Author's Profile Photo

စာကြမ်းပိုး

14/02/2024

ချောကလက်

2 mins read
Life Style
General Knowledge
Culture
ချောကလက်'s photo

ချောကလက် ဆိုတဲ့စကားလုံးဟာ Nahua,ဘာသာစကား Chikol (သို့ ) Chokol ဆိုတဲ့စကားလုံးကနေဆင်းသက်လာတာဖြစ်ပါတယ်။ချစ်သူအချင်းချင်း လက်ဆောင်ပေးကြ ခုံမင်နှစ်သက်စွာ စားသုံးကြတဲ့ချောကလက်လေးတွေကို ၁၈၅၀ အေဒီကစပြီး စားခဲ့ကြတာဖြစ်ပါတယ်။ရှေးခေတ်က ချောကလက်လုပ်တဲ့ကိုကိုးစေ့လေးတွေနဲ့ ပစ္စည်းတွေ ဝယ်ယူနိုင်ပါသတဲ့။ မာယာလူမျိုးတွေဟာ ကိုကိုးစေ့ကို ငွေကြေးအဖြစ် လည်းသုံးစွဲခဲ့ဖူးတယ်ဆိုပဲ။

ဒီနေ့ ဖတ်လိုက်ရတဲ့ "Meaning of chocolate gift" ဆိုတဲ့စာလေးမှာ ရေးထားတာက ချောကလက် လက်ဆောင်ပေးတယ် ဆိုတာ တဲ့ "ချစ်ခြင်း မေတ္တာ ၊ နားလည်မှုနဲ့ ပျော်ရွှင် ဖွယ်ရာ ဘဝ "တွေကို ရည်ညွှန်းပြီး ကောင်းတဲ့အတိတ်နိမိတ်နဲ့ပေးတာပါတဲ့။ချစ်သူ နှစ်ဦး အတွက်တော့ ချောကလက် ဟာ ရိုးရိုးလေးနဲ့ ပျော်ရွှင်အံ့အားသင့်ဖွယ်ရာတွေ ယူဆောင်လာပေးတဲ့အထိမ်းအမှတ် လက်ဆောင်လေး တစ်ခုပါ…တဲ့လေ။ဘာပဲဖြစ်ဖြစ် ချောကလက်လေးတွေဟာ ချစ်ဖို့လည်းကောင်း စားလို့လည်းကောင်းတာ အမှန်ပါပဲ ……:)

ချောကလက်ထဲမှာ Cacao alkaloid ပါဝင်ပါသတဲ့။ အဲ့ဒီအရာဟာ Theobromine နဲ့ phenylethylamine တို့နဲ့ တူညီပြီး ဦးနှောက်ကို dopamine တွေထွက်လာအောင် လှုံ့ဆော်ပေးနိုင်တာကြောင့် သက်တောင့်သက်သာ ရှိပြီး ပျော်ရွှင်ချမ်းမြေ့ တဲ့ခံစားချက် ကို ရရှိစေပါသတဲ့လေ။ ချစ်သူစုံတွဲအများစုဟာ ချောကလက် လက်ဆောင်ကို သိပ်နှစ်သက်တတ်ကြပြီး ဒီလက်ဆောင်လေးကို စားလိုက်ရတာဟာ ချစ်ခြင်း ရဲ့ ကြည်နူးချမ်းမြေ့ဖွယ်ရာ အမှတ်တရတွေထဲက တစ်ခု လို့လည်း ယုံကြည်ထားကြပါတယ်

သူငယ်ချင်းယောက်ျားလေးတစ်ယောက်ယောက်က ဖြစ်ဖြစ် ကိုယ့်မိသားဝင်တစ်ဦးဦး (အစ်ကို မောင်လေး) ဒါမှမဟုတ် ဆွေမျိုးတစ်ဦးဦးကဖြစ်ဖြစ်ချောကလက် ပေးလာခဲ့ရင်အဲ့ဒါဟာ"ဂရုတစိုက်ထားခြင်း" နဲ့ "ပျော်ရွှင်ပေါ့ပါးခြင်း" ကိုရည်ညွှန်းပါသတဲ့။ဒါကြောင့် ချောကလက်ကို ချစ်သူကောင်မလေးတွေ အတွက် သီးသန့်မဟုတ်ပဲ…ညီမလေးနဲ့ အစ်မတွေ သူငယ်ချင်းတွေကို ဂရုတစိုက် နဲ့ အလေးအနက်ထားခြင်းကို ပြသတဲ့သင်္ကေတ တစ်ခု အနေနဲ့လည်း ပေးနိုင်ပါတယ်။

ချစ်သူကောင်လေး က ပေးတဲ့ချောကလက်ကလေးကတော့"သင်တို့ချစ်ခြင်းဟာ ချောကလက်ကလေးလို ကောင်းမွန်ပြီး ချိုမြိန်တယ် …လို့ ဆိုလိုသလို …သင့်ရဲ့သူ့အပေါ် ဂရုစိုက်မှုက ချောကလက် အရသာလေးလို ချိုပါစေကြောင်း ဆန္ဒပြုတာ" လည်း ဖြစ်ပါသတဲ့။

ဒါပေမယ့် ကိုယ် သဘောကျနေတဲ့ကောင်မလေးကို ပေးတဲ့ချောကလက်ကတော့ …"သူ့ရဲ့စိတ်ကို စုံစမ်းခြင်း " ဆိုတဲ့အဓိပ္ပါယ် ရောက်ပါတယ်တဲ့။ "နှင်းဆီပန်းလို သိပ်ကို ရိုမန့်တစ် ဆန်တဲ့လက်ဆောင် တွေ ပေးဖို့ မဝံ့မရဲတဲ့သူမို့ ချောကလက် ကလေးပဲ မရဲတရဲ ပေးရတာပါ ဆိုတဲ့အဓိပ္ပါယ်…ဆိုပဲ။ကောင်မလေး ရဲ့ တုံ့ပြန်ချက်အပေါ် မျှော်လင့်မိတဲ့သဘောပါ …တဲ့။

ကိုယ်ပေးတဲ့လက်ဆောင်ဟာ နှင်းဆီပန်းမဟုတ်ခဲ့ဘူးဆိုရင် ချောကလက်လေးဟာ အရိုးရှင်းဆုံး ချစ်သူများနေ့ လက်ဆောင်လေးပါပဲ…။ချောကလက်နဲ့ နှင်းဆီပေါင်းစည်းထားတဲ့လက်ဆောင်လေးကတော့ အကောင်းဆုံးvalentine လက်ဆောင်လေးပဲပေါ့။ဘယ်မိန်းကလေးပဲဖြစ်ဖြစ်ရောင်စုံနှင်း ဆီနဲ့ချောကလက်လေး ရတဲ့အခါ ပျော်မိကြတာပဲမဟုတ်လား။ဒါပေမယ့် အချို့မျက်နှာများတဲ့ကောင်လေးတွေဟာ ကောင်မလေးတွေရဲ့ ခံစားချက် ကို ဆော့ကစားတဲ့ အနေနဲ့လည်း ချောကလက်တွေပို့တတ်ကြပါသေးသတဲ့လေ :/ ဆွဲဆောင်မှုတစ်ခု အနေနဲ့ပေါ့။ ဒါကြောင့် ချောကလက် ပေးတတ်တာ တစ်ခု တည်းနဲ့လည်း စိတ်ထဲမှာ ပျော်ရွှင်သာယာမနေပဲ သူ့ရဲ့စိတ်နေစိတ်ထား အမူအကျင့်ကို လေ့လာဖို့ လိုပါသေးတယ်တဲ့…။

ကောင်လေးတွေဟာ ကောင်မလေး တွေ ချောကလက် နဲ့ ရိုမန့်တစ်ဆန်ဆန် လက်ဆောင် လေးတွေကို နှစ်သက်တာ သိထားကြပါတယ်။ဒါပေမယ့် ဒါကို တံစိုးလက်ဆောင် ပေးသလို မျိုးတော့ ရိုးသားတဲ့မိန်းကလေးတွေ အတွက် ပေးလို့ မရပါဘူး။ချောကလက်ရဲ့နောက်ကွယ်မှာ ဘာတွေရှိနိုင် လဲဆိုတာ သူမတို့ က တွက်ချက်ပြီးသား မို့ပါတဲ့။ ဒါကြောင့် ချစ်သူ ကို ပေးတဲ့ချောကလက်ဟာ ကောင်းမွန်တဲ့နေရာ မှာဖြစ်သင့်သလို ကောင်းမွန်တဲ့ အရသာ လည်းရှိသင့်ပြီး စျေးအရမ်းမပေါတာ လည်း ဖြစ်သင့်ပါသေးသတဲ့။

သူငယ်ချင်း မိန်းကလေး အချင်းချင်းချောကလက် ပေးခြင်းကတော့"ဂရုစိုက်ခြင်း ခင်မင် ရင်းနှီးခြင်းတွေ မြဲမြဲခိုင်ပါစေ" ဆိုတဲ့အဓိပ္ပါယ်ပါ။ရှိနေတဲ့ ခင်မင် မှုကို ဒီအတိုင်း ပေါတောတော အမှတ်တရတွေ စ နောက်ကျီစယ်ခြင်းတွေ ဆက်လုပ်ရင်း ရှည်ကြာစေလိုတဲ့ သဘောလည်း ဖြစ်သလို နှစ်ယောက်ကြား တစ်ခါတစ်လေ အမှားတွေ လုပ်မိကြရင်လည်း ဘယ်သူမှားမှား အခုက စပြီး သင် ပုန်းချေပြီ လို့လည်း ဖော်ပြပါတယ်။

ဒါ့အပြင် ချောကလက် လက်ဆောင်လေးဟာ ညီမ ငယ်လေးတွေနဲ့ သမီးငယ်လေး တွေကို ပေးဖို့ မမတို့ မေမေတို့ အတွက် အကောင်း ဆုံး အရာလေးလည်း ဖြစ်ပါသတဲ့။ မမရဲ့ချောကလက် ဟာ ညီမလေး အတွက် အဆုံး မရှိတဲ့ မေတ္တာ ကို ဖော်ပြနေပြီး …မေမေက သမီးလေးတွေကို ပေးတဲ့ချောကလက်ကတော့"သမီးလေးဟာ ကောင်လေးတွေ ဆီက ချောကလက် ရဖို့ သိပ်ကို ဝေးကွာလွန်းနေတယ်ဒါပေမယ့် မေမေ့အတွက်သမီးလေးက အလှဆုံးလေးပါ "… လို့ ချစ်စနိုးစ စနောက် ကျီစယ်လို ခြင်း သဘော ဖြစ်ပါသတဲ့လေ ။ဘာပဲဖြစ်ဖြစ် စားရဖို့ အရေးကြီးတယ်ဆိုတော့ မေမေနဲ့ မမတို့ ဘယ်လို ပေးပေး ယူသာထားပြီး အပီစားလိုက်ပါ။

ဒီလိုနဲ့ ချောကလက် လေး ဟာ ချစ်သူများနေ့ ရောက်တိုင်း မရိုးနိုင်စရာ အမှတ်တရ လက်ဆောင်လေး အနေနဲ့ တည် ရှိနေဦးမှာသေချာပါတယ်…။

"Genuine love wants what is the best for the other!"

ဝတ်မှုံလေး
Translated by အာပေတူး

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအပေါ်ယံသမားစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်နှစ်ဆယ့်ငါး-ခက်ခဲမှုတို့ရဲ့နောက်ကွယ်တန်ဖိုးစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)