Author's Profile Photo

Cherry May

12/08/2024

Motivation တွေ ထိုင်ဖတ်နေရုံနဲ့ အောင်မြင်သွားမှာလား?

1 min read
Life Style
Personal Development
General Knowledge
Motivation တွေ ထိုင်ဖတ်နေရုံနဲ့ အောင်မြင်သွားမှာလား?'s photo

Motivation ဆိုတာ ကျွန်တော်တို့ရဲ့ စိတ်ဓါတ်တွေကို မြှင့်တင်ပေးမဲ့ စွမ်းအင်တွေပါတဲ့ စကားလုံး‌တွေကို စုပေါင်းထားတာပါ။ ကျွန်တော်တို့ ဘဝမှာ ကိစ္စတစ်ခုခုကိုလုပ်ဖို့ moti လိုတဲ့အချိန်တွေကြုံဖူးမှာပါ။ " စာလုပ်ဖို့ပျင်းနေလို့ moti လေး၊ ငါလမ်းပျောက်နေတယ်ကွာ moti လေးပေးပါအုံး " စသဖြင့် moti တောင်းတာမျိုးတွေလဲကြုံဖူးမှာပါ။

ကျွန်တော်တို့ စဉ်းစားရမှာက moti ရတိုင်း အောင်မြင်မှာလား။
ဟုတ်ပါတယ်၊ motivation စာစုတွေ ဆိုတာ တကယ်ကောင်းပါတယ်။ ဒါပေမဲ့ ဘယ်လောက်စွမ်းအားကြီးတဲ့ motivation စာစုပဲဖြစ်ဖြစ် ကိုယ်ကိုယ်တိုင်က လုပ်ချင်စိတ်မရှိရင် သူလဲ မကူညီနိုင်ပါဘူး။

ဥပမာပြောပြပါမယ်။ 


ကိုယ်က ခြံဝင်းကြီးတစ်ခုထဲမှာ ရောက်နေတယ်။ အပြင်ဘက်မှာ သိပ်လှတဲ့ ရှူခင်းတွေရှိနေတာကို သိတယ်။ ကြည့်လဲကြည့်ချင်တယ်။ ဒါပေမဲ့ခက်တာက အုတ်တံတိုင်း မြင့်လွန်းနေတာပဲ။ အရပ်နဲ့လုံးဝ မမှီနိုင်ဘူးဖြစ်နေတယ်။ ခုန်ကြည့်တာလဲ ရမနေဘူး။ အဲ့လိုစိတ်ညစ်နေတဲ့အချိန်မှာ တစ်စုံတစ်ယောက်က ကိုယ့်အတွက် ခုံလေးလာချပေးတယ်။ 

motivation ဆိုတာ အဲ့ခုံလေးနဲ့အတူတူပါပဲ။ ကိုယ့်ရဲ့လုပ်ချင်စိတ်တွေကို ဆထက်တိုးအောင်လို့ မြှင့်တင်ပေးမှာပါ။ ကိုယ်က ခုံကြီးကို ထိုင်ကြည့်နေပြီး အပြင်ဘက်က ရှုခင်းတွေအကြောင်း စိတ်ကူးယဉ်နေရုံနဲ့ ဘာမှ ဖြစ်မလာဘူးနော်။ အဲ့လိုပဲ motivation စာစုတွေ ထိုင်ဖတ်ပြီး စိတ်ကူးယဉ်နေရုံနဲ့ မင်းဘဝမှာ ဘာမှ ပြောင်းလဲလာမှာမဟုတ်ဘူး။

motivation က ခုံနဲ့ တူတယ်ဆိုရင် ကိုယ်တို့ လိုအပ်တာက အဲ့ခုံပေါ်တက်လိုက်ဖို့ပါပဲ။

moti ဆိုတာတွေက ကိုယ်တို့စိတ်ထဲလုပ်ချင်နေပေမဲ့ မစနိုင်သေးတဲ့အရာတွေကို စပြီးလုပ်ချင်လာအောင် စွမ်းအင်တွေပေးနေတဲ့ တွန်းအားတစ်ခုဆိုလဲမမှားပါဘူး။

တကယ်လုပ်ချင်စိတ်ရှိတဲ့သူ‌တစ်ယောက်အတွက် moti တစ်ကြောင်းနဲ့တင် သူ့ဘဝကို ပြောင်းလဲနိုင်ပါတယ်။ တကယ်လုပ်ချင်စိတ်မရှိတဲ့သူတွေအတွက်တော့ moti စာတွေ ထောင်ပေါင်းများစွာ ဖတ်နေလဲ ဒုံရင်းက ဒုံရင်းပဲဖြစ်နေမှာပါ။

ဒါကြောင့် ကိုယ်လုပ်ချင်တဲ့အရာအတွက် motivation စာစုတွေကို ဖတ်ရုံတင်ဖတ်တာမျိုး မဟုတ်ဘဲ ကိုယ်တကယ်ဘာလုပ်ချင်တာလဲ။ ဘာအတွက်လုပ်ချင်ရတာလဲ။ အဲ့ဒီကိုယ်လုပ်ချင်တဲ့အရာက ကိုယ့်အတွက် ဘယ်လောက်ထိအရေးပါနေလဲ ဆိုတာတွေကိုလဲ သေချာ စဉ်းစားပါ။

ပြီးရင်တော့ ကိုယ်ဖတ်ထားတဲ့ အဲ့ဒီ moti တွေက ပေးတဲ့စွမ်းအားရယ်၊ ကိုယ့်ရဲ့ အတွင်းစိတ်ထဲမှာရှိတဲ့ လုပ်နိုင်စွမ်းရယ်ကို ပေါင်းစပ်ပြီး တခြားသူတွေ မှင်သက်သွားရလောက်တဲ့အထိ အစွမ်းကုန်ကြိုးစားပြလိုက်စမ်းပါ။

Cherry May
12/8/2024 [Mon]
( 8:19 pm )

#CherryMay
#Motivation

Keep Reading

အချိန်ဆွဲတာကိုကုစားမယ် စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်ဒေါင်လိုက်ဒရာမာ (Vertical Drama)စိတ်ဓာတ်ကျနေတဲ့အခါစိတ်ညစ်စရာကြားကဆေးတစ်ခွက်ရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း