မြသွန်း(တောင်ဒဂုံ)
?မိတ်ဆွေတို့ အခုမြင်တွေ့နေရတဲ့အမျိုးသားဟာ စကားတစ်ခွန်းမှမပြောဘဲ follower million 200အထိရရှိခဲ့ပါတယ်။ သူ့ရဲ့နာမည်ကတော့ Khabane Lameပါ။ သူက ကမ္ဘာပေါ်မှာအလျှင်မြန်ဆုံးအောင်မြင်လာတဲ့ creator တစ်ဦးလည်းဖြစ်ပါတယ်။ ဒါမယ့် ဒီလိုမအောင်မြင်ခင် လွန်ခဲ့တဲ့(၂)နှစ်ကိုသွားပြန်ကြည့်မယ်ဆိုရင် သူက waiter အဖြစ်ရော၊ စက်ရုံအလုပ်သမားအဖြစ်ရော လုပ်ကိုင်ခဲ့ရပါတယ်။
?လွန်ခဲ့တဲ့နှစ်(၂၀)တုန်းက Khabaneတို့မိသားစုဟာ Senegal ကနေ Italy ကိုပြောင်းရွှေ့လာခဲ့ပါတယ်။ အကြောင်းရင်းကတော့ ပိုကောင်းတဲ့ဘဝကို စတင်ချင်ခဲ့လို့ပါ။ ဒါမယ့်လည်း Italy ရောက်ခါမှ သူ့ရဲ့အခြေနေကပိုဆိုးသွားပါတယ်။ ပိုက်ဆံလည်းတစ်ပြားမှမရှိဘူး၊ ဉာဏ်လည်းမကောင်းဘူး၊ အလယ်တန်းရော အထက်တန်းရော ကောလိပ်ကပါပယ်ချခံခဲ့ရပါတယ်။ ဒီကြားထဲ COVIDကပါ ထဖြစ်တော့ Rhabaneတစ်ယောက် အလုပ်လက်မဲ့ဖြစ်သွားခဲ့ရပါတယ်။ ဒါမယ့်ဒီအခြေအနေက သူ့ဘဝရဲ့အောင်မြင်မှုအစဆိုတာကို သူမသိခဲ့ပါဘူး။ ပိုက်ဆံလည်းမရှိ၊ အလုပ်လည်းမရှိမယ့်တူတူ Khabaneက လူတွေကိုရယ်မောပျော်ရွှင်အောင်လုပ်ပေးချင်ခဲ့ပါတယ်။
?ဒါ့ကြောင့် သူကSocial Mediaပေါ်မှာ ဗီဒီယိုတွေစပြီးတင်ပါတော့တယ်။ သူ့ရဲ့ဗီဒီယိုတွေက တိုတောင်းပြီးတော့ကြည့်မိသူတိုင်းကို အပြုံးတွေအမြဲကျန်ရစ်စေပါတယ်။ နေ့စဉ်ဘဝမှာလွယ်လွယ်ကူကူလုပ်နိုင်တဲ့အရာတွေကို တစ်ချို့လူတွေက အပိုအလုပ်တွေလုပ်နေတတ်ကြပါတယ်။ ဒါတွေကို ရိုးရှင်းအောင်ဘယ်လိုလုပ်ရမလဲဆိုပြီး Khabaneက ဟာသပုံစံလေးနဲ့ဗီဒီယိုတွေဖန်တီးလာပါတော့တယ်။ အစပိုင်းမှာတော့ သူ့ဗီဒီယိုတွေကို ကြည့်ရှုသူက(၂)ဦးပဲရှိပါတယ်။ အဲ့တာကလည်း သူ့အဖေနဲ့အိမ်နီးချင်းတစ်ယောက်ပါ။ ဒီလိုနဲ့တစ်လကြာတော့ view 9ဦးနဲ့ subscriber 2ဦးလောက်နဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။ ဒါမယ့် Khabaneက ဂရုမစိုက်ဘဲဗီဒီယိုတွေကိုထပ်ထပ်ပြီးလုပ်လာပါတယ်။
?သူ့ရဲ့ဗိီဒီယိုတွေမှာ စကားတစ်ခွန်းမှမပြောတာကြောင့် လူတွေအားလုံးကနားလည်ကြတယ်၊ ရိုးရှင်းပြီးရယ်စရာလေးတွေအမြဲပါတော့ လူတွေကတဖြည်းဖြည်းနဲ့ သူ့ကို သတိထားမိလာပါတော့တယ်။ ဒါ့ကြောင့် ကမ္ဘာတစ်လွှားနဲ့ချီပြီး follower တွေလည်းရခဲ့ပါတယ်။ ဒီလိုနဲ့ (၂)နှစ်ဆိုတဲ့ကာလအတွင်းမှာ Khabane တစ်ယောက် "zero" follower ကနေ two hundred million (200) followersအထိပိုင်ဆိုင်နိုင်သွားခဲ့ပါတယ်။ နောက်ပြီးတစ်ချိန်တည်းမှာပဲ သူ့ဘဝမှာတစ်ခါမှမမြင်ခဲ့ဖူးတဲ့ ပိုက်ဆံတွေကိုလည်းရှာနိုင်သွားခဲ့ပါတယ်။ ဒါ့အပြင် ဒီအသက်(၂၂)နှစ်အရွယ်ကောင်လေးက "လက်ထဲမှာပိုက်ဆံမရှိဘဲ အလုပ်လက်မဲ့ဖြစ်နေတဲ့ဘဝ"ကနေ Hugo boss ရဲ့မျက်နှာဖုံးရှင်ဖြစ်တဲ့အထိ အောင်မြင်သွားပါတယ်။ ဒါက လုံးဝကိုမယုံနိုင်စရာပါ... အခုလိုနဲ့နောက်ဆုံးမှာ Khabaneက ရုပ်ရှင်ပွဲတော်တွေမှာတောင် ဖိတ်ကြားခြင်းခံခဲ့ရပါတယ်။
? ဒီလိုမျိုး အောင်မြင်သွားခဲ့တဲ့ Khabane ရဲ့အကြံပေးချက်လေးကတော့ "ကိုယ်ဖြစ်ချင်တဲ့အရာကို အမြဲတမ်းကြိုးစားလုပ်ကိုင်နေဖို့လိုတယ်၊ ကိုယ့်ရဲ့ဘဝအိပ်မက်ပေါ်ကို ဘယ်သူ့ကိုမှချုပ်ကိုင်လွှမ်းမိုးခွင့်မပေးလိုက်ပါနဲ့၊ လူတစ်ချို့က တစ်ခုခုကိုမလုပ်ရသေးခင် "မင်းမလုပ်နိုင်ပါဘူး"ဆိုပြီး ဘူပိတ်တဲ့စကားကိုအရင်ပြောတတ်ကြပါတယ်။ အဲ့တာက ကိုယ့်ရဲ့အိပ်မက်ဖြစ်နေရင်တောင်မှ "မေ့ပစ်လိုက်စမ်းပါ" "မဖြစ်နိုင်တာကိုမမှန်းစမ်းပါနဲ့"ဆိုပြီး လက်လျှော့လာအောင်ပြောတတ်ကြပါတယ်။ ဒါမယ့်အဲ့တာက အဲ့လိုပြောတဲ့လူရဲ့limitတစ်ခုသက်သက်ပါပဲ။ သူတို့ပြောတာကို နားမယောင်သွားပါနဲ့။ သူ့ရဲ့limitနဲ့ ကိုယ့်ကိုယ်ကိုမပိတ်လှောင်လိုက်ကြပါနဲ့။ နောက်ပြီး ကိုယ်ဖြစ်ချင်တဲ့အိမ်မက်နောက်ကို တစိုက်မတ်မတ်လိုက်ရင်း အောင်မြင်မှုကိုပန်ဆင်လိုက်ပါ" ဆိုပြီးပြောထားပါတယ်။
?မိတ်ဆွေတို့ရေ အခုလိုITခေတ်ကြီးမှာ ပညာတတ်မှ၊ ပိုက်ဆံရှိမှ လူရာဝင်မှာမဟုတ်ပါဘူး။ ကျွန်မတို့ရှေ့မှာ အင်တာနက်ဆိုတဲ့ အခွင့်အလမ်းကြီးတစ်ခုရှိနေသေးသ၍ မိတ်ဆွေတို့၊ ကျွန်မတို့လည်း Khabane လိုအောင်မြင်ကျော်ကြားတဲ့လူတစ်ယောက်ဖြစ်လာနိုင်ပါတယ်။ အစပိုင်းမှာ "zero"ဖြစ်နေလည်းအားမငယ်ဘဲနဲ့ ယုံကြည်ရာကိုရှေ့ဆက်နေမယ်ဆိုရင် တစ်နေ့တော့"Hero" ဖြစ်လာမှာဧကန်မလွှဲပါပဲ။ ဒီနေ့ပြောပြလိုက်တဲ့ Khabane ရဲ့storyလေးကို မိတ်ဆွေတို့အားလုံးလည်းကြိုက်နှစ်သက်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင်...
Keep Reading