အက္ခရာ - Haruki

ကိုယ့်ချစ်သူက ကိုယ့်ကိုဘယ်လောက်ချစ်သလဲ ကိုယ့်မှာ ကမ္ဘာ့အကောင်းဆုံးချစ်သူတစ်ယောက် ပိုင်ဆိုင်ထားတယ်ဆိုတာကို ဘယ်လိုသိနိုင်မလဲ။ အခုကျွန်တော်ဖော်ပြပေးမယ့်လက္ခဏာများကို စာဖတ်သူလေးရဲ့ချစ်သူဆီမှာတွေ့ရတယ်ဆိုရင်တော့ စာဖတ်သူလေးဟာ ကမ္ဘာ့ကံအကောင်းဆုံးလူသားတစ်ယောက်ပဲ ဖြစ်ပါတယ်ခင်ဗျာ။
??♂️ - သဝန်မတိုဘူး
သဝန်တိုခြင်းဟာ တခါတရံမှာ စာဖတ်သူလေးတို့ရဲ့သမီးရည်းစားဆက်ဆံရေးကို ဖျက်ဆီးနိုင်ပါတယ်။ ကိုယ့်အပေါ်တွင်သဝန်မတိုခြင်းဟာ ကိုယ့်အပေါ်မှာ အပြည့်အဝယုံကြည်ထားကြောင်းဖော်ပြနေတာဖြစ်ပြီး ဒီအချက်က စာဖတ်သူလေးတို့အချစ်ရေးအတွက် ကောင်းတဲ့အချက်တစ်ခုပဲဖြစ်ပါတယ်။
? - စိတ်ရှည်တယ်
လူတိုင်းကစိတ်မရှည်တတ်ကြပါဘူး။ ပုံမှန်စိတ်ရှည်တတ်တဲ့သူဆိုရင်တောင် သူတို့ချစ်သူကိုအနိုင်ယူချင်တဲ့အခါ စိတ်ရှည်သည်းခံတတ်တဲ့ အမူအကျင့်တောင်ပျောက်သွားပြီး စိတ်တိုစိတ်ဆတ်လွယ်သယောင်ပြုမူတတ်ပါတယ်။ ဒါပေမဲ့ ကိုယ့်ချစ်သူက ကိုယ့်အပေါ်မှ်စိတ်ရှည်သည်းခံတတ်တယ်ဆိုရင်တော့ ကိုယ်ဟာ ကံအကောင်းဆုံးလူသားတစ်ယောက်ပဲဖြစ်ပါတယ်။
???? - စာဖတ်သူလေးကို အမြဲတမ်း အားပေးတယ်
ဘဝက အနိမ့်အမြင့်၊ အတက်အကျ တစ်လှည့်စီဖြစ်နေတာပါ။ ဒီလိုအနိမ့်အမြင့်အတက်အကျတွေကြားထဲမှာ စာဖတ်သူလေးကိုအမြဲတမ်ေအားပေးဖော်ရပါသလား။ စာဖတ်သူလေးကိုစိတ်မပျက်ဘဲ အမြဲတမ်ေအားပေးဖော်ရနေမယ်ဆိုရင်တော့ စာဖတ်သူလေးရဲ့ချစ်သူက စာဖတ်သူလေးအပေါ်မှာ အင်မတန်ချစ်ကြောင်း ဖော်ပြနေတဲ့အချက်တစ်ခုပဲဖြစ်ပါတယ်။
❣️ - စာဖတ်သူလေးအပေါ် သစ္စာစောင့်သိတယ်
သစ္စာရှိခြင်းကို ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် တွေ့မြင်နိုင်ပါတယ်။ တွေ့သမျှအမျိုးသမီးတိုင်းနဲ့ အီစီကလီမရိုက်ဘဲ စာဖတ်သူလေးအပေါ်တွင်သာ သစ္စာစောင့်သိတဲ့ချစ်သူကို စာဖတ်သူလေးဘက်ကလည်း တန်ဖိုးထားချစ်ခင်ဖို့လိုအပ်ပါတယ်။
✨ - စာဖတ်သူလေးကို ပြောင်းလဲဖို့မကြိုးစားပါ
ကိုယ့်ကိုတကယ်ချစ်တဲ့သူက ကိုယ့်ရဲ့ပုံစံကို အရှိအတိုင်းလက်ခံတတ်ကြပါတယ်။ ဒီလိုမှမဟုတ်ဘဲ ကိုယ့်ကိုပြောင်းလဲဖို့ကြိုးစားနေမယ်ဆိုရင် စာဖတ်သူလေးရဲ့ချစ်သူက စာဖတ်သူလေးကိုချစ်တာထက် သူကိုယ့်သူပိုချစ်တာပါ။ ဒါ့ကြောင့် သူ(မ)အဆင်ပြေဖို့အတွက်ကိုသာရှေးရှုပြီး စာဖတ်သူလေးကိုပြောင်းလဲဖို့ကြိုးစားနေတာဖြစ်ပါတယ်ခင်ဗျာ။
? - https://t.me/Relationship_coach_by_Haruki
#Haruki
Keep Reading