Nicolette
English စာကို စတင်လေ့လာနေသူတွေနဲ့ English စာအုပ်တွေကို အခုမှ စတင်ဖတ်ရှုမယ့်သူတွေအတွက် အသုံးဝင်မယ့် နည်းလမ်းကောင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်
(၁) အမျိုးအစားရွေးချယ်ပါ
ကိုယ်က Romance ကို ကြိုက်တယ်ဆိုရင် Romance နဲ့ ပတ်သတ်တဲ့ စာအုပ်လေးတွေကို ရွေးချယ်ပါ။
Horror, Mystery, Comedy, Romance စသည်ဖြင့် ကိုယ့်အကြိုက်ကို ရွေးချယ်ပြီး ဖတ်ပါ။
ဒါမှသာ ဖတ်ရတာ ပိုပြီး စိတ်ဝင်စားမှုရှိမှာပါ။ English စာပေမှာ ရွေးချယ်စရာ အမျိုးအစား အများကြီးရှိပါတယ်။
စစဖတ်ချင်းဆိုရင်တော့ အရမ်းလေးလံပြီး ခက်ခဲတဲ့ သုတစာပေတွေထက် ပေါ့ပေါ့ပါးပါး ဖတ်ရှုနိုင်မယ့် ရသစာပေကို ရွေးချယ်သင့်ပါတယ်။
ရသစာပေထဲမှာမှ Fairy Tales တွေနဲ့ ကလေးစာပေတွေက ရုပ်ပုံလေးတွေပြပြီး နားလည်လွယ်တဲ့စကားလုံး အသုံးအနှုန်းလေးတွေကိုပဲ သုံးနှုန်းထားတာကြောင့် ရွေးချယ်သင့်ပါတယ်။
(၂) Level ရွေးချယ်ပါ
ကိုယ့်ရဲ့ English စာ Level နဲ့ တူတဲ့ စာအုပ် ဒါမှမဟုတ် ကိုယ့်ရဲ့ Level ထက် နိမ့်တဲ့စာအုပ်
ဉပမာ - ကိုယ့် English စာ Level က A2 ဆိုရင် စာအုပ်ကိုလဲ A2 ဒါမှမဟုတ် A1 ကို ရွေးချယ်ပေးပါ။
ကိုယ့်ရဲ့ English စာ Level ထက် မြင့်တဲ့ စာအုပ်တွေကို ရွေးချယ်လိုက်ရင် မသိတဲ့ စကားလုံးတွေ အများကြီးပါတာကြောင့် ဖတ်ရတာ ပျင်းရိသွားနိုင်ပါတယ်။
တစ်ချို့စာအုပ်တွေကတော့ ဘယ် Level အတွက်ဆိုပြီး သီးသန့်ထုတ်ထားတာမျိုးရှိပါတယ်။
မသိတဲ့စကားလုံးများတဲ့ စာအုပ်တွေကို ရွေးချယ်လိုက်ရင် ကိုယ် ရွေးချယ်ထားတဲ့စာအုပ်ရဲ့ အဓိပ္ပာယ်ကို နားမလည်တာ၊ အဘိဓာန် ခဏခဏ ပြန်လှန်ကြည့်နေရတာစတဲ့ အခက်အခဲတွေကြောင့် စာဖတ်ဖို့ အားလျော့သွားတတ်ပါတယ်။
ဒါကြောင့် ကိုယ့် Level နဲ့ ကိုက်တဲ့စာအုပ်တွေက အကောင်းဆုံးပါပဲ။
(၃) မသိတဲ့ စာလုံးလေးတွေကို ချရေးထားပါ
မသိတဲ့ စာလုံးလေးတွေ စာဖတ်ရင်ပါလာရင် ချရေးထားပါ။
ပြီးမှ အဘိဓာန်ထဲမှာ ရှာကြည့်ပါ။
ဒီလိုလုပ်ခြင်းအားဖြင့် စာလုံးလေးတွေကို အချိန်အကြာကြီး ကျက်စရာ မလိုဘဲ မှတ်မိနေမှာပါ။
တစ်ချို့ မသိတဲ့ စကားလုံးလေးတွေက သိတဲ့စကားလုံးကြားညှပ်ပြီး ပါလာတတ်တာကြောင့် အဘိဓာန်မကြည့်ဘဲနဲ့ကို အဓိပ္ပာယ် ဖော်နိုင်ပါတယ်။
ပြီးမှ ကိုယ်နားလည်တဲ့ အဓိပ္ပာယ်မှန်ရဲ့လားဆိုတာကို အဘိဓာန်နဲ့ ပြန်ပြီး တိုက်ကြည့်လိုက်ပါ။
(၄) ပုံမှန်ဖတ်ပါ
တစ်နေ့ကို တစ်မျက်နှာ ဒါမှမဟုတ် ကိုယ့်ဘာသာကိုယ် စာမျက်နှာ သတ်မှတ်ပြီး ဖတ်ပါ။
ဒီလိုနေ့တိုင်းဖတ်ခြင်းအားဖြင့် English စာ စွမ်းရည်တွေ တိုးလာပါလိမ့်မယ်။
ဖတ်တဲ့အခါမှာလဲ audio နဲ့တွဲဖက်ပြီး နားထောင်တာ ကိုယ်မသိတဲ့ စကားလုံးတွေရဲ့ အသံထွက်တွေကို ရှာကြည့်တာမျိုးလုပ်ပါ။
ဒါဆိုရင်တော့ စကားပြောစွမ်းရည်ပါ ပိုမိုပြီး တိုးတက်လာမှာ ဖြစ်ပါတယ်။
(၅) တိုတာလေးတွေကို ရွေးချယ်ပါ
ဝတ္ထုရှည်တွေ မဟုတ်ဘဲ ဝတ္ထုတိုလေးတွေ၊ ကာတွန်းလေးတွေနဲ့ သတင်းဖတ်ရတာ ကြိုက်တဲ့သူဆိုရင်လဲ သတင်းတိုလေးတွေကို ရွေးချယ်ပြီးဖတ်ပါ။
ဒါဆိုရင် ဖတ်ရတာ မပင်ပန်းဘဲနဲ့ အေးအေးဆေးဆေး ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။
တစ်ကွက်စာ ကာတွန်းတိုလေးတွေကလဲ ဖတ်ရတဲ့သူအတွက် ပေါ့ပေါ့ပါးပါးရှိတာဖြစ်လို့ တစ်ကွက်စာ ကာတွန်းတိုလေးတွေကိုလဲ ရွေးချယ်ဖတ်ရှုလို့ရပါတယ်။
(၆) စာဖတ်တဲ့ အလေ့အကျင့်ကောင်းလေးကို မွေးမြူပါ
အိပ်ရာမဝင်ခင် စာဖတ်တဲ့ အကျင့်လေးလုပ်တာ ၊ စာဖတ်တဲ့အချိန်မှာ အာရုံမများအောင်လို့ ဖုန်း၊ ကွန်ပျူတာ စတဲ့ အာရုံထွေပြားစေတဲ့ ပစ္စည်းတွေကို ပိတ်ထားတာမျိုးလုပ်ပါ။
ဖုန်းနဲ့စာဖတ်မယ့် ebook သမားတွေဆိုရင်လဲ အင်တာနက်ပိတ်ထားတာမျိုး လုပ်ပါ။
ဒါမှ စာအုပ်ထဲကို အာရုံစိုက်နိုင်မှာ ဖြစ်ပြီး အလေ့အကျင့်ကောင်းလေးလဲ ဖြစ်လာမှာပါ။
(၇) စိတ်ရှည်ပါ
စစချင်းတော့ ကိုယ်ဖတ်နေကျ ဘာသာစကား၊ ကိုယ်နဲ့အကျွမ်းတဝင်မရှိတဲ့ ဘာသာစကားဖြစ်တဲ့အတွက်ကြောင့် ဖတ်နေတဲ့စာအုပ်ကို နားမလည်တာမျိုး၊ ဖတ်ရတာ ပျင်းရိလာတာမျိုး ဖြစ်တတ်ပါတယ်။
စာတစ်မျက်နှာ၊ နှစ်မျက်နှာလောက်ဖတ်ပြီး လက်လျော့လိုက်တာမျိုး မလုပ်ဘဲ အစအဆုံး တစ်အုပ်တော့ပြီးအောင် ဖတ်ကြည့်ပါ။
English စာအုပ်တွေ ဖတ်ရတာကို နှစ်သက်လာမှာပါ။
English စာအုပ်ကောင်းလေးတွေကို အောက်ပါ Telegram Channel လေးထဲမှာ တင်ပေးသွားပါမယ်
https://t.me/+fDx3Hhe9OWoyZmY1
ဖတ်သင့်တဲ့ English စာအုပ်ကောင်းလေးတွေနဲ့ စာအုပ် review လေးတွေကိုလဲ ရေးပေးသွားဦးမှာမို့လို့ အကောင့်လေးကို follow လုပ်သွားကြပါဦးနော် ☺️
Keep Reading