Author's Profile Photo

မိုးနှောင်းအလင်္ကာ

14/08/2024

လူ့မနော

1 min read
Life Style
General Knowledge
18 Again
လူ့မနော's photo

လူတွေရဲ့ သဘော သဘော၀ ဟာ အလွန်ဘဲ ခန့်မှန်းရခတ်ပါတယ်။"လူ့အလိုနတ်မလိုက်နိုင်"ဆိုတဲ့ စကားပုံတောင်ရှိပါသေးတယ်။အဓိက ခန့်မှန်းရအခတ်ဆုံးက လူတွေရဲ့ စိတ်အာရုံပါ။ အခုချစ်နေတယ်ဆိုရင်တောင် ခဏနေမုန်းချင် မုန်းသွားကြတာ လူတွေရဲ့ သဘာ၀ တစ်ခုပါ။
ဒီနေ့မှာ လူတွေရဲ့ ဆန်းကြယ် တဲ့ လူ့မနော၊လူသဘောကို တင်ပေးသွားမှာဖြစ်ပါတယ်။

(1)ရဲရင့်ရတာကြိုက်နှစ်သက်ခြင်း။
လူတွေဟာ သိပ်ကိုထူးဆန်းပါပေတယ်။ဘယ်သတ္တ၀ါကို အထူးဆန်းဆုံးလည်းမေးရင် လူ လို့ဘဲဖြေမိမှာပါ။ လူတစ်ယောက်ကို တိရစ္ဆာန် နဲ့ နှိုင်းရင် အနှိုင်းခံရတဲ့သူဟာ အလွန်ဘဲ စိတ်ဆိုးတတ်ကြပါတယ်။ဒါပေမဲ့ အဲ့ဒီလူကိုဘဲ ကျားကြီးလို ရဲရင့်ပါတယ်၊ခြင်္သေ့ ကြီးလို့ အရှိန်အ၀ါ ရှိပါတယ် လို့ပြောတဲ့အခါကြရင်တော့ ကျေနပ်ကြပြန်ရောဗျာ။မထူးဆန်းပေဘူးလား...?

(2)အမဲစက်ကိုမြင်တတ်ခြင်း။
လူတွေဟာ ကိုယ့်ဘက်က ဆယ်ခါကောင်းတာကိုမမေ့ပစ်ချင်ပြီဆို တစ်ခါအမှားကို စောင့်နေကြပါတယ်။ဘယ်လောက်ဘဲ အစွန်းအထင်းမရှိတဲ့ စာရွက်ဖြူ​ဖြစ်နေပါစေ ခေါက်ကျိုးရာ ကြီး ရှိတယ်နော် ဆိုတဲ့ အဖြေတော့ထွက်လာကျစမြဲပါ။ "လူတွေချစ်တယ်ဆိုတာ သူတို့ကိုမထိခိုက်သ၍ဘဲမဟုတ်လား" အများကြီးကောင်းတာတွေရှိရင်တောင် တစ်ခါလောက် သူတို့ အပေါ်မကောင်းတဲ့အခါ အပြစ်မြင်လာခဲ့တယ်။အရင်က ကောင်းခဲ့တာကိုမေ့ပစ်ခဲ့တယ်။အမဲစက်ကိုမြင်တတ်တဲ့ လူတွေကိုသတိထားပါ။

(3)ရွှေနွယ်ရိုးပင်နှင့်အသွင်တူခြင်း။
ဒါကတော့ အတော်သတိထားရမဲ့ လူ့စိတ်မျိုးလို့ပြောရပါမယ်။ ရွှေနွယ်ရိုးပင်တွေဟာ ကိုယ်တိုင်မကြီးထွားနိုင်ပေမဲ့ အခြားသော အပင်ကြီးတွေပေါ်မှာ ကပ်ပါးနွယ်ပင်အဖြစ်နဲ့ အာဟာရတွေကို စုပ်ယူစားသုံးရင်း မှီ၀ဲကြပါတယ်။ရွှေနွယ်ရိုးပင်နဲ့အသွင်တူတဲ့လူတွေဟာလည်း သူတို့ကိုယ်တိုင်မရှင်သန်နိုင်ရင် တပါးသူ ကိုယ်ပေါ်က စိတ်အာဟာရ တွေကို စားသုံးတတ်ကြပါတယ်။အဲ့ဒီလို ထူးဆန်းတဲ့ စိတ်နဲ့ သူတပါးအပေါ်မှီခိုရင်း အမှီခိုခံရသူကို ဖျက်ဆီး တတ်ကြတဲ့ လူ့စိတ်ကို သတိထားကြဖို့ အကြံပေးချင်ပါတယ်။

(4)တွေ့ချိုနေတတ်ခြင်း
ခေါင်းစဥ်အတိုင်းပါဘဲ လူ့စိတ်ဟာအင်မတန်ဆန်းကြယ်ပါတယ်။ ကိုယ်ရှိနေချိန်တော့ ချီးမွန်းလိုက်တာ ရွှန်း"ကို​ေ၀လို့ ကိုယ်လည်း ကျောခိုင်းရော အတင်းတုပ်ပါလေရောဗျာ။ တွေ့ချိုတွေဆိုတာ အပေါ်ယံ ကပျားသကာလို ချိုနေအောင်နေတတ်ပြီး အတွင်းထဲမှာ ပုတ်နေတဲ့ ကျီးအာသီး လိုပါဘဲ။ထိုလူမျိုးဟူလည်း အင်မတန်ကို ထုူူးခြားပါတယ် အခုတမျိုးတော်ကြာ တမျိုးလုပ်တတ်တာက မထူးခြားဘဲနေမလားဗျာ။ တွေ့ချို တွေကိုယ့်ပတ်၀န်းကျင်မှာ ရှိခဲ့ရင် အသေအချာရှောင်ကြပါ။

(5)ပေးရတာမကြိုက်တတ်ခြင်း။
ပေးရတာကိုမကြိုက်ဘူးဆိုတာကတော့ ပစ္စည်းဥစ္စာတွေကိုပြောတာမဟုတ်ပါ။အဓိက အားဖြင့် အမျိုးသားတို့ရဲ့ စိတ်မျိုးဖြစ်ပါတယ်။ အမျိုးသားအများစုဟာ ပေးရတာကိုမကြိုက်ပါဘူး။ဘာတွေပေးရတာကိုမကြိုက်တာလည်းဆိုရင် ကိုယ့်ရဲ့ ညီမ၊အမတွေကို တခြားသူဆီ ပေးရတာ(ထိမ်းမြားလက်ထပ်ခြင်း ကိုဆိုလိုပါတယ်) သိပ့်သဘောမကျပါဘူး (အရင်ထဲက ကြည့်မရတဲ့ သူမျိုးဆို ပိုဆိုးပါတယ်) ။စာဖတ်သူတို့တွင် အမျိုးသားများပါခဲ့လျှင် ကျွန်တော်ပြောတဲ့ဒီအချက်နဲ့ ငြိမှာ အသေအချာပင်ဖြစ်ပါတယ်။
(ဒါပေမဲ့ ထူးဆန်းတဲ့အရာကတော့ သူတို့ဟာ တပါးသူရဲ့ အမ/ညီမ တွေကိုတော့ ယူရတာကြိုက်ပါတယ်။)



#မိုးနှောင်းအလင်္ကာ

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးပဲဟင်းတစ်ခွက် ဂုဏ်ယူလျက်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအဆုံးသည်......စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းအသစ်နှင့်အဟောင်းပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းစာဖတ်ခြင်းအလေ့အကျင့်ကို မြှင့်တင်ပေးမယ့် နည်းလမ်းကောင်းများ...ရပ်တန့်ရမယ့်အချိန်