မြသွန်း(တောင်ဒဂုံ)
? Nigeria နိုင်ငံက Fulaniလူမျိုးစုအမျိုးသားတွေဟာ သူတို့ကိုကြာပွတ်နဲ့အခုလိုအားပြင်းပြင်းနဲ့ရိုက်နေတာတောင် အပြုံးမပျက်ဘဲနေ နေကြပါတယ်။ လူအုပ်ကြီးကြားထဲမှာ မတ်တပ်ရပ်ပြီးတော့ အခုလိုမျိုးတဖြန်းဖြန်းနဲ့ရိုက်ခံနေရတာဟာ သူတို့ပဲအပြစ်လုပ်ထားလို့ အပြစ်ပေးခံနေရတာလား? ဒါမှမဟုတ် သူတို့ကိုယ်တိုင်ကပဲ လိုလိုလားလားအရိုက်ခံနေကြတာလား? အမှန်ပါပဲ.. အခုလိုအရိုက်ခံကြတာက သူတို့ကိုယ်တိုင်လိုလိုလားလားနဲ့ပြိုင်ပွဲဝင်နေကြတာဖြစ်ပါတယ်။ ပြိုင်ပွဲကတော့ပြောရမယ်ဆိုရင် မိန်းမလုတဲ့ပြိုင်ပွဲပဲဆိုပါတော့။ နောက်ပြီးတော့ဒါဟာ မိန်းမတစ်ယောက်ရဖို့အတွက် အနာကျင်ရဆုံးနည်းလမ်းလို့လည်းပြောလို့ရပါတယ်။ Fulani လူပျိုတွေဟာ အရွယ်ရောက်လာပြီဆိုတာနဲ့ Sharoလို့ခေါ်တဲ့ ဒီပြိုင်ပွဲကိုဝင်ပြိုင်လေ့ရှိကြပါတယ်။
?ပြိုင်ပွဲမှာကတော့ အခုမြင်တွေ့နေရတဲ့အတိုင်း ကြာပွတ်နဲ့အသေအကြေကိုရိုက်ခံကြရတာပါ။ သူတို့ရဲ့အယူအဆအရ ဒီလိုရိုက်ခံရတာကိုခံနိုင်ရည်ရှိသလောက် ရဲရင့်မှုဘယ်လောက်ရှိသလဲဆိုတာကို ဖော်ထုတ်ကြတာပဲဖြစ်ပါတယ်။ အခုလိုလူအများကြားမှာအရိုက်ခံရင်းနဲ့ နည်းနည်းလေးတွန့်သွားတာပဲဖြစ်ဖြစ်၊ ငိုတာပဲဖြစ်ဖြစ်၊ တစ်ခြားနာကျင်တယ်ဆိုတဲ့ ဘာလက္ခဏာမှမပြဘဲ "ရိုက်စမ်းပါ၊ နာနာရိုက်စမ်းပါ"ဆိုပြီးတော့ နာကျင်မှုဒဏ်ကိုတောင့်ခံထားကြပါတယ်။ အဲ့လိုမှမဟုတ်ဘဲ ခံနိုင်ရည်ကုန်ခမ်းသွားပြီဆိုရင် သူတို့မိသားစုလည်းဂုဏ်သိက္ခာကျရတယ်ဆိုပြီး ယူဆကြတာပါ။ တကယ်လို့ ဒီအရိုက်ခံတဲ့စမ်းသပ်ပွဲမှာ အောင်မြင်သွားတဲ့အမျိုးသားကတော့ ထီပေါက်တာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ အဲ့လိုအောင်နိုင်သွားတာနဲ့ လူအများကသူ့ကို ယောကျာ်းကောင်းတစ်ယောက်ဖြစ်တယ်ဆိုပြီး ဝိုင်းပြီးတော့အသိမှတ်ပြုကြမှာဖြစ်သလို သူကြိုက်တဲ့ကောင်မလေးကိုလည်း ခေါင်းခေါက်ရွေးနိုင်မှာဖြစ်ပါတယ်။
?သူတို့ဆီက Fulaniကောင်မလေးတွေကလည်း ဒီလိုအောင်မြင်သွားတဲ့သူတွေကိုမှ စိတ်ဝင်စားကြတာဖြစ်ပြီးတော့ တကယ်လို့သူတို့စိတ်ထဲမှာ ဒီကောင်လေးက အတော်ကိုရဲရင့်သန်မာတယ်ဆိုရင် ပိုက်ဆံတွေတောင် အလကားပေးလိုက်ကြတာပါ။ နောက်ပြီးတော့ ကောင်မလေးတစ်ယောက်ကို ကောင်လေးနှစ်ယောက်က တစ်ပြိုင်တည်းချစ်မိသွားကြပြီဆိုရင်လည်း ဒီနည်းလမ်းကိုအသုံးပြုပြီးတော့ ကောင်မလေးကိုပြိုင်လုကြပါတော့တယ်။ ကောင်လေးနှစ်ယောက်က တစ်ယောက်တစ်လှည့် အပြန်အလှန်ရိုက်ကြရင်းနဲ့ နောက်ဆုံးမလဲဘဲကျန်ရစ်သူကသာ အဲ့ဒီကောင်မလေးကိုလက်ထက်ယူနိုင်မှာပါ။ ဒါ့အပြင်ဒီထက်ပိုပြီးတော့ သူ့ရဲ့ခံနိုင်ရည်အစွမ်းကို သက်သေပြရင်ပြနိုင်သလို မိန်းမတွေလည်း ကြိုက်သလောက်ယူနိုင်မှာဖြစ်ပါတယ်။ အခုလိုမျိုး ရိုးရာယဉ်ကျေးမှုအရ အစဉ်အမြဲကျင်းပလာကြတဲ့ Sharoစမ်းသပ်မှုပြိုင်ပွဲဟာဆိုရင် Fulaniယောကျာ်းလေးတွေရဲ့ သန်မာမှု၊ ကြံ့ခိုင်မှု၊ ခံနိုင်ရည်ရှိမှု စတာတွေကိုကြွားဝါတဲ့ ပွဲတော်တစ်ခုအသွင်ကိုဆောင်နေပါတယ်။
? ဒါမယ့် တစ်ချို့Fulaniလူမျိုးတွေက ဒီအစဉ်လာကြီးကို ခါးခါးသီးသီးကိုငြင်းဆန်ကန့်ကွက်နေကြပါတယ်။ ဘာလို့လဲဆိုတော့ ဒါကအန္တရာယ်များသလို သူတို့အစ္စလာမ်ဘာသာမှာလည်း ကန့်ကွက်ထားတာကြောင့်ဖြစ်ပါတယ်။ ဒါမယ့်လည်း တစ်ခြားFulaniလူမျိုးတွေကတော့ Sharoပြိုင်ပွဲကို သူတို့ဘိုးဘွားဘီဘင်တွေလက်ဆင့်ကမ်းလာတဲ့ ရိုးရာတစ်ခုဆိုပြီးတော့ ယခုတိုင်ကျင့်သုံးနေကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မိတ်ဆွေတို့ကိုတစ်ခုလောက်မေးချင်တာက မိန်းမယူဖို့အတွက် အခုလိုအရိုက်ခံရဲသလားရှင်...
Keep Reading