Tapathi(တပသီ)
ကျွန်တော်ငယ်ငယ်ကတည်းက ပညာရေးမှာ လောဘကြီးသလို ဆု ဆိုရင်လည်း သိပ်ကိုမက်ပါတယ် ။ ကျွန်တော်က အတော်ဆုံး ကျောင်းသူ တစ်ယောက် မဟုတ်ပါ လိုအပ်ချက်တွေနဲ့ ယခုတိုင် ကြိုးစားနေရဆဲ ဖြစ်ပါတယ် ။ သို့သော် သူငယ်တန်းအရွယ်မှ စ၍ နှစ်တိုင်းမိဘများထံသို့ ဆုရသူများသာ တက်ရောက်ခွင့်ရသော ဆုပေးပွဲ ဖိတ်စာလေးကို လက်ခံရရှိစေခဲ့ပါတယ် ။ မိဘတွေကို နှစ်တိုင်း ဆုယူပေးချင်ခဲ့တဲ့အတွက် အတန်းတစ်နှစ်တက်တိုင်း ' ဒီနှစ်သာဆုမရရင် ' ဆိုတဲ့ စိုးရိမ်ပူပန်မှုတွေနဲ့ တွေးတော ပူပန်ခဲ့ရပါသေးတယ် ။ ဆုပေးပွဲတက်ရန်အတွက်လည်း ရုံးချိန်မှ ခက်ခက်ခဲခဲ ထွက်လာရသည့်အတွက် မိဘများ မလာနိုင်မှာ မလိုက်နိုင်မှာကို ကျွန်တော် ဝမ်းနည်းခဲ့ရပြန်တယ် ။ ဆုရတိုင်းလည်း လိုချင်တာမှန်သမျှ ဝယ်ပေးပြီး ဆုချခဲ့တဲ့ ကျွန်တော့်ဖေဖေက ကြိုးစားမှုတွေကို တစ်ဆင့် မြှင့်တင်ပေးခဲ့ပါတယ် ။ ငါးတန်းနှစ် ကျောင်းအပြန် လာကြိုတဲ့မေမေ့ကို ပထမဆုရတယ်လို့ ပြောလိုက်တာနဲ့ ပျော်ရွှင်သွားတယ့်အပြုံးတွေ နဲ့ အိမ်ရောက်တော့ လက်မထောင်ကာ အားပေးချီးမြှောက်တဲ့ ဖေဖေ ၊ အဲ့ဒီနှစ် ပထမဆုနှစ်ခုရခဲ့တဲ့ အခိုက်အတန့်တွေကို ယခုထက်တိုင် ကျွန်တော် မေ့မရပါ ။ အခုလို ဆုရသည်ကို " ကျွန်တော် တော်၍ မဟုတ် ကျွန်တော့် အတန်းဖော်များ မကြိုးစားကြခြင်းကြောင်း" ဟု ပိုကြိုးစားရန် ဖေဖေက ပြောပြခဲ့ပါတယ် ။
မိဘတွေက ကျွန်တော့်အတွက် ကံကောင်းခြင်းလက်ဆောင်တွေပါ ။ ယောကျာ်းတစ်ေယာက်ကဲ့သို့ သတ္တိတွေရှိစေခဲ့တာ ကျွန်တော့်ဖေဖေ ၊ ဝါသနာတိုင်းကို ပံ့ပိုးကူညီခဲ့တာ ကျွန်တော့်ဖေဖေ ၊ လွတ်လပ်စွာပြောဆိုပိုင်ခွင့်နဲ့ အကြောက်တရားတွေ မရှိစေခဲ့တာ ကျွန်တော့်ဖေဖေ ၊ စိတ်ဓာတ်ကြံ့ခိုင်မှုနဲ့ ကိုယ့်ကိုယ်ကိုယ် အားကိုးတတ်စေခဲ့တာ ကျွန်တော့်မေမေ ၊ ဖျက်လတ်စွာ အိမ်မှုကိစ္စတွေကို လုပ်နိုင်စေခဲ့တာ ကျွန်တော့်မေမေ ပါ ။ ကျွန်တော်တို့တွေဟာ မွေးဖွားလာရခြင်းအတွက် မိဘ ၊ အသိုင်းအဝိုင်း စသည်ဖြင့် ရွေးချယ်ပိုင်ခွင့် မရှိပါ ။ ကိုယ်မွေးဖွာရာမှာ အကောင်းဆုံးကြိုးစားရှင်သန်နိုင်ခြင်းဟာ လောကနိဗ္ဗာန် ပါ ။ အခုလို မြှင့်တင်အားပေးကြတဲ့ မိဘများဆီမှာ ရှင်သန်ခွင့်ရတဲ့အတွက်လည်း လောကကြီးနှင့်တကွ မိဘများကို ကျေးဇူးအထူးတင်ရှိပါတယ် ။ ဒါ့အပြင် အမြဲပျော်ရွှင်ရစေတဲ့ ညီအစ်ကိုမောင်နှမတွေ သူငယ်ချင်းတွေအားလုံးဟာ ကျွန်တော့်ဘဝရဲ့ ကံကောင်းခြင်းတွေပါပဲ ။
အခုလို စာတွေရေးနိုင်အောင် " Sarphat Application "လေးကို ကျွန်တော့်သူငယ်ချင်းမှ တစ်ဆင့်သိခွင့်ရခဲ့ပါတယ် ။ ထိုကဲ့သို့ အခွင့်အလမ်းတွေ ၊ မသိသေးတဲ့ အသစ်သစ်သော အရာတွေကို လမ်းညွှန်ပေးခဲ့တဲ့ သူငယ်ချင်းလေးကိုလည်း အထူးပင် ကျေးဇူးတင်ရပါတယ် ။ နောက်ထပ်အနေနဲ့ Sarphat ကိုလည်း ကျေးဇူးတင်မိပါတယ် ။ လူငယ်တွေရဲ့ ဝါသနာကို အကောင်အထည်ဖော်နိုင်ရန် ၊ စာအရေးအသားအတွက် အလေ့အကျင့်ဖြစ်စေရန် ၊ စာပေတွေ ဖတ်ရှုနိုင်စေရန် ၊ တနေရာထဲမှာပဲ ဆောင်းပါးတွေကို နယ်ပယ်စုံ ဖတ်ရှုနိုင်လို့ များစွာ အထောက်အကူပြုပါတယ် ။ ဝါသနာတွေကို ထောက်ပံ့ပေးတဲ့ Appလေး တစ်ခုပါ ။
ကျွန်တော် Sarphat ကို စသိခွင့်ရတဲ့ ပထမလမှာ စာဖတ်သူအဖြစ် ဆောင်းပါးတွေကို ဖတ်ရှုခဲ့ပါတယ် ။ ဒုတိယ လမှာတော့ စတင်ရေးသားဖြစ်ခဲ့ပါတယ် ။ June 20 ရက်နေ့မှာ စတင်ရေးသားခဲ့ပါတယ် ။ ဆယ်ရက်အတွင်းမှာပဲ လကုန်ရင်ရွေးမယ့် Top 10 အတွက် ပါဝင်ချင်တဲ့ လောဘရှိခဲ့ပါတယ် ။ မပါဝင်ခဲ့ရတဲ့အတွက်လည်း စိတ်မကောင်းဖြစ်ခဲ့ရပါတယ် ။ ဆု ကို သိပ်မက်မောတဲ့အတွက် Sarphat က ပေးတဲ့ ဆုလေးကို ရချင်ခဲ့ပါတယ် ။ သို့သော် ကြိုးစားဖို့လိုသေးတယ်ဆိုတာ ကျွန်တော်သိပါတယ် ။ July မှာတော့ Top 10 ပါကို ပါရမယ်ဆိုပြီး ကိုယ့်ကိုယ်ကိုယ် အားပေးခဲ့ပါတယ် ။ Top 3 ရခဲ့တဲ့အတွက်လည်း ဝမ်းသာမိပါတယ် ။ ရည်မှန်းချက်လေးတစ်ခု ပြည့်ဝခဲ့ရပါတယ် ။ လိုအပ်ချက်တွေများစွာနဲ့ကျွန်တော်ကလည်း ဒီ့ထက်ပိုပြီး ကြိုးစားသွားပါ့မယ် ။ စာရေးသူလေးတို့လည်း လက်မလျှော့ဘဲ ဆက်ရေးကြဖို့ တိုက်တွန်းအပ်ပါတယ် ။ ကျွန်တော် နောက်ထပ်ရေးမယ့် ဆောင်းပါးစာပေလေးများကိုလည်း ဖတ်ရှုပေးကြဖို့ တောင်းဆိုချင်ပါတယ် ။
စာရေးသူ ၊ စာဖတ်သူလေးတို့ အောင်မြင်ပျော်ရွှင်သော ဘဝတွေကို ပိုင်ဆိုင်နိုင်ကြပါစေ ☘
Keep Reading