မြသွန်း(တောင်ဒဂုံ)
?လူတော်တော်များများက ခွေးကိုက်တာကိုပဲ အန္တရာယ်များလှပြီထင်ပြီး ကိုက်ခံရပြီဆိုတာနဲ့ ခွေးရူးပြန်ကာကွယ်ဆေးကို အပြေးလွှားသွားထိုးတတ်ကြပါတယ်။ ဒါမယ့်ကြောင်ကိုက်ခံရရင်လည်း ခွေးလောက်နီးနီးအန္တရာယ်ရှိတယ်ဆိုတာကိုရော မိတ်ဆွေတို့သိကြပါသလား။ ဟုတ်ပါတယ်... ခွေးကိုက်ရင် ခွေးရူးပြန်ရောဂါဖြစ်တတ်သလို ကြောင်ကိုက်ရင်လည်း ကြောင်ရူးပြန်ရောဂါဖြစ်တတ်ပါတယ်။ ဒါကြောင့် ကြောင်ချစ်သူတွေအနေနဲ့ကြောင်ရူးပြန်ရောဂါအကြောင်းကို သတိပြုမိစေဖို့ ဒီေဆာင်းပါးလေးကိုဖန်တီးပေးလိုက်ရပါတယ်။
?ကြောင်လေးတွေရဲ့သွေးစုတ်ဖုတ်ကောင်လိုအစွယ်တွေ၊ ချွန်ထက်နေတဲ့လက်သည်းတွေက ကျွန်မတို့အားလုံးကို နောင်ဘဝပါကူးသွားစေနိုင်တဲ့အထိ အစွမ်းထက်ကြပါတယ်။ ဒါကြောင့် ကြောင်ကိုက်ခံရရင် ဒဏ်ရာသေးသေးလေးပါဆိုပြီး ပေါ့ဆတာမျိုးမလုပ်ကြပါနဲ့။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ပါးစပ်ထဲမှာ ကျွန်မတို့တွေမသိတဲ့ ရောဂါပိုးသောင်းခြောက်ထောင်လောက်ရှိနေနိုင်လို့ပါပဲ။ အကိုက်ခံလိုက်ရရင် အဲ့ဒီပိုးတွေက သားရေကနေတစ်ဆင့် အသားထဲကိုဝင်ရောက်ပြီး ရောဂါပိုးကူးစက်သွားနိုင်ပါတယ်။ အဲ့လိုကူးစက်ခံရပြီဆိုရင် ကြောင်ရူးပြန်ရောဂါဖြစ်ဖို့ အလားအလာပိုများသွားပြီးတော့ နောက်ဆုံးအသက်ဆုံးရှုံးတဲ့အထိဖြစ်သွားစေနိုင်ပါတယ်။
? ကြောင်ရူးပြန်ရောဂါက ခွေးရူးပြန်ရောဂါနဲ့ယှဉ်ကြည့်ရင် နင်လားငါလားကြောက်စရာတကယ်ကောင်းပါတယ်။ ကြောင်နဲ့ခွေးဆိုတဲ့နာမည်လေးပဲ change သွားပြီးတော့ ကာကွယ်ဆေးထိုးရင်တောင် အမျိုးစားတစ်ခုတည်းကိုပဲ ထိုးနေရတာပါ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHOရဲ့ပြန်ကြားချက်အရ နှစ်စဉ်နှစ်တိုင်းလူအယောက်(၆)သောင်းကျော်ဟာ ကြောင်ကိုက်ခံရပြီးအရေးပေါ်အခြေနေအထိ ဖြစ်ပွားနေခဲ့ရပါတယ်။ ဒါဆိုရင် အခုလိုအန္တရာယ်ကနေ ဘယ်လိုကာကွယ်ကြမလဲ?
?ပထမဦးဆုံး ကိုယ့်ကြောင်လေးတွေရဲ့သဘာဝကိုသိထားဖို့လိုပါတယ်။ သူတို့ကကိုက်တော့မယ်ဆိုရင် နားရွက်တွေအနောက်ကပ်သွားပြီးတော့ အမြှီးပေါ်က အမွှေးတွေကလည်းထိုးထိုးထောင်ထောင်ဖြစ်သွားတတ်ပါတယ်။ နောက်ပြီးအသံကိုလည်းကြောက်စရာကောင်းအောင် လုပ်တတ်ကြပါသေးတယ်။ ဒီလိုဆိုရင်တော့ အကိုက်မခံရအောင် သတိထားသင့်ပါပြီ။ တကယ်လို့ကိုက်ခံလိုက်ရရင်လည်း ဒေါသတကြီးဖြစ်ပြီးကြောင်လေးတွေကို ရိုက်နှက်တာတွေမလုပ်စေချင်ပါဘူး။
?ကျွန်မတို့ကသူတို့လေးတွေထက် ခွန်အားပိုကြီးတဲ့သတ္တဝါတွေဖြစ်လို့ သူတို့ကိုအလွယ်တကူထိခိုက်နာကျင်သွားစေနိုင်ပါတယ်။ ဒါကြောင့် ပူထူနေတုန်းဒေါသတကြီးရိုက်နှက်တာေတွမလုပ်မိကြစေဖို့ စမွေးကတည်းက training ပေးထားဖို့လိုအပ်ပါတယ်။ ပြီးတော့အဲ့လိုကိုက်ခံရပြီးပြီးချင်းမှာ ဒဏ်ရာကို ဆပ်ပြာနဲ့ပဲဖြစ်ဖြစ်၊ ရေနွေးနဲ့ပဲဖြစ်ဖြစ် သေချာဆေးကြောပေးဖို့လိုပါတယ်။ ကိုယ့်ကြောင်က ဆေးထိုးပြီးသားပဲ၊ ဘာမှမဖြစ်လောက်ပါဘူးဆိုပြီး မပေါ့ဆသင့်ပါဘူး။ Paul Gaylordလို့အမည်ရတဲ့အမျိုးသားကလည်း အဲ့လိုပဲပေါ့ဆခဲ့မိလို့ ပလိတ်ရောဂါဖြစ်ပြီး ဆေးရုံမှာ(၂၇)ရက်လောက် ကိုမာဝင်သွားခဲ့ဖူးပါတယ်။
?သူ့ကြောင်က ကြွက်ကိုကိုက်ပြီးတော့ရောဂါအကူးခံထားရတာကို Paulကမသိဘဲ ကြောင်ကသူ့ကိုကိုက်လိုက်ပြန်တော့ ဘာမှမလုပ်ဘဲပေါ့ဆနေခဲ့ပါတယ်။ ဒါကြောင့်လည်း ဆေးရုံမှာအသက်လုခဲ့ရပြီးတော့ ခြေချောင်း၊လက်ချောင်းတစ်ချို့ကို ဆုံးရှုံးခဲ့ရပါတယ်။ အရှေ့မှာဒီလိုဆိုးရွားတဲ့ဖြစ်ရပ်မျိုးတွေရှိခဲ့လို့လည်း ကြောင်ချစ်သူတွေကိုဂရုစိုက်ဖို့အတန်တန်ပြောနေရတာပါ။ အကောင်းဆုံးကတော့ အကိုက်ခံလိုက်ရပြီဆိုတာနဲ့ ဆေးကုသမှုခံယူသင့်တာပါပဲ။ နောက်ပြီး ကိုယ့်ရဲ့ပူစီလေးတွေကိုလည်း ကာကွယ်ဆေးပုံမှန်ထိုးပေးသင့်ပါတယ်။ ဒီလောက်ဆိုရင်မိတ်ဆွေတို့လည်း နောက်တစ်ခါကျလို့ ပူစီလေးတွေက အမှတ်မထင်ကိုက်လိုက်မိရင် ဘာလုပ်ရမလဲဆိုတာကို သိသွားကြမယ်ထင်ပါတယ်။
Keep Reading