲမြင်တိုင်း ရန်သူထင်လာတတ်တယ်။ အကုန်ပတ်ရမ်းနေတော့ သူ့ဟာက ဆူးလှည်းကြီးမောင်းလာသလိုဖြစ်နေတယ်။ ဆူးလှည်းကြီး မောင်းလာတာဆိုတော့ လမ်းတစ်လျှောက်မှာရှိသမျှအရာအားလုံးကို ချိတ်သွားတယ်၊ ငြိသွားတယ်၊ ဆွဲသွားတယ်၊ အပေါက်အပြဲတွေဖြစ်ကုန်ကြတယ်။ သွားလေရာအရပ်မှာ အရာရာနှင့် အကြောင်းကြောင်းချည်း ဖြစ်ကုန်တယ်။

တစ်ချို့ကျပြန်တော့လည်း ဘ၀မှာ လိုအပ်သမျှအရာတိုင်းကို ရနေတတ်တယ်။ သူလိုရင် ရတယ်။ သူကြံရင် ဖြစ်တယ်။ သူလုပ်ရင် အောင်မြင်တယ်။ ဆင်သွားမှလမ်းဖြစ်တာမဟုတ်ဘဲ သူသွားသမျှ လမ်းဖြစ်နေတယ်။ သူလုပ်တိုင်း အထမြောက်နေတယ်။ ဒီတော့ စိတ်ချမ်းသာတယ်။ ကိုယ့်ကိုယ်ကိုလေးစားမှုလည်းရှိလာတယ်။ ဒါပေမယ့် တစ်ခါတစ်ခါကျတော့ စိတ်ချမ်းသာတဲ့အဆင့် မှာတင်ရပ်မနေတော့ဘဲ ဟိုဘက်ကို ဆက်သွားတယ်။ ကိုယ်လုပ်ရင်ဖြစ်တယ်ဆိုတဲ့အတွေးမှာတင် ရပ်မနေတော့ဘဲ သူလုပ်ရင်မဖြစ်ဘူးဆိုတဲ့အတွေးဘက်ကို ရောက်သွားတယ်။ ကိုယ်လုပ်မှကိုအရာထင်တာဆိုတဲ့ အတွေးအထိရောက်သွားတယ်။

ဒီတော့ တစ်ဘက်လူကို အထင်အမြင်သေးပြီး ကိုယ့်ကိုယ်ကိုအထင်ကြီးလာတယ်။ ကိုယ့်ကိုယ်ကို ယုံကြည် လေးစားတဲ့အဆင့်တင်မကဘဲနဲ့ အထင်ကြီးတဲ့အဆင့်အထိပါရောက်သွားတယ်။ ကိုယ့်ကိုယ်ကိုအထင်ကြီးမှုတွေ မြင့်တက်လာလေလေ၊ တစ်ခြားသူတွေအပေါ်မှာ အထင်အမြင်သေးလေလေဖြစ်ကုန်ရော။ ကိုယ့်ကိုယ်ကို ယုံကြည်မှုလွန်ကဲလာတော့ လမ်းလျှောက်တာကစ ဖနောင့်သံစူးသလို မြောက်ကြွမြောက်ကြွတွေ ဖြစ်လာတယ်၊ ခေါင်းတထောင်ထောင်၊ လည်တဆန့်ဆန့်ဖြစ်လာတယ်။ တစ်ဘက်လူတွေကိုလည်း အထင်အမြင်တွေ စွတ်ရွတ်ပြီး သေးကုန်တယ်။ ပတ်၀န်းကျင်ကလူအားလုံးကို အပေါ်စီးကပဲ ဆက်ဆံနေတော့တယ်။ ဒါကို ဘ၀င်မြင့်လာတယ် လို့ဆိုရမယ်ထင်တယ်။

လူတိုင်းလူတိုင်းက ကိုယ့်ဘ၀ခရီးကို ကိုယ့်ဘာသာလျှောက်လှမ်းနေရတဲ့အချိန်မှာ အရာရာမှာ ကိုယ်ကပဲ အရေးပါတယ်လို့ ထင်လာတယ်။ တစ်ဘက်လူတွေက ကိုယ့်လောက်အရေးမပါဘူး၊ အရာမရောက်ဘူးလို့ ထင်လာတယ်။ ဒီတော့ ဘာပဲလုပ်လုပ် ကိုယ်ကသာ ရှေ့ကရောက်နေချင်တယ်၊ ကိုယ်ကသာ အထက်ကနေချင် တော့တယ်။ ဒီလိုမှမလုပ်ရရင် မကျေနပ်ဘူး။ ဒီလိုမဖြစ်လာသမျှအရာရာတိုင်းကို အလွဲလွဲနဲ့ အမှားမှားချည်းပဲလို့ ယူဆနေတယ်။

သူ့အမြင်သူ့အတွေးတွေအပေါ်မှာ ဘေးကတည့်မတ်ပေးပြန်ရင်လည်း မကြိုက်ဘူး၊ မပြင်ဘူး။ ပြင်စရာလည်းမလိုဘူးလို့ ယုံကြည်နေတယ်။ ဘာ့ကြောင့်လဲဆိုတော့ သူ့ရဲ့အတွေးအမြင်ကသာလျှင် တစ်ခြား သူတွေရဲ့ အတွေးအမြင်ထက် ပိုပြီးမှန်ကန်နေတယ်လို့ ယုံကြည်နေလို့။

တစ်ခုသောဘ၀မှာ ဘုရားအလောင်းတော်မြတ်ကြီးက ဒွန်းစဏ္ဍားမျိုးမှာဖြစ်ပြီးတော့ ဒေ၀ဒတ်အလောင်း ကတော့ ပုဏ္ဏားမျိုးမှာဖြစ်တယ်။ တစ်နေ့တော့ ဒေ၀ဒတ်အလောင်းပုဏ္ဏားက တောကနေ မြက်ရိတ်ပြီးပြန်လာတယ်။ မြက်ထုံးက အကြီးကြီး။ ဒါကိုသယ်ဖို့ခက်နေတယ်။ ထမ်းပိုးနဲ့လျှိုထမ်းမယ်လုပ်တော့ ထမ်းဖို့အဆင်မပြေဘူး ဖြစ်နေတယ်။ ဒီတော့ ထမ်းပိုးမှာ ဟိုဘက်ဒီဘက် ချိတ်လို့ရအောင်ဆိုပြီးတော့ မြက်ထုံးနဲ့အလေးချိန် ညီလောက်တဲ့ ကျောက်တုံးကြီးတစ်တုံးကိုရှာတယ်။ ပြီးတော့မှ မြက်ထုံးနှင့်ကျောက်တုံးကို ထမ်းပိုးရဲ့တစ်ဖက်စီမှာ ချိတ်ပြီးတော့ ထမ်းပြန်လာတယ်။

ဒါကိုမြင်ရတဲ့ ဘုရားလောင်းဒွန်းစဏ္ဍားက အမြင်မတော်လို့ ၀င်ပြောတာပေါ့။ တကယ်ဆိုရင် မြက်တွေကို တစ်၀က်စီခွဲပြီး ထမ်းပိုးရဲ့တစ်ဘက်စီမှာ ချိတ်ပြီးထမ်းသင့်တဲ့အကြောင်း။ ဒီစကားကိုကြားတော့တော့ ဒေ၀ဒတ်အလောင်း ပုဏ္ဏားကပြန်ပြောသတဲ့။ “သင်ပြောတဲ့စကားက မှန်တော့မှန်တယ်။ ဒါပေမယ့် ငါကပုဏ္ဏား၊ သင်ကဒွန်းစဏ္ဍား။ ဒါ့ကြောင့် သင်ပြောတဲ့စကားကို လက်ခံကျင့်သုံးဖို့ မဖြစ်နိုင်ဘူး”ဆိုပြီးတော့ ကျောက်တုံး တစ်ဖက်၊ မြက်ထုံးတစ်ဖက်ပဲထမ်းပြီးတော့ ခရီးဆက်သွားသတဲ့။ အဲ့ဒီပုဏ္ဏားလိုပါပဲ၊ တစ်ချို့တစ်ချို့သောသူတွေဟာ တစ်ဘက်က ပြောတာမှန်တယ်လို့ယုံကြည်ပေမယ့် ကိုယ့်ထက်နိမ့်တယ်လို့ထင်တဲ့သူကပြောတာမှန်သမျှဆိုရင် လက်ခံပြုပြင်ဖို့ ၀န်လေးတတ်ကြပါတယ်။

သူတော်သူမြတ်တွေကျပြန်တော့ ဘယ်သူကပြောတယ်ဆိုတာထက်၊ ဘာကိုပြောတယ်ဆိုတာကိုပဲ ကြည့်ပြီးတော့ ကောင်းတဲ့စကားဆိုရင် လက်ခံပေးလိုက်ကြတဲ့သဘောရှိပါတယ်။ တစ်ခါတုန်းက အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီး သင်္ကန်းရုံရာမှာ နည်းနည်းလေး မညီမညာဖြစ်နေတာကို ခုနစ်နှစ်သားကိုရင်လေးက “အရှင်ဘုရား သင်္ကန်း၀တ်တာ မညီဘူးဘုရား”လို့ လျှောက်တယ်။ လက်ျာတော်ရံကြီးနဲ့ ခုနစ်နှစ်သားကိုရင်လေး ဆိုတာ အဆင့်အတန်းအားဖြင့် မိုးမြေမက ကွာခြားလှပေမယ့် အရှင်သာရိပုတ္တရာက လေးလေးစားစားပဲ ခံယူခဲ့တယ်။ တစ်နေရာမှာသွားပြီး သင်္ကန်းကို ညီညီညာညာပြန်ရုံတယ်။ ပြီးတော့မှာ ကိုရင်လေးဆီပြန်သွား၊ လက်အုပ်ကလေးချီပြီး “သည်လောက်ဆိုရင်

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစိတ်ညစ်စရာကြားကဆေးတစ်ခွက်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)

Unlock to read this premium article with 10 points.