Author's Profile Photo

Nyein

13/08/2024

ငွေမရှိရင်...

1 min read
Life Style
Poetry
18 Again
ငွေမရှိရင်...'s photo



ငွေမရှိရင်
ဆွေမျိုးတောင် သူစိမ်းဖြစ်တယ်။

ငွေရှိရင်,
သူစိမ်းတောင် ဆွေမျိုးဖြစ်တယ်။

ငွေရှိအောင် ကြိုးစားပါ။

မရှိခင်မှာ ချွေတာပါ။
ရှိလာတဲ့အခါ စည်းကမ်းရှိပါ။

ငွေရှာပြီး မချွေတာရင်
သေအောင်ရှာ မကြီးပွားပါဘူး။

ငွေနဲ့ပတ်သက်လာရင်
ကျန်းမာရေးနှင့် ပညာရေးကလွဲပြီး
လိုတာထက် ပိုမသုံးပါနဲ့။

လူမသေ ငွေမရှားဆိုတဲ့အတိုင်း
လူတစ်ယောက် အသက်ရှင်နိုင်ရန်အတွက်
ငွေကိုနှမျှောနေလို့မရပါဘူး။

ပညာရဲရင့် ပွဲလယ်တင့်ဆိုတဲ့အတိုင်း .
ပညာတတ်ဖြစ်ရန် ငွေကိုနှမျှောနေလို့မရပါဘူး။


အရာရာတိုင်းကို
ငွေနဲ့ဝယ်လို့ မရပေမယ့်
နေရာတော်တော်များများက
ငွေမပါရင် မပြီးသလောက်ပါပဲ။

နောက်ဆုံး ဆေးရုံပေါ်ကလူနာ
အသက်ကယ်ဆေးထိုးဖို့အတွက်
ငွေမပါရင်
မပြီးပါဘူး။

"ရရစားစား
ဝါးဝါးမျိုမျို
စုမထားလို့
ငါးပြားမပို
ဒုက္ခတွေ့မှ
ပေးကြပါဆို
သေခါးနီး
ငိုချည်း
မျက်ရည်ယို"။

လူတွေဟာ
ကိုယ့်ကိုကူညီဖို့
မွေးဖွားလာကြတာမဟုတ်ပါဘူး။

သူများအကူညီကို မမျှော်လင့်ပါနဲ့။
ကိုယ့်အားကိုယ်ကိုးပါ။



ကြိုးစားတိုးပွားနိုင်ကြပါစေ။




#Nyein
13.8.2024(Tuesday)

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစိတ်ဓာတ်ကျနေတဲ့အခါစိတ်ညစ်စရာကြားကဆေးတစ်ခွက်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်း