SarPhat Author
အခုခေတ်မှာ ကျွန်တော်ရဲ့ အချိန်တွေဟာ ခိုးယူခံရဖို့ လွယ်ကူပါတယ်။
Notification တစ်ခုဟာ ကိုယ်လုပ်နေတဲ့ အလုပ်တစ်ခု လုံးအပေါ်မှာ အနှောင့်အယှက်ဖြစ်သွားနိုင်တယ်။
Social Media တွေပေါ် မှာ Scrolling လုပ်နေတဲ့အခါမှလည်း Shinny Object Syndrome လို့ခေါ်တဲ့ ဒါပြီးရင် ဘာများလာဦးမလဲဆိုတဲ့ ဦးနှောက်ရဲ့ သိချင်စိတ်ကို ကျွန်တော်တို့ လွန်ဆန်ဖို့ခက်နေတတ်တယ်။
Tiktok ဆိုရင်ပိုဆိုးပါတယ်။ Tiktok ကို တည်ထောင်ခဲ့သူ ByteDance ကုမ္ပဏီဟာ လူတွေရဲ့ အာရုံကို အချိန် အတန်ကြာ ဘယ်လို ဖမ်းစားရယူ မလဲဆိုတာ ကောင်းကောင်းကြီး နားလည်ပါတယ်။ သူတို့ရဲ့ platform မှာ လူတွေ ကြာကြာရှိနေနိုင်အောင် ဘယ်လို ဆွဲဆောင်ရမလဲဆိုတာ သေသေချာချာ လေ့လာထားခဲ့တာပါ။
တစ်မိနစ်စာ ဗီဒီယိုအတိုလေးတွေဟာ အာရုံစိုက်နိုင်စွမ်းလျော့ကျလာတဲ့ လူသားတွေအကြိုက်ပါပဲ။
အဲ့ဒါကြောင့် လူတွေဟာ Tiktok ကို တစ်ခြား ဆိုရှယ်မီဒီယာတွေထက် ပိုပြီး စွဲလန်းနေကြတာပါ။
ကိုယ့်ကိုကို သတိမထားမိပဲ အချိန်တွေကုန်သွားပြီးမှငါ့ အချိန်တွေ ဘယ်ရောက်သွားလဲဆိုပြီး တွေးမိတတ်ကြတယ်။
ကိုယ့်ရဲ့ အချိန်တွေကို ခိုးယူခြင်း မခံချင်ဘူးဆိုရင် ကိုယ့်အချိန်တွေ ကို ကိုယ်ကိုတိုင်ပဲ လုံခြုံအောင်
ကာကွယ်ဆောင့်ရှောက်ရလိမ့်မယ်။
Notification တွေဘယ်လောက်ပဲ တက်လာ နေပါစေ ကိုယ်လက်ရှိလုပ်နေတဲ့အရာလောက်
အရေးမကြီးဘူးလို့ တွေးထားရမယ်။
ကြားဖြတ်အနေနဲ့ ခေါင်းထဲ ပေါ်လာတဲ့ အလုပ်တွေကိုလည်း ခဏ မေ့ထားရမယ်။
အဲ့ဒီ ကြားဖြတ်အတွေးထဲဟာ ဦးနှောက်ထဲ ဝင်လာတဲ့ ကြော်ငြာတွေနဲ့တူတယ်။
ဪ ငါဒါလည်း လုပ်ဖို့ ကျန်သေးပါလား။
အဲ့ဒီနောက်အလုပ်နှစ်ခုကို ကျွန်တော်တို့တစ်ပြိုင်တည်းလုပ်မိကြတယ်။
အဲ့ဒီအခါ ဟိုဟာလည်း မပြီး ဒီဟာလည်းမပြီး ဖြစ်သွားလိမ့်မယ်။ တကယ်တော့ အလုပ်နှစ်ခုကို တစ်ပြိုင်တည်း လုပ်တာဟာ အချိန်တွေကို ပိုပြီး ကြန့်ကြာစေနိုင်ပါတယ်။
YouTube မှာဆိုရင်လည်း စိတ်ဝင်စားစရာကောင်းတဲ့ Thumbnail တွေနဲ့ ကိုယ့်ရဲ့
အချိန်ကို ခိုးယူဖို့ ကြိုးစားကြ လိမ့်မယ်။
အဲ့ဒီအတွက် ကိုယ်လေ့လာရမယ့်
ဗီဒီယိုတွေကို Watch later ထဲထည့်ထားပြီး watch later playlist ထဲမှာပဲ သွားကြည့်သင့်တယ်။
ကိုယ့်ဘာ့ကြောင့် ဒီ platform ပေါ်ရောက်လာလဲဆိုတာ ကိုယ့်ကိုကို ပြန်သတိပေးဖို့လိုတယ်။
ကျွန်တော်တို့ မှာ အချိန်တွေ အများကြီး မရှိပါဘူး။ အချိန်တွေဟာ မြန်ဆန်လွန်းပါတယ်။ ကိုယ့်မှာ အချိန်ဖြုန်းမယ်ဆိုတဲ့ ရည်ရွယ်ချက် မရှိဘူးဆိုရင်တောင် ကိုယ့်ရဲ့ အချိန်တွေဟာ ယိုပေါက်တွေ များစွာကနေ ကုန်ဆုံး လျော့နည်းနေတာ သတိပြုသင့်တယ်။
အဲ့ဒါ့ကြောင့် အားလုံးက ခိုးယူဖို့ ကြိုးစားနေတဲ့ ကိုယ့်ရဲ့ အချိန်တွေကို သတိတရားကပ်ပြီး
ကာကွယ်ပါ။
ကိုယ့်ရဲ့ အချိန်တွေကို ကိုယ်မကာကွယ်ရင် ဘယ်သူမှ လာကာကွယ်ပေးမှာ မဟုတ်ပါဘူး။
နောင်တဆိုတာ ဘယ်တော့မှ မချိုမြိန်ပါဘူး။
Aung Paing Phyo
Keep Reading