Author's Profile Photo

SarPhat Author

13/03/2024

ချစ်ခွင့်ပန်တဲ့ အချိန် ချစ်ရသူ မိန်းကလေးနဲ့ ဘာ့ကြောင့် တစ်ချိန်လုံး စကားမပြောသင့်တာလဲ?

1 min read
Life Style
18 Again
ချစ်ခွင့်ပန်တဲ့ အချိန် ချစ်ရသူ မိန်းကလေးနဲ့ ဘာ့ကြောင့် တစ်ချိန်လုံး စကားမပြောသင့်တာလဲ?'s photo


ကိုယ့်ဘက်က ဂရုစိုက်မူတွေ ပြသခဲ့ပေမယ့် ဘာ့ကြောင့် မိန်းကလေးတစ်ယောက်ရဲ့ အချစ်ကို ပိုင်ဆိုင်ခွင့်မရခဲ့တာလဲ?

ဘာတွေမှားသွားခဲ့တာလဲ?

 အဖြေကို သိချင်ရင်တော့ ဒီ ဆောင်းပါးကို အဆုံးထိ ဖတ်ကြည့်ဖို့လိုပါလိမ့်မယ်။

ကျွန်တော်တို့ အမျိုးသားတွေ မိန်းကလေးတစ်ယောက်ကို ချစ်ခွင့်ပန်တဲ့အချိန်မှာ လုပ်မိကြတဲ့ အမှားတစ်ခုဟာ သူနဲ့ တစ်ချိန်လုံးစကားပြောခွင့်ရဖို့ ကြိုးစားမိခြင်းပါ။ 

မိန်းကလေးတစ်ယောက်ရဲ့ အချစ်ကို ပိုင်ဆိုင်ခွင့်ရဖို့ဆိုရင် သူနဲ့ အားရင်အားသလို စကားပြော ပေးဖို့ လိုမယ်လို့ ထင်နေကြတာပါ။ 

မိန်းကလေးတွေကို သွားမေးမယ်ဆိုရင်လည်း သူနဲ့ တစ်ချိန်လုံး စကားပြောပေးတဲ့သူကို ပိုပြီး သဘောကျမှာပေါ့လို့ ဖြေကြလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော် တို့ အနေနဲ့ မိန်းကလေးတစ်ယောက်ရဲ့ အချစ်ကို ရဖို့ တစ်ခြားမိန်းကလေးတစ်ယောက်ဆီက အကြံအညဏ်မတောင့်သင့်ပါဘူး။

မိန်းမတွေဟာ roller coaster စီးရတဲ့ အချိန် ရရှိလေ့ရှိတဲ့ ခံစားချက်မျိုးကို သဘောကျတယ်။

ကျွန်တော်တို့ဟာ မိန်းမတစ်ယောက်ကို စိတ်ဝင်စားမူ ရှိကြောင်း ပြသ လို့ရတယ်။ သူ့ရဲ့ တစ်နေ့တာနဲ့ ပတ်သတ်ပြီး စိတ်ဝင်စားမူ ရှိကြောင်း မေးခွန်းတွေမေးလို့ရတယ်။
ဒါပေမဲ့ ကျွန်တော်တို့ ဘက်က တစ်ရာ ရာခိုင်းနှုန်းသူ့အပေါ် စိတ်ဝင်စားနေတယ်ဆိုတာ ဖော်ပြလိုက်လို့မရဘူး။

သူနဲ့ တစ်ချိန်လုံး စကားပြောခြင်းဟာ သူ့အပေါ် လုံးဝ စိတ်ဝင်စား နေကြောင်း ပြသနေသလိုဖြစ်သွားလိမ့်မယ်။

မိန်းကလေးတွေဟာ ယောင်္ကျားတစ်ယောက်ဆီက ဂရုစိုက်မူတွေကို နှစ်သက်ပေမယ့် အရာရာ ခန့်မှန်းရလွယ်ကူနေတာမျိုးကို တော့ သဘောမကျပါဘူး။ 

ဒီ တစ်ယောက်က ငါ့ကို အမြဲတမ်းစကားလာပြောနေတယ်။ ငါ့ကို တော်တော် သဘောကျတယ်ထင်တယ်။ ငါနည်းနည်းလိုက်တော့ မူလိုက်ဦးမယ်။ 
သူ့မှာ ငါကလွဲရင် တစ်ခြားစိတ်ဝင်စားတဲ့ မိန်းကလေးမျိုးမရှိလောက်ဘူး စ သည်ဖြင့် တွေးတောနိုင်ပါတယ်။ 

အခုခေတ်မိန်းကလေးတစ်ယောက်မှာ ရွေးချယ်စရာ အရမ်းပေါပါတယ်။

မိန်းကလေးတစ်ယောက်ဟာ ပေါပေါလောလောရနေတဲ့ဂရုစိုက်မူတွေထက် သူ့ကို ဘယ်လောက်ထိ ရင်ခုန်စိတ်လှုပ်ရှားမူတွေ ပေးစွမ်းနိုင်လဲဆိုတဲ့ အပေါ် မူတည်ပြီး ယောင်္ကျားတစ်ယောက်ကို ‌ရွေးချယ်လေ့ရှိတယ်။

အဲ့ဒီအချက်ဟာ မိန်းကလေးတွေ ကျွန်တော်တို့ကို မသိစေချင်တဲ့ လှို့ဝှက်ချက်တွေထဲက တစ်ခုလို့ ပြောလို့ရတယ်။

ဘာ့ကြောင့်လဲဆိုတော့ မိန်းက‌လေး တော်တော်များများဟာဆယ်ကျော်သက်ဘဝမှာ ထဲက ယောင်္ကျားများစွာရဲ့ ဂရုစိုက် အလေးပေးမူတွေကို လုံလုံလောက်လောက် ရရှိခဲ့ပြီးလို့ပဲဖြစ်ပါတယ်။

မိန်းမ‌တစ်ယောက်နဲ့ တစ်ချိန်လုံး စကားမပြောခြင်းဟာ ဘာ့ကြောင့် သူ့ကို ပိုပြီး ဆွဲဆောင်နိုင်စေတာလဲ? 

ကျွန်တော်တို့ဟာ သူ နဲ့ တစ်ချိန်လုံး စကားပြောခွင့်ရဖို့ မကြိုးစားဖူးဆိုရင် သူ့အတွက် ထူးဆန်းနေလိမ့်မယ်။

ဒီ ယောင်္ကျားက ငါကြုံဖူးတဲ့ ယောင်္ကျားအားလုံးနဲ့ မတူပါလား။ ငါကြုံဖူးတဲ့ လူတွေဟာ ငါနဲ့ တစ်ချိန်လုံး စကားပြောခွင့် ရဖို့ ကြိုးစားလေ့ရှိတယ်။

သူကတော့ ငါနဲ့ အမြဲတမ်း စကားလာမပြောဘူး။ သူတစ်နေ့နေ့ ဘာတွေ လုပ်နေလဲမသိဘူး။ သူဟာ အလုပ် ကြိုးစားမယ့်ပုံပဲ။ 

ဒါမှမဟုတ်သူနဲ့ စကားပြောနေတဲ့ တစ်ခြားမိန်းမတွေများ ရှိနေမလားမသိဘူး။ 

သူ့ရဲ့ အဲ့ဒီလို သိချင်စိတ်တွေကပဲ သူ့ကိုသူ ကျွန်တော်တို့နှင့် ပိုပြီးနီးစပ်အောင် တွန်းပို့မိသွားလိမ့်မယ်။

ဒီနည်းလမ်းကို ကျွန်တော်ကိုယ်တိုင်လည်း အရင်က စမ်းသပ်ခဲ့ဖူးပါတယ်။ အမှန်တကယ်လည်း အလုပ်ဖြစ်ခဲ့ပါတယ်။ ယုံတာမယုံတာကတော့ စာဖတ်သူတွေရဲ့ အပိုင်းပါပဲ။ 

Aung Paing Phyo

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်အပေါ်ယံသမားစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)