Maru
စာဖတ်သူလေးရဲ့ဘဝရှေ့ရေးတွက် ဘယ်ချိန်ကစ စဉ်းစားခဲ့ပါလဲ။ ဒီနေ့ ကျွန်မရဲ့အကြောင်း အနည်းငယ်ကို ပြောပြပေးသွားမှာဖြစ်ပါတယ်ရှင်?
ကျွန်မ အသက် ၉နှစ်မှာ ညတိုင်းပူပန်နေခဲ့ရပါတယ်။ တော်တော်နဲ့လည်း အိပ်မပျော်ခဲ့ဘူး။ ညတိုင်း နဖူးပေါ်လက်တင်ပြီး စဉ်းစားခဲ့တယ်။
"ငါကြီးလာရင် ဘယ်လိုချမ်းသာအောင်လုပ်ရမလဲဆိုတာကိုပေါ့ "။
ဒါပေမယ့်အဲအရွယ်က ငယ်သေးတယ်လေ။ အဖြေရှာမရခဲ့ဘူး။အဖြေမရတာနဲ့အမျှ ပူပန်ခဲ့ရတယ်။ ချမ်းသာချင်စိတ်က ပြင်းပြနေခဲ့တယ်?။လုံးဝအဖြေရှာမရတဲ့နောက်ဆုံး ကြီးလာမှဆက်စဉ်းစားမယ်လို့တွေးပြီး အစ ဖျောက်လိုက်တယ်။
ဒီလိုနဲ့ အသက် ၁၄နှစ်ရောက်လာတယ်။အသက် ၁၄နှစ်မှာတော့ ရည်မှန်းချက်က လုံးဝပြောင်းလဲသွားတယ်။အသက် ၁၄နှစ်ရဲ့ ရည်မှန်းချက်က တစ်ဘဝလုံးစာတွက်ရည်ရွယ်ပြီးပြီး အစီစဉ်ချထားခဲ့တာပါပဲ။အဲတာကတော့
"ဘာအလုပ်မှမလုပ်ဘဲ မိဘလုပ်စာထိုင်စားဖို့ပါပဲ"
အမေတို့ကိုလည်းပြောထားတယ်။သမီးရဲ့အိုစာမင်းစာတွက်ပါရှာဖွေထားခဲ့ပေးပါ။သမီးဘာမှမလုပ်တော့ဘူး အမေတို့နဲ့ပဲတူတူနေသွား တော့မယ်ပေါ့။(အားကိုးရတဲ့ သမီးလေးပါ)
အဖေက ကျွန်မကိုသိပ်ချစ်တာလေ။အဲ့တော့ပြုံးရယ်ပြီး ရှာသွားပေးမယ်တဲ့လေ ။"ငါတို့တွက်တောင် ငါတို့မပူရဘူး နင့်တွက်ပဲပူရမယ့်ပုံတဲ့"။
ဒီလိုနဲ့ အသက် ၁၅ရောက်လာတယ်။အသက် ၁၅ရောက်တော့ ကိုယ်ပိုင်ဖုန်းစကိုင်ရပြီ။အဲ့အခါမှာလူက ကြက်တူရွေးလေးလိုပဲ?။Gpတွေအများကြီး လိုက်ဝင်တယ်(စာပေ gpများပါတယ်)။အဲ့အခါမှာသိလာရတယ်။
"လူဆိုတာ လုပ်စရာရှိတာသာလုပ်နေရင် အခွင့်လမ်းဆိုတာပေါ်လာစမြဲဆိုတာကိုပေါ့"။
ငယ်ငယ်က ဒီသဘောတရားကိုနားမလည်လို့ မအိပ်ခဲ့ရတဲ့ညတွေများခဲ့ရတာပါပဲ။
ဒီလိုနဲ့ ၁၆နှစ်မှာ ဘဝရည်မှန်းချက်တွေ အသေချာရှိနေခဲ့ပြီ။ရည်မှန်းချက် ၃ခုရှိလာတယ်။ဒါဟာ ဝါသနာထဲကဖြစ်တည်လာတဲ့ရည်မှန်းချက်တွေကြီးပဲ။
ပထမရည်မှန်းချက်က မေမေ နေခဏခဏမကောင်းလို့ဖြစ်ပေါ်လာတဲ့အရာလေး။ ဒါကတော့
"ဆရာဝန်ပါပဲ"(ကျွန်မက စိတ်အကြောင်းလေ့လာရတာကြိုက်ပြီး ကုသပေးရခြင်းကိုပါ နှစ်သက်ပါတယ်/မေမေရောဂါနဲ့ ဘာမှမဆိုင်ပေမယ့်လည်းပေါ့)
ဒုတိယရည်မှန်းချက်ကတော့ အသက် ၉နှစ်ထဲက ဝါသနာပါလာတဲ့
"စာရေးဆရာမ"ဆိုတာလေးပါ။
တတိယရည်မှန်းချက်ကတော့ ကိုယ့်ကိုယ့်ကိုယ်သဘောကျလို့ဖြစ်တည်လာတဲ့အရာလေးပေါ့
" အသံသရုပ်ဆောင်"လေးပဲဖြစ်ပါတယ်။
ကျွန်မကအသံတွေကို သဘောကျတယ်။ ကိုယ့်အသံလည်း ကိုယ်သဘောကျတယ်။ ကျွန်မ ခန္ဓာကိုယ်အစိတ်အပိုင်းမှာ အသံကိုအကြိုက်ဆုံးပါပဲ။
အသံနဲ့ပတ်သက်တာက အသက် ၁၆မှာ ကျောင်းကကျင်းပတဲ့ပွဲတွေမှာ အသံသရုပ်ဆောင်အဖြစ်ပါဝင်တယ်။စစခြင်းကတော့ အပြောအဆိုခံခဲ့ရပြီး ငိုခဲ့ရတဲ့နေ့တွေရှိခဲ့တယ်။ ဒီလိုနဲ့ အဖွဲ့နဲ့လုပ်ရင်း တစ်ယောက်ကိုယ်တစ်ယောက်ကူညီရင်း အဆင်ပြေလာတယ်။
အသက် ၁၇ နှစ်မှာတော့ ကျွန်မပထမဆုံးရေးတဲ့ ဖရာစီတောအုပ်နဲ့သူငယ်ချင်း ၂ယောက် ဆိုတဲ့ဇာတ်လမ်းမှာ စုန်းမ(မမမော်)နေရာကနေသရုပ်ဆောင်ရင်း ကျောင်းမှာနာမည်ရသွားခဲ့တယ်။ အသံကတော့ လက်ရှိ ကျောင်းမှာပဲ အသံသရုပ်ဆောင်အဖြစ်ပါဝင်နေဆဲ။
စာရေးခြင်းကိုတော့ ဒီနှစ် ၂၀၂၄ရဲ့ ၄လပိုင်း(April)မှာစတင်ခဲ့တယ်။ Sarphat နဲ့ပဲစတင်ခဲ့တာပါပဲ။နေမကောင်းလည်း စာတွေရေးခဲ့တယ်။ အိပ်နေရင်လည်း ဘာစာရေးရမလဲ စားနေရင်လည်း ဘာစာတွေရေးရမလဲနဲ့ စာရေးရခြင်းကိုတော့ အရူးအမူးပေါ့။ ကြိုးစားပြီးလည်း သင်ယူနေခဲ့တယ်။ ဆုတွေလည်း ရခဲ့ပါတယ်။(ဒါကစာဖတ်သူလေးတွေရဲ့ကျေးဇူးကြောင့်ပေါ့)။
ကြားထဲမှာ စာတွေရေးပေးမယ့် စာဖတ်သူလေးတွေဆီ ပေးပို့တင်လို့မရခဲ့တဲ့အခြေနေတွေလည်းကြုံခဲ့ရတယ်။ အခြေနေတွေကောင်းတော့လည်း Sarphat acc hackခံထိတဲ့အခြေနေက ကြုံရပြန်ရော။ဒါပေမယ့် acc ဘာမှမဖြစ်ခဲ့လို့ ကျွန်မက အများကြီးကံကောင်းနေခဲ့ပါသေးတယ်။
ဆရာဝန်မလေး ဖြစ်ရေးအတွက်ကတော့ လက်ရှိမှာကြိုးစားပညာသင်ယူနေတဲ့ ကောင်မလေးတစ်ယောက်အဖြစ်ပဲရှိနေပါသေးတယ်။
လက်ရှိချိန်မှာတော့ ရည်မှန်းချက်တွေတွက် ကြိုးစားလျှောက်လှမ်းနေတဲ့လူငယ်လေးပဲဖြစ်ပါတယ်။ အခွင့်လမ်းတွေကို ကိုယ်တိုင်ရှာဖွေတယ်။ရလာသမျှ အခွင့်အလမ်းတိုင်းကိုလည်း သင့်တော်သလိုအသုံးချတယ်။
သေချာတာတစ်ခုကတော့ ထိုင်နေရုံနဲ့ဘာမှဖြစ်မလာနိုင်ပါဘူး။ ကိုယ်တိုင်ကပဲ လမ်းဖောက်ပြီး လျှောက်လှမ်းရမှာပါပဲ။
ရည်မှန်းချက်ကိုသိပါ။ အဓိကရည်မှန်းချက်နဲ့ သာမညရည်မှန်းချက်ကိုတော့ ခွဲခြားသိအောင်လုပ်ပါ။
သာယာသောနေ့လေးဖြစ်ပါစေရှင်❤️
စာဖတ်သူလေးများအားကျေးဇူးတင်လျက်...
August.14.2024.Wed(9:53)
ᗰᗩᖇᑌ
Keep Reading