SarPhat Author
ကျွန်တော်ကတော့ ၁၉၉၀ ဝန်းကျင်ဖွားတာမို့ငယ်ငယ်ကဆောင်းတွင်းဆိုဖျင်စောင်အကြမ်းကြီးတွေတကိုယ်လုံးပတ်ပီးမီးလှုံခဲ့ရတာကိုမမေ့နိုင်အောင်ပါဘဲ။အဲ့ခေတ်ကတည်းကမီးရှို့ခြင်းအလေ့အထကရှိခဲ့တာပါကျွန်တော်သိရသလောက်ပေါ့။တကယ်တော့ဆောင်းရာသီမီးရှို့တာဟာကျွန်တော်တို့သဘာဝပတ်ဝန်းကျင်အတွက်သိပ်ကိုအန္တရာယ်များပါတယ်ဘာ့ကြောင့်လဲဆိုတော့အဲ့အချိန်အဲ့ရာသီမှာလေ ထုစ စိုထိုင်းပီးမီးခိုးငွေ့(ကာဗွန်ဒိုင်အောက်ဆိုဒ်အငွေ့)တွေလေထုအပေါ်ဘက်ကိုဆက်တက်မသွားဘဲ အောက်ဘက်မှာဘဲ လည်လိုက်နေတာမို့ပါ။ရှူမိတဲ့သူမှာလဲအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါဝေဒနာကိုကောင်းကောင်းခံစားရနိုင်ပါတယ်။ဆိုတော့ဒီအလေ့အထကိုကျွန်တော်တို့ဘယ်လိုဖြေရှင်းကြမလဲ။ဘယ်လိုလုပ်ဆောင်ကြမလဲ။ပြီးတော့မီးမရှို့ရ အောင်ဘယ်လိုအသိပညာပေးမလဲ ဆိုတာအပိုင်း၂မှာ ဆက်လက်ရှုစားပါခင်ဗျာ။
Keep Reading