Author's Profile Photo

မြသွန်း(တောင်ဒဂုံ)

25/02/2024

‼️လူအယောက်(၇၀)သတ်ပြီးတာတောင် နာမည်ကြီးheroအဖြစ် ထင်ရှားနေတဲ့လူသတ်သမား

1 min read
General Knowledge
‼️လူအယောက်(၇၀)သတ်ပြီးတာတောင် နာမည်ကြီးheroအဖြစ် ထင်ရှားနေတဲ့လူသတ်သမား's photo

?ဒီအမျိုးသားဟာ လူတွေအများကြီးကိုသတ်ထားတာတောင်မှ လူအများက သူ့ကိုheroဆိုပြီး ခေါ်နေကြပါတယ်။ သူဟာ (၁၄)နှစ်အရွယ်ကတည်းကလူသတ်လာလိုက်တာ အသက်(၂၀)အရွယ်ရောက်တော့ အဖေဖြစ်သူအပါအဝင် လူ(၁၀)ယောက်ကို သတ်နှင့်ပြီးပါပြီ။ ဒီလိုနဲ့ ထောင်ကျသွားပြန်တော့လည်း လူသတ်တာကိုမရပ်တန့်သွားခဲ့ပါဘူး။ ဒါဆိုရင် အခုလိုလူတွေအများကြီးသတ်ထားတာတောင်မှ သူကဘာဖြစ်လို့ heroဆယ်လီအဖြစ် နာမည်ကြီးနေရတာလဲ? သူ့ကိုထောက်ခံတဲ့ လူအသိုင်းဝိုင်းတစ်ခုလုံးကပဲ ရူးများသွားကြတာလား? မိတ်ဆွေတို့ရေ သူ့ကိုလူတွေက ဘာလို့လက်ခံနေရသလဲဆိုတဲ့အကြောင်းရင်းကတော့ သူသတ်ထားတဲ့လူတော်တော်များများဟာ မုဒိန်းကောင်‌တွေ၊ လူဆိုးဂိုဏ်းခေါင်းဆောင်တွေ၊ မိန်းမကိုအနိုင်ကျင့်တဲ့လူတွေ စတဲ့အပြစ်သားတွေပဲဖြစ်ပါတယ်။

?ဒါကြောင့်လည်းလူတွေက သူ့ကိုဝိုင်းချစ်နေကြပြီးတော့ ထောင်ကလွတ်မြောက်လာတဲ့နောက်ပိုင်းမှာဆိုရင် popular တောင်ဖြစ်သွားခဲ့ပါတယ်။ ဘယ်လိုလူပဲဖြစ်ဖြစ် လူသတ်တာက လူသတ်တာပါပဲ။ မကောင်းတဲ့လူတွေကိုပဲရွေးသတ်တယ်ဆိုရုံနဲ့ hero ဆိုပြီးဝိုင်းအားပေးနေကြတဲ့လုပ်ရပ်က မှန်ကန်မှုရှိတယ်လို့မိတ်ဆွေတို့ ထင်ပါသလား? ဒီမေးခွန်းရဲ့အဖြေကိုမဖြေခင်မှာ သူ့ရဲ့storyလေးကို အရင်ဖတ်ရှုကြည့်ပါဦးရှင်။ သူ့ရဲ့နာမည်က Pedro Rodrigues Filhoလို့ခေါ်ပါတယ်။ Pedroဟာ ငယ်စဉ်ကတည်းက အဖေဖြစ်သူရဲ့အကြမ်းဖက်နှိပ်စက်တာတွေခံခဲ့ရတဲ့ သူတစ်ယောက်ပါ။

?အမေဖြစ်သူက သူ့ကိုကိုယ်ဝန်လွယ်ထားတုန်းကဆိုရင် ယောကျာ်းရိုက်နှက်တာတွေခံခဲ့ရလို့ ဗိုက်ထဲကPedroလေးရဲ့ ဦးခေါင်းခွံတွေက ထိခိုက်သွားခဲ့ဖူးပါတယ်။ ဒါ့အပြင် အဲ့ဒီလူက သူ့ရဲ့မိန်းမကိုလည်း Pedroရဲ့ရှေ့မှာတင် တောခုတ်ဓားကြီးနဲ့ခုတ်သတ်ခဲ့တာပါ။ ဒါတွေကိုမြင်ပြီးနာကျည်းသွားခဲ့တဲ့ Pedroဟာ သူ့အဖေကိုသူကိုယ်တိုင်သတ်ပစ်လိုက်ပါတော့တယ်။ သတ်တာတောင်ရိုးရိုးသတ်တာမဟုတ်ပါဘူး။ ရင်ဘက်ကိုခွဲပြီးတော့ နှလုံးကိုထုတ်ပစ်လိုက်တယ်၊ နောက်ပြီးအဲ့တာကို ဝါးတယ်၊ ပြီးတော့အလောင်းပေါ်ကို ထွေးထုတ်လိုက်ပါတယ်။ အခုလိုအဖေဖြစ်သူကို ရက်ရက်စက်စက်သတ်လိုက်တဲ့အချိန်မှာ သူ့အရွယ်က(၁၄)နှစ်ပဲရှိပါသေးတယ်။

?တွေးကြည့်တာနဲ့တင် ကြောက်စရာကြီးပါ။ အဲ့ဒီအချိန်ကစပြီးတော့ အပြစ်သားတွေကို လိုက်လံသတ်ပစ်တဲ့ သူ့ရဲ့mission ကြီးလည်း စတင်လာခဲ့ပါတော့တယ်။ လူသတ်တာက သူ့အတွက် ကလေးကစားစရာလိုတောင် ဖြစ်သွားပါတယ်။ သူက အခုလိုလူသတ်ပြီးတော့လည်း လုံးဝနောင်တရမှာမဟုတ်ဘူးလို့ဆိုပါတယ်။ လူတစ်ချို့ကလည်း သူ့ကိုထောက်ခံပြီးတော့ သူ့ရဲ့လုပ်ရပ်ကို အလုံးအရင်းအားပေးနေကြတာပါ။ ဒါကြောင့် Pedroထောင်ကလွတ်လာပြီး မကြာခင်မှာပဲ Social Media ပေါ်မှာ သန်းနဲ့ချီတဲ့လူတွေရဲ့အာရုံစိုက်မှုတွေကြောင့် သူဟာဆယ်လီတောင်ဖြစ်သွားခဲ့ပါတယ်။

?သူ့ရဲ့လုပ်ရပ်ကိုလူတွေက တရားမျှတမှုရှိတယ်ဆိုပြီး ထင်နေကြတာပါ။ ဘာလို့လဲဆိုတော့ သူသတ်ခဲ့တဲ့လူတွေက လူမှုပတ်ဝန်းကျင်အတွက် အဆိပ်အတောက်တွေဖြစ်နေလို့ပါ။ ဒါမယ့် အဲ့လိုသတ်ခံခဲ့ရတဲ့လူတွေအများစုက အဆိပ်အတောက်ဖြစ်နေပေမယ့်လည်း တစ်ချို့တွေကိုတော့ Pedroဟာ အကြောင်းပြချက်ခိုင်ခိုင်လုံလုံမရှိဘဲ သတ်ပစ်ခဲ့တာပါ။ ထောင်ထဲမှာတုန်းက အပြစ်စီရင်ချက်မချရသေးတဲ့သံသယတရားခံကို သတ်ပစ်လိုက်တာတွေ၊ အခန်းဖော်တစ်ယောက်က အိပ်နေတုန်းအသံကျယ်ကြီးနဲ့ဟောက်လို့ဆိုပြီး သတ်လိုက်တာတွေ၊ နောက်ပြီး တစ်ယောက်ကိုဆိုရင် ဒီအတိုင်းအမြင်ကတ်လို့ဆိုပြီး သတ်ပစ်လိုက်တာတွေကိုပြန်ကြည့်မယ်ဆိုရင် "တရားမျှတမှု"ကဘယ်ရောက်သွားပြီလဲရှင်။

?သူရဲ့လုပ်ရပ်က စိတ္တဇဆန်တယ်ဆိုပြီးတော့ စိတ်ပညာရှင်တစ်ဦးကတောင် ပြောထားပါသေးတယ်။ မိတ်ဆွေတို့ရော အပြစ်သားတွေကိုပဲရွေးပြီး လိုက်သတ်နေတဲ့Pedroဟာ hero တစ်ယောက်ဖြစ်တယ်လို့ထင်လား? ဒါမှမဟုတ် ငယ်စဉ်တုန်းကရထားတဲ့စိတ်ဒဏ်ရာတွေကြောင့် လူတွေကိုလိုက်သတ်နေတဲ့ စိတ္တဇလူသတ်သမားတစ်ယောက်လို့ပဲ မြင်ပါသလားရှင်။

Keep Reading

ပျော်စရာနေ့Ernest Hemingway ဘဝဟာသများစာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးဘယ်လိုလုပ်ပြီး မိုက် ဂျက်ဆန် ရင်းနှီးမြှုပ်နှံသူ ဖြစ်လာတာလဲ။ The Gentleman in the Parlourဆီလီကွန်ဗယ်လီမှာ မက်လောက်စရာ အကောင်းဆုံး အလုပ်ကမူး၏ကိုးကွယ်ရာအဲလက်ဇ်ရဲ့ အရင်းအနှီးက ဘာတွေဖြစ်မလဲ။ကက်ဖကာ၏လက်တွေ့ဘဝအဲလက်ဇ် ဘာဂျာ ဘယ်လိုနည်းနဲ့ ဟောလီးဝုဒ်ထဲ ရောက်ခဲ့သလဲ အပိုင်းနှစ်