မြသွန်း(တောင်ဒဂုံ)
?မိတ်ဆွေတို့အခုမြင်တွေ့နေရတဲ့နွားကတော့ ကမ္ဘာပေါ်ကဈေးအကြီးဆုံးနွားပဲဖြစ်ပါတယ်။ ကမ္ဘာ့ဈေးအကြီးဆုံးနွားဆိုကတည်းက ပုံမှန်နွားတွေနဲ့မတူဘဲ တစ်ခုခုထူးခြားနေလို့ပဲဆိုတာကတော့ အသေချာပါပဲ။ ဒါဆိုရင် အဲ့ဒီနွားက ဘာတွေများထူးခြားနေလို့လဲ? သူ့ကို ဘယ်လိုမွေးမြူကြတာလဲ? ဘယ်လောက်ထိ ဈေးရှိသလဲ?
?ဒါကတော့ Wagyu Beefလို့အမည်ရတဲ့ ကမ္ဘာ့ဈေးအကြီးဆုံးနွားပဲဖြစ်ပါတယ်။ Wagyu Beefဆိုတာ ဂျပန်နွားလို့အဓိပ္ပာယ်ရပြီး သူ့ကိုဂျပန်နိုင်ငံမှာပဲ အဓိကမွေးမြူကြပါတယ်။ ဒီနွားတွေကို အမေရိကန်နဲ့ ဩစတြေးလျတို့မှာလည်း မွေးမြူကြပေမယ့် ဂျပန်မှာမွေးတဲ့ကောင်တွေရဲ့ အရည်သွေးစံချိန်ကိုတော့ လုံးဝကိုသွားယှဉ်လို့မရပါဘူး။
? ဂျပန်မွေးမြူရေးသမားတွေက ဒီနွားတွေကို မွေးမြူကြတဲ့အခါမှာ Wagyu Beefတွေ တစ်ချက်ကလေးမှ စိတ်ဆင်းရဲမှုမရှိရအောင် အနီးကပ်ဂရုစိုက်ကြတယ်လို့သိရပါတယ်။
? Wagyu Beefတွေရဲ့အသားက သာမန်အမဲသားတွေလို အသားတစ်ထပ်၊အဆီတစ်ထပ်ပုံစံမဟုတ်ဘဲ အသားလွှာထဲမှာ အဆီအမြှောင်းလေးတွေပါရှိနေပြီး အရသာကလည်း စားလိုက်တဲ့သူတိုင်းကို စွဲလမ်းမိစေတာကြောင့် သူ့ရဲ့ဈေးကလည်း (၁)ကီလိုကို ဒေါ်လာ(၃၀၀)ဆိုတဲ့နှုန်းထားနဲ့ ရပ်တည်နေပါတယ်။
? အခုလိုဈေးကောင်းသလို အရည်သွေးကလည်းကောင်းတယ်၊ အရည်သွေးကောင်းသလို မွေးမြူရတဲ့လုပ်ငန်းစဉ်ကလည်း ပေါ့သေးသေးတော့မဟုတ်ပါဘူး။ မွေးမြူရေးသမားတွေက သူတို့ကို ဘုရင်တစ်ပါးလိုပဲ စောင့်ရှောက်နေကြရတာပါ။
?ဒီနွားတွေကို နေ့စဉ်အစာ(၃)ကြိမ်တိတိ အချိန်မှန်မှန်နဲ့ ဂရုတစိုက်ကျွေးမွေးပေးရပါတယ်။ ဘာတွေကျွေးသလဲဆိုတော့ ဆာကေး၊ ဝီစကီ၊ ဝိုင်၊ ဘီယာ စတာတွေကို ချက်လုပ်တဲ့နေရာမှာသုံးတဲ့ အချဉ်ဖက်တွေကို ကျွေးတာပဲဖြစ်ပါတယ်။ ဒီအချက်တစ်ချက်နဲ့တင် အမဲသားရဲ့အရည်သွေးက အများကြီးစကားပြောသွားပါပြီ။
?ဒါတွေတင်မဟုတ်သေးပါဘူး။ ဒီနွားတွေကို ရေဆိုရင်လည်း လူတွေသောက်သုံးကြတဲ့ ရေသန့်ကိုပဲတိုက်ကျွေးပြီးတော့ အိပ်ရာဆိုရင်လည်း ပုံမှန်လေးသန့်ရှင်းရေးလုပ်ပေးရတယ်လို့ဆိုပါတယ်။ အဲ့လိုသန့်ရှင်းပြီး သူတို့တွေ နေရထိုင်ရတာ သက်တောင့်သက်သာရှိမှ စိတ်ရှုတ်ထွေးမှုနှုန်းကိုလည်း လျှော့ချစေမှာပါ။
? စိတ်ရှုတ်တာတို့၊ စိတ်ဖိအားများတာတို့က အကြောအညာတွေကို တောင့်တင်းစေတာကြောင့် အသား အရည်သွေးကို အများကြီးထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့်မို့လို့ ဂျပန်မွေးမြူရေးသမားတွေက သူတို့ကို မကြာခဏနှိပ်နယ်ပေးရတယ်လို့လည်း သိရပါတယ်။
?နောက်ပြီး စိတ်ကိုပျော်ရွှင်ကြည်နူးစေတဲ့ ဟော်မုန်းတွေများများထွက်ရအောင်လို့ဆိုပြီး ညနေဘက်ရောက်တိုင်း ဒီWagyu Beefတွေကို သီချင်းအေးအေးလေးတွေ ပေးနားထောင်တယ်လို့လည်းသိရပါတယ်။
?ဒီလောက်ဆိုရင် ဒီအမဲသားက ဘာလို့အခုလိုဈေးကြီးရတာလဲဆိုတာကို မိတ်ဆွေတို့ နားလည်သဘောပေါက်သွားကြမယ်ထင်ပါတယ်။ နောက်ဆုံးအနေနဲ့ပြောချင်တာကတော့ ဒီနွားတွေကို ကမ္ဘာ့ဈေးအကြီးဆုံးနွားဆိုတာထက် ကမ္ဘာ့ကံအကောင်းဆုံးနွားလို့ပြောရင် ပိုပြီးမှန်လိမ့်မယ်ထင်ပါတယ်။ မိတ်ဆွေတို့ရော ဘယ်လိုထင်ပါသလဲ?
?ပြီးတော့ ကမ္ဘာ့ဈေးအပေါဆုံးနဲ့ ကံအဆိုးဆုံးနွားတစ်မျိုးလည်းရှိပါသေးတယ်။ အဲ့ဒီနွားကိုသိတဲ့သူကတော့ ဆရာကြီးပါပဲ။ သိတယ်ဆိုရင် အသဲပေးသွားခဲ့ဦးနော်..?
မြသွန်း(တောင်ဒဂုံ)
Keep Reading