မိုးနှောင်းအလင်္ကာ
လူရယ်လို့ဖြစ်လာပြီဆို ရိုးသားရမယ်၊ကြိုးစားရမယ်။ နေရာတိုင်းအချိန်တိုင်းမှာရိုးလွန်းနေပြန်ရင်လည်း လူ"အ" လို့ပြောကြပြန်တယ်။ အဲ့ဒီတော့ ရိုးသားသင့်တယ်။ဒါပေမဲ့ မ"အ"သင့်ပါ။ စိတ်သာရိုးသားဖြူစင်နေရင် ကောင်းသောအကျိုးပေးပါလိမ့်မယ်။ရိုးသားခြင်းရဲ့ ရလဒ် ရိုးသားခြင်းရဲ့ဂုဏ်က စားလို့တောင်မကုန်ခမ်းနိုင်ပါဘူး။ဘာလို့များစားလို့မကုန်ပါလဲ?။
တစ်ခါက သူတောင်းစားတစ်ယောက်ဟာ ပင်လယ်က လှပတဲ့ကျောက်စလစ်ခဲလေးတွေကို ကောက်ပြီး စျေးဆိုင်တစ်ဆိုင်ကိုသွားခဲ့တယ်။အဲ့ဒီစျေးဆိုင်ပိုင်ရှင်ကို ဒီကျောက်စရစ်ခဲတွေနဲ့ မုန့်တွေကို လဲလှည်ပါရစေ။ထမင်းမစားရသေးတာမို့ ဆာလောင်လွန်းလို့ ပါဟု ပြောလေတယ်။ အဲ့ဒီအခါ စျေးဆိုင်ပိုင်ရှင်ကလည်း အလွန်ဘဲသနားတာကြောင့် လဲလှည်ပေးခဲ့တယ်။
သူတောင်းစားလေးဟာ နေ့တိုင်းလာလဲလှည်လေ့ရှိတယ်။စျေး၀ယ်သူအချို့က ဆိုင်ရှင်ကြီးကို ဒီသူတောင်းစား အလကားရလို့ လာစားတာဟုဆိုကာ ပြောသောလည်း ဆိုင်ရှင်ကြီးက မုန့်များ ကိုပေးနေဆဲပါဘဲ။တစ်နေ့တော့ သူတောင်းစားလေဟာ ကျောက်စရစ် ခဲတွေကောက်နေရင်း အနီရောင်တောက်နေတဲ့ ကျောက်တစ်လုံးကို ကောက်ရခဲ့တယ်။ဆိုင်ရှင်ကြီးဆီအရင်လိုဘဲသွားလဲလှည်တဲ့အခါ ဆိုင်ပိုင်ရှင်ဟာ ပတ္တမြားကြီးဆိုတာကို သိရှိတဲ့အတွက် လူငယ်လေး ရဲ့ ကျောက်စရစ်ခဲဟာ ပတ္တမြားတစ်လုံးသာဖြစ်တယ်လို့ ပြောခဲ့တယ်။
သူတောင်းစားကလေးဟာ ဆိုင်ရှင်ကြီးဆီမှာသူစားနေတာတွေဟာအလကားလိုပါဘဲ။ဒါကြောင့်ဆိုင်ရှင်ကြီးကို ကျေးဇူးဆပ်တဲ့အနေနဲ့ ယူထားလိုက်ပါလို့ပြောပြီး မုန့်ထုပ်များယူကာထွက်သွားလေတယ်။နောက်တစ်နေ့ရောက်တော့ သူတောင်းစားလေးဟာ ဆိုင်ရှင်ကြီးရဲ့ကျေးဇူးဟာကြီးလှပေတယ်။ပတ္တမြားတွေသာ အများကြီးရှာလာနိုင်ရင် ဆိုင်ရှင်ကြီးလည်းပျော်မှာဘဲလို့ တွေးထင်ပြီး အရင်ပတ္တမြားတွေခဲ့တဲ့ နေရာမှာနောက်တစ်ခေါက်သွားကြည့်တော့ ပင်လယ်ကမ်းခြေ ခပ်လှန်းလှန်းက လှိုင်ခေါင်းငယ်လေးတစ်ခုမှာ ပတ္တမြားအမြောက်အများကိုတွေ့ရှိခဲ့တယ်။
အဲ့ဒီပတ္တမြားတွေကို ဆိုင်ရှင်ကြီးဆီယူသွားဖို့အတွက် ထည့်ဖို့အိပ်ကလည်းမရှိလေတော့ ဆိုင်ပိုင်ရှင်ဆီမှာ အိပ်သွားတောင်းလေတယ်။ သူတောင်းစားလေး အိပ်သွားတောင်းတဲ့အခါ ဆိုင်ရှင်ကြီးဟာ ဒီသူတောင်းစားလေး နောက်ထပ်ပတ္တမြားတွေ့တာကို သူ့ကိုပေးရမှာစိုး၍မပြောဘဲ အထုပ်ထဲထည့်ပြေး မယ်ဟုထင်ကာ သူတောင်းစားလေးကို ဖမ်းချုပ်လိုက်ပြီး ပတ္တမြားရှိရာနေရာကိုမေးလေတယ်။
သူတောင်စားလေးလည်း အလွန်ဘဲကြောက်ရွံ့ပြီး သူလိုက်ပြပါမယ်ဟုပြောကာပင်လယ်ကမ်းခြေဆီသို့ခေါ်သွားလေတယ်။ ပင်လယ်ကမ်းခြေရောက်တော့ သူတောင်းစားလေဟာ ဆိုင်ရှင်ကြီးကို ချောလဲ အောင်လုပ်ပြီးထွက်ပြေးသွားခဲ့တယ်။
ဒီပုံပြင်လေးထဲက ဆိုင်ရှင်ကြီးဟာ ပင်ကိုယ်စိတ်ရင်းရိုးသားပါ လျှက် ငွေကြောင့် အခွင့်အရေးကြီးတစ်ခုကိုလက်လွှတ်ဆုံးရှုံးလိုက်ရတယ်။ရိုးသားခြင်းအရင်းအနှီးကိုအခြင်းနှီးဖြစ်စေတယ်။
ကျွန်တော်တို့ ရွဲကုန်သည်ပုံပြင်ထဲက ရွှေခွက်ကိုလိုချင်ရင် ထမ်းလာတဲ့ ရွဲတွေကိုပေးခြင်းဖြင့်ရိုးသားရမယ်။ရွှေပုဆိန်ပုံပြင်ထဲက တန်ဖိုးကြီးပုဆိန်ကိုလိုချင်ရင်တော့ မိမိမှာရှိတာကိုသာပြောရပါ လိမ့်မယ်။ ထို့အတူဘဲ ကောင်းသောကံတရားနဲ့မြတ်သောဂုဏ်ကို လိုချင်ရင်တော့ ရိုးသားမှုကိုရင်းရပါလိမ့်မယ်။
#မိုးနှောင်းအလင်္ကာ
Keep Reading