Author's Profile Photo

Sandi Cho

10/08/2024

လိုတိုင်းတ ရနေရတဲ့ဘ၀မျိုးကို မလိုချင်ပါနဲ့!

1 min read
Life Style
Personal Development
18 Again
လိုတိုင်းတ ရနေရတဲ့ဘ၀မျိုးကို မလိုချင်ပါနဲ့!'s photo

လိုတိုင်းတ ရနေရတဲ့ဘ၀မျိုးကို မလိုချင်ပါနဲ့၊

လိုချင်တာတွေကို ရအောင်ယူနိုင်တဲ့ ဘ၀မျိုးရဖို့ရှာပဲကြိုးစားပါ။

ချိုတို့ လူတွေရဲ့သဘာ၀က အချောင်ရတာကိုလိုချင်ကြတယ်။ကိုယ်ကြိုးစားစရာမလိုပဲ ရလာတာတွေဆို လုံး၀အကြိုက်ပေါ့။လူတွေက ဇိမ်နဲ့နေရတဲ့ဘ၀မျိုးကို ကြိုက်ကြတယ်။အဲဒါကြောင့် ပိုက်ဆံရှိတဲ့သူတွေကို အားကျကြတယ်။သူဌေးသားတွေ၊သမီးတွေဖြစ်ချင်ကြတယ်။

မိန်းကလေးအများစုဆိုရင်လည်း အဲလိုပါပဲ။သူဌေးဖြစ်အောင်ကြိုးစားဖို့ထက် သူဌေးနဲ့ လက်ထပ်ပြီး ဇိမ်ခံရမယ့် ဘ၀ကိုပြီးမက်မောကြတယ်။ဒါလည်းသူတို့အပြစ်တော့မဟုတ်ပါဘူး။လူသဘောကိုး။

ဒါပေမယ့် ချိုတို့နားလည်ထားရမှာတစ်ခုတော့ရှိတယ်။ဘ၀ရဲ့အရသာက ဇိမ်ခံခြင်းမဟုတ်ဘူး။

ဆန်အိုးထဲမှာ ပိတ်မိနေတဲ့ ကြွက်ပုံပြင်သိကြလိမ့်မယ်ထင်ပါတယ်။အစပိုင်းတော့ လုံး၀ဇိမ်ကြပေမယ့် ဆန်တွေကုန်သွားရင်ကြ ဘယ်လိုလုပ်ကြမလဲ....?

ဓားတစ်ချောင်းကို သုံးစရာမလိုဘူးဆိုပြီး အလှပြထားရင် ကြာရင်သံချေးတွေတက်လာလိမ့်မယ်။

လူလည်းအဲလိုပဲ။လုပ်စရာမရှိဘူးဆိုပြီး ဘာမှမလုပ်ပဲနေရင် ကြာရင် ဘာမှလုပ်တတ်မှာမဟုတ်တော့ဘူး။အဲဒါကြောင့် လုပ်စရာမရှိဘူးဆိုပြီး ဇိမ်ယူနေရတဲ့ ဘ၀ထက် နည်းနည်းချင်းဆီဖြစ်ဖြစ်ကြိုးစားနေတဲ့ဘ၀က ပိုနေလို့ကောင်းတယ်။

ဘ၀ရဲ့အရသာက ဇိမ်ခံခြင်းမဟုတ်ရင် ဘာလဲလို့မေးစရာရှိပါတယ်။တကယ်တော့ ဘ၀ရဲ့အရသာက ပျော်ရွှင်ခြင်းပါ။
ဘယ်လိုပျော်ရွှင်ခြင်းလည်းဆို ကိုယ်အရာတစ်ခုခုကို ကြိုးစားပြီး အဲအရာလေးကဖြစ်မြောက်အောင်မြင်လာတဲ့အခါ ရလာတဲ့ ပျော်ရွှင်မှုက ဘာနဲ့မှမလဲနိုင်ပါဘူး။

အောင်မြင်မှုဆိုတဲ့နေရာမှာလည်း လွယ်လွယ်ရလာတဲ့ အောင်မြင်မှုနဲ့ ခက်ခက်ခဲခဲရလာတဲ့ အောင်မြင်မှုရဲ့အရသာဟာလုံး၀ကိုမတူပါဘူး။

အဲဒါကြောင့် ကိုယ်လိုချင်တာတွေကို အလွယ်တကူရနေတဲ့ဘ၀မျိုးထက် ခက်ခက်ကြိုးစားရတဲ့ဘ၀မျိုးကို ပိုမက်မောပါ။

Not every effort is successful but behind every success there is an effort.


ကြိုးစားမှုမရှိပဲနဲ အောင်မြင်မှုဆိုတာဖြစ်မလာပါဘူး။အဲဒါကြောင့် ကြိုးစားပါ။ကိုယ်ရဲ့ ဘ၀တွက်၊ကိုယ်ရဲ့ မိသားစုအတွက်၊ကိုယ့်ကိုယ်ကို အတွက်ကြိုးစားပါ။

ပြီးတော့ အဲကြိုးစားမှုကနေရလာတဲ့ အောင်မြင်မှုရဲ့အရသာကို အပြည့်အ၀ခံစားပါ။ပျော်ရွှင်ခြင်းတွေနဲ့အတူပေါ့။

အမြဲတမ်း ဇိမ်ယူနေမယ်၊လုပ်စရာမရှိဘူးဆို ဘ၀ဟာ အရမ်းပျင်းဖို့ကောင်းသွားလိမ့်မယ်။

အဲဒါကြောင့် ကြိုးစားရင်း၊ဘ၀ရဲ့ အနိမ့်အမြင့်တွေကို ဖြတ်ကျော်ရင်းနဲ့ပဲ ဖြတ်သန်းကြည့်ပါ။

ချိုရဲ့စာဖတ်သူလေးတွေလည်း comfort zone ကနေရုန်းထွက်နိုင်ပြီးတော့ လောကဓံကို ရင်ဆိုင်ရဲတဲ့ လူသားများဖြစ်အောင် ကြိုးစားကြပါနော။


                                 Sandi Cho?


#SandiCho
#လိုတိုင်းတရနေရတဲ့ဘ၀မျိုးကို မလိုချင်ပါနဲ့

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးပဲဟင်းတစ်ခွက် ဂုဏ်ယူလျက်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအဆုံးသည်......စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းအသစ်နှင့်အဟောင်းပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းစာဖတ်ခြင်းအလေ့အကျင့်ကို မြှင့်တင်ပေးမယ့် နည်းလမ်းကောင်းများ...ရပ်တန့်ရမယ့်အချိန်