အက္ခရာ - Haruki
လက်ရှိ Relationship မှာမပျော်တော့ဘဲ စိတ်ညစ်လာတဲ့အခါ ငါပိုင်ဆိုင်ထားတာ Toxic ဖြစ်တဲ့ Relationship ဖြစ်နေပြီလားလို့ တွေးဖူးကြမှာပါ။ တစ်ခါတစ်လေကျရင် ကိုယ်တိုင်သတိမထားမိပဲ Toxic Relationship ထဲရောက်နေတာမျိုး ြစ်ပါတယ်။
ကိုယ့်ချစ်သူကို ချစ်တဲ့စိတ်တစ်ခုထဲနဲ့ အရာရာသည်းခံနေပေမယ့်လည်း ကြာလာရင်ကိုယ်ပဲနာကျင်လာရတာပါ။ အခုကျွန်တော်ပြောပြပေးမယ့်အချက်တွေကတော့ ကိုယ်ဟာ Toxic Relationship ထဲမှာရှိနေတာဖြစ်ကြောင်း သတိပေးနေတဲ့အချက်တွေပဲဖြစ်ပါတယ်ခင်ဗျာ။
❤️? - ချယ်လှယ်တာ၊ ချုပ်ချယ်တာခံနေရခြင်း
ချစ်လို့ဆိုတဲ့အကြောင်းပြချက်နဲ့ အမြဲလိုလို သူ့သဘောအတိုင်းချယ်လှယ်နေတာ၊ ကိုယ်လုပ်ချင်တာတွေ၊ ကိုယ့်စိတ်တိုင်းကျ ဘာမှမလုပ်ရဘဲ သူ့သဘောအတိုင်၊ အမြဲချုပ်ချယ်ခံနေရတာတွေကြုံနေရပြီဆိုရင်တော့ တကယ်ကိုမွန်းကြပ်စရာကောင်းတဲ့ Toxic Relationship ထဲ ရောက်နေတာပါပဲ။
♨️ - အမြဲသဝန်တိုခံနေရခြင်း
ကိုယ်ချစ်သူကို ချစ်လို့သဝန်တိုတယ်ဆိုတာတော့ သဘာဝပါပဲ။ ဒါပေမယ့် လိုတာထက်ပိုပြီး သဝန်တိုရာကနေ စွပ်စွဲတာတွေ၊ လူရှေ့ သူရှေ့ အရှက်ကွဲရတာတွေပါ ခဏခဏဖြစ်လာပြီဆိုရင်တော့ တဖြေးဖြေးနဲ့ ဒီ Relationship က Toxic ဖြစ်လာပါလိမ့်မယ်။
ရုပ်ပိုင်းဆိုင်ရာစော်ကားခံနေရခြင်း ဘယ်လိုအကြောင်းမျိုးကြောင့်နဲ့ပဲဖြစ်ဖြစ် ရုပ်ပိုင်းဆိုင်ရာ စော်ကားခံနေရပြီ၊ ထိခိုက်နာကျင်အောင် ကိုယ်ထိလက်ရောက် အလုပ်ခံ နေရပြီဆိုရင်တော့ ဆက်ပြီးမတွဲသင့်တော့တဲ့ Toxic Relationship ထဲမှာရောက်နေတာပါပဲ။
? - သူနဲ့နေရတာမပျော်တော့ခြင်း
ကိုယ်ကသာ လက်ရှိ Relationship ကို Toxic Relationship ဖြစ်နေမှန်းမသိပေမယ့် အခြေအနေတွေကတော့ ပြောင်းလဲလာတာ ကိုယ့်ကိုယ်ကို သတိထားမိလာပါလိမ့်မယ်။ အရမ်းချစ်ပေမယ့်လည်း သူနဲ့နေရတာ မပျော်တော့တာမျိုး၊ ချစ်တော့ချစ်ပေမယ့် ဆက်မ တွဲချင်သလို၊ သူနဲ့ရှိနေရင် မွန်းကြပ်သလို ခံစားရတာတွေ ဖြစ်လာပါလိမ့်မယ်။
? - Privacy ချိုးဖောက်ခံရခြင်း
ချစ်သူရည်းစားမဟုတ်ပဲ လင်မယားအချင်းချင်းတောင်မှ၊ မိသားစုအချင်းချင်းတောင်မှ Privacy ဆိုတာ ရှိသင့်ပါတယ်။ Privacy ကို မ စောင့်ထိန်းပဲ ချိုးဖောက်တာတွေ၊ ချစ်ရင်ဆိုတဲ့ အကြောင်းပြချက်နဲ့ အမျိုးမျိုး အကြပ်ကိုင်တာတွေက မဖြစ်သင့်ပါဘူး။ Privacy ချိုး ဖောက်ခံရရင် ဒါလည်း Toxic Relationship ပါပဲ။
❌ - စာဖတ်သူလေးရဲ့အတွေးအမြင်တွေကိုဂရုမစိုက်ခြင်း
ကိုယ်ဘယ်လိုခံစားရတယ်၊ ကိုယ်ဘယ်လိုတွေးထင်မလဲဆိုတဲ့ ကိုယ့််ရဲ့ခံစားချက်တွေ၊ အတွေးအမြင်တွေကိုဂရုမစိုက်ဘဲ သူ့အတွက်ပဲသူကြည့်ပြီး သူလုပ်ချင်တာလုပ်တဲ့ တစ်ကိုယ်ကောင်းသမားမျိုးနဲ့ တွဲနေရတာဆိုရင်လည်း စာဖတ်သူလေးတို့ Relationship က Toxic ဖြစ်နေပါပြီ။
? - https://t.me/Relationship_coach_by_Haruki
#Haruki
Keep Reading