Author's Profile Photo

SarPhat Author

13/03/2024

မြန်မာ့၏ သီတင်းကျွတ်ပွဲတော်

1 min read
Life Style
Book Review
Culture
မြန်မာ့၏ သီတင်းကျွတ်ပွဲတော်'s photo



" သီတင်းကျွတ်"လသည်
မြန်မာပြက္ခဒိန်၏ ခုနစ်လမြောက် လဖြစ်ပြီး
ရဟန်းသံဃာများလည်း ဝါဆိုရာမှ
ပြီးဆုံးသော ဝါကျွတ်ကာလပဲ ဖြစ်ပါတယ်။

အထူးသဖြင့်
သီတင်းကျွတ်လပြည့်နေ့သည်ကား
ဗုဒ္ဓဘာသာဝင်တို့ အထွတ်အမြတ်ထားရာ
နေ့ထူးနေ့မြတ်ကြီး တစ်ရက်လည်း ဖြစ်ပါတယ်။

မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး တာဝတိံသာနတ်ပြည်မှ
သင်္ကဿနဂိုရ်ပြည်သို့ ဆင်းသက်တော်မူသော ထူးခြားသော ထိုနေ့မှာ
မြတ်စွာဘုရားရှင်
ဆင်းသက်ကြွမြန်းလာသည်ကို ရည်ရွယ်၍ ကြည်ညိုပူဇော်သောအားဖြင့်
ဆီမီးမြတ်များ ထွန်းညှိပူဇော်ရာမှ
သီတင်းကျွတ်ကာလတွင်
ဆီမီးထွန်းပွဲတော်များ ကျင်းပရသည့်
အလေ့အထများ ဖြစ်တည်လာခဲ့ရပါတယ်။

မြတ်စွာဘုရားသခင်သည်
တာဝတိံသာနတ်ပြည်၌
မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿီတနတ်သားကိုအကြောင်း ပြု၍
ကုသလာဓမမှာ အကုသလာဓမမှာ ၊
အဗျာကတာဓမ္မာအစရှိသည်ဖြင့်
အဘိဓမ္မာခုနစ်ကျမ်းကို
ဟောတော် မူပြီးနောက်
သီတင်းကျွတ်လပြည့်နေ့တွင်
တာဝတိံသာနတ်ပြည်၌
ပဝါရဏာပြု၍ လူ့ပြည်သို့
သက်ဆင်းတော်မူသည်ကိုအကြောင်းပြုလျက်
ထိုနေ့ကို
"အဘိဓမ္မာနေ့"ဟူ၍
သမုတ်ကာအဘိဓမ္မာ ပူဇော်ပွဲများကိုလည်း
ကျင်းပရခြင်း ဖြစ်ပါတယ်။

သီတင်းကျွတ်လပြည့်နေ့ကို
တစ်နည်းအားဖြင့်
" ဘုရားဆုပန်နေ့"လို့လည်း ခေါ်နိုင်ပါတယ်။

အကြောင်းမူကား
မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီး
တာဝတိံသာနတ်ပြည်မှ
ပတ္တမြားစောင်းတန်းမှတစ်ဆင့်
ဆင်းသက်လာသောအခါ
လက်ယာဘက် ရွှေစောင်းတန်းဖြင့်
နတ်အပေါင်းခြံရံလျက်
လက်ဝဲဘက်စောင်းတန်းဖြင့်
ဗြဟ္မာမင်းတို့ ခစားကာ
လိုက်ပါလာသည်ကို ဖူးမြင်ရသော
၃၆ ယူဇနာအတွင်းရှိ
ပရိသတ်အပေါင်းမှာ
ကြည်ညိုလွန်းအားကြီး၍
" ဘုရားဆု"ကို
တောင်းဆုပြုကြတာကြောင့်ပဲ ဖြစ်ပါတယ်။

ဤသည်ကို အကြောင်းပြု၍လည်း "သီတင်းကျွတ်လပြည့်နေ့"ကို
"ဘုရားဆုပန်နေ့"ဟု
တစ်နည်း ခေါ်ဆိုကြခြင်းပဲ ဖြစ်ပါတယ်။

မြတ်စွာဘုရားရှင်
တာဝတိံသာနတ်ပြည်မှ
ဆင်းသက်တော်မူမည်ကို
စောင့်ဆိုင်းနေကြသော
ပရိသတ်အတွက်
ရှင်မဟာမောဂ္ဂလန်ကိုယ်တော်မြတ်ကြီးက မြတ်စွာဘုရားအား
မည်သည့်အချိန် မည်သည့်အခါတွင်
လူ့ပြည်ကို ဆင်းသက်ပါမည်နည်းဟု
မေးမြန်းလျှောက်ထားပေးသော်

မြတ်စွာဘုရားက
ဘုရားရှင်အား ဖူးမြော်လိုသူတိုင်း
ရွာဦးကျောင်းသို့ ဉပုသ်သည်များ
တရားနာသကဲ့သို့ လာရောက်ကြရမည်ဖြစ်ပြီး
ထိုနေ့ရက်ကို
ဉပုသ်သီတင်း ဆောက်တည်ကြမယ့်
" လပြည့်နေ့"ဟု မိန့်ကြားတော်မူခဲ့ပါတယ်။

မြတ်စွာဘုရားသည်
တာဝတိံသာနတ်ပြည်မှ
လူ့ပြည်သို့ မဆင်းသက်မီတွင်လည်း
ရေမီးအစုံ တန်ခိုးပြာဋိဟာကို
ပြသတော်မူပြီး ထိုတန်ခိုးတော်မှာ
စကြာဝဠာတစ်ခုလုံး ဟင်းလင်းပြင်
ဖြစ်သွားသည်အထိ ထွန်းလင်းခဲ့ပါတယ်။

ရှင်တော်မြတ်ဘုရား၏
လောကဝိဝရဏတန်ခိုးဘော်ကိုလည်း
လူ၊နတ်၊ဗြဟ္မာ နဲ့ ငရဲသားတို့လည်း
တစ်ဦးစီ မျက်ဝါးထင်ထင်
မြင်တွေ့ခွင့် ရခဲ့လေတယ်။

သီတင်းကျွတ်လပြည့်နေ့သည်
ရဟန်းသံဃာများ ဝါမှ ထတော်မူသောနေ့

ပဝါရဏာပြုကြသောနေ့
မြတ်စွာဘုရားရှင်သည်
တာဝတိံသာနတ်ပြည်၌ ဝါတွင်းသုံးလပတ်လုံး အဘိဓမ္မာတရားတော်မြတ်ကို
ဟောကြားတော်မူပြီး အောင်မြင်စွာ
ပြီးဆုံးသော "အဘိဓမ္မာအခါတော်နေ့"

နတ်ဗြဟ္မာအပေါင်းခြံရံလို့
တာဝတိံသာနတ်ပြည်မှ
လူ့ပြည် သင်္ကဿနဂိုရ်ပြည်သို့
ဆင်းသက်တော်မူသောနေ့

ဗြဟ္မာ နတ် လူအပေါင်းတို့က
မြတ်စွာဘုရားရှင်အား
အတူတကွ ပူဇော်ရသောနေ့

လောကဝိဝရဏတန်ခိုးတော်ကြောင့်
စကြဝဠာတစ်ခွင်လုံး
တိုးလျှိုးပေါက်မြင်တွေ့ကြရသောနေ့
စသောဂုဏ်ထူးများနဲ့
ပြည့်စုံနေတဲ့ ထိုနေ့ကို
အမြတ်ဆုံးသောပူဇော်ခြင်းဖြစ်တဲ့
ဆီမီးမြတ်ဖြင့် ဘုရားရှင်အား ပူဇော်ခြင်းဖြင့် သီတင်းကျွတ်ကာလရဲ့
အမြတ်ဆုံးကုသိုလ်ကို ရယူကြတာပဲဖြစ်ပါတယ်။

ဒါကြောင့်
မိတ်ဆွေအပေါင်းလည်း
ထူးမြတ်လှသော
" သီတင်းကျွတ်"ကာလအခါသမယမှာ
ကိုယ်စိတ်နှလုံးရွှင်လန်းစွာဖြင့်
ကုသိုလ်တရားတို့
စုဝေးစေလို့
မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးအား
" ဆီမီးမြတ်များ" ထွန်းညှိပူဇော်ရင်း
ကျန်းမာပျော်ရွှင်ကြပါစေ

Poppysmith.

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်အပေါ်ယံသမားစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)