Author's Profile Photo

SarPhat Author

9/02/2024

Environment awareness

3 mins read
Health
General Knowledge
Environment awareness's photo

သဘာ၀ပတ်၀န်းကျင်နဲ့ပတ်သတ်ရင်
စိတ်ထဲစုထားထားသမျှ အစိုင်အခဲတွေပါ
နားလည်ပြီး recycling လုပ်တဲ့
လူအရေအတွက် မြင့်မားလာဖို့ကိုပါ ပြောသွားမှာမို့
ကျွန်‌‌ေတာ့်စကားတွေထဲ စီးမြောစေချင်ပါတယ် members တို့ရေကဲ.......စီးမြောချင်တဲ့လူ
တစ်ချို့ရှိနေပြီဆိုတော့
စလိုက်ကြတာပေါ့ရေသန့်ဘူးခွံတွေက ဆွေးမြေ့ဖို့ ကြာချိန်ဟာ နှစ်ပေါင်း ၄၅၀ ကြာပါတယ်
မြေနဲ့ရေ ညစ်ညမ်းမှုကနေ ကာကွယ်ဖို့အတွက်
ရေသန့်ဘူးတွေ လျော့သုံးမယ်
ရှိနေတဲ့ ရေသန့်ဘူးခွံတွေဆိုလဲ
ပြန်ပြီးသုံးတဲ့နည်းနဲ့ သဘာဝပတ်ဝန်းကျင်ကို ကောင်းကျိုးပြုလို့ရတယ်လေ

ရေသန့်ဘူး ထပ်ခါထပ်ခါသောက်တာမျိုးကိုပြောချင်တာမဟုတ်ဘဲ
ပန်းပင်သေးသေးလေးတွေစိုက်တဲ့နေရာတွေ ခဲတံဘူးဘာညာ
ပစ္စည်းသေးသေးလေးထည့်စရာ အဖြစ် ပြောင်းလဲလိုက်မယ်ဆိုရင်

ထည့်စရာတစ်ခုတိုးသွားသလို
သဘာဝပတ်ဝန်းကျင်ကို ဒုက္ခပေးတဲ့
စွန့်ပစ်ပစ္စည်းအဖြစ်ကနေ
ပြန်ပြီးသုံးလို့ရသမျှ နည်းလမ်းပေါင်းစုံနဲ့ ပြန်သုံးတာကို recycling လုပ်ခြင်းလို့ ခေါ်ပါတယ်
Plasticတွေကိုသာ recycleမလုပ်ပဲပြစ်ထားရင် Earthအခြေအနေပိုဆိုးလာပါမယ်သဘာဝပတ်ဝန်းကျင်က လည်းအရေးပါပါတယ် သဘာဝကို ဖျက်စီး ကြတာလည်းလူတွေပါပဲ ဒါပေမဲ့ငါတို့လိုလူတွေပဲပြန်ထိန်းသိမ်းနိုင်မှာပါ ဒါကြောင့်recyleလုပ်ပေးကြပါ
ကိုယ့်ပတ်ဝန်းကျင်မှာ အပိုဖြစ်နေတဲ့ပစ္စည်းတွေမှ အများကြီးရယ်

နို့ဆီဘူးခွံတွေ
ပလတ်စတစ်ဘူးတွေ
ကတ်ထူစက္ကူတွေ
ရေသန့်ဘူးခွံ မုန့်ဝယ်ရင်ပါလာတဲ့ဘူးခွံ အစုံပါဘဲကွယ်
ဟောင်းနေတဲ့အဝတ်အစားတွေ
ဖန်ပုလင်းတွေ
ပြီးတော့ plastic cup တွေ
သစ်သားအပိုင်းအစလေးတွေ
Plastic နဲ့ဆိုင်တဲ့အရာတွေ
အဲ့လိုမျိုး ဆွေးမြေ့မလွယ်ဘဲ
သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မယ့်
ပစ္စည်းတွေကို recycling လုပ်ခြင်းဖြင့် ကမ္ဘာကြီးကို နေကောင်းအောင်
ပြုစုစောင့်ရှောက်သင့်တယ်လေ
ပြောလက်စမို့ ဆက်ပြောပါ့မယ်နော်
သဘာဝကပေးတဲ့ထဲမှာ အမှိုက်ဆိုတာ
လုံးဝမရွိခဲ့ဘူး

အမှိုက်ဆိုတာတွေကို လူသားတွေကဘဲဖန်တီးခဲ့ကြတယ်
Plastic တွေအသုံးများလာတယ်
ကိုယ်မှတ်မိသလောက် 2010 ကနေစပြီး ကျောင်းမုန့်စျေးတန်းက ဆိုင်လေးတွေက ဗာဒံရွက်ကနေ plastic အဖြစ်ကို packing ပြောင်းသွားတာက
တွင်တွင်ကျယ်ကျယ်ဖြစ်လာခဲ့တယ်

ခေါက်ဆွဲကြော် ကြာဇံကြော် ဆို
ဗာဒံရွက် စိမ်းစိမ်းလေးတွေနဲ့ဝယ်စားခွင့်ရှိခဲ့ပြီး ကျောင်းရေအိုးဆို မြေအိုးလေးနဲ့ သောက်ခဲ့ရပြီး
ကျောင်းတံမြတ်စည်းဆိုလဲ
လက်ကိုင်က ကြိမ်နဲ့လုပ်ပြီး ပိတ်စအတိုအထွာလေးတွေကိုစုပြီးချုပ်ထားတဲ့ တံမြတ်စည်းမျိုးကို သုံးခဲ့ရတာတွေ ပြန်စဉ်းစားရင်
" အရင်က ကောင်းလိုက်တာ " ဆိုတဲ့
စကားတစ်ခွန်းနဲ့ မူလတန်းရဲ့ ပထမဆုံးနှစ်တစ်နှစ်ကို လွမ်းလိုက်လေခြင်း
2009 ထိပေါ့လေ

2010 ကစပြီးတော့ လူကြီးလူငယ်
အရွယ်သုံးပါးလုံးလက်ထဲကို plastic တွေဝင်ရောက်နေခဲ့ပြီ
တစ်နေ့ထက်တစ်နေ့ အဆမတန် သုံးပြီးရင်းသုံးလာတယ်

နိုင်ငံသားတွေရဲ့ စည်းမဲ့ကမ်းမဲ့
ပစ်လိုက်တဲ့ အမှိုက်တွေက လမ်းပေါ်ရောက် မိုးရွာတော့ ရေစီးတွေနဲ့ မြောင်းထဲရောက်
မြောင်းကနေ မြစ်
မြစ်ကနေ တစ်ဆင့်တစ်ဆင့်နဲ့
အပြောကျယ်တဲ့ ပင်လယ်ဆီရောက်တော့တာပါဘဲ
သူတို့ကလဲ ဆွေးမြေ့ဖို့က နှစ်ပေါင်းများစွာကြာ လူ့သက်တမ်းရဲ့ ၅ ဆလောက်နေမှ ဆွေးတာကိုး

ပင်လယ်ထဲနေတဲ့ ရေနေသတ္တဝါလေးတွေနဲ့ အဲ့ plastic တွေနဲ့ နှစ်ပေါင်းများစွာ ကျင်လည်ခဲ့ရာကနေ
Plastic ဆွေးမြေ့ချိန်ရောက်ပြန်တော့လဲ plastic အစလေးတွေက
ရေနေသတ္တဝါလေးတွေရဲ့
ခန္ဓာကိုယ် ထဲရောက်နေပြန် အဆိပ်သင့်နဲ့ ဘာဆိုဘာမှမကောင်းဘူး

ဆိုးကျိုးတွေကြီးဘဲကွယ်
အဲ့ကနေမှ ရှားပါးမျိုးစိတ်တွေဖြစ်တဲ့ ဝေလငါးတို့ လင်းပိုင်တို့ရဲ့ ခန္ဓာကိုယ် ထဲရောက်သွားရင်တော့
မျိုးတုန်းပျောက်ကွယ် သွားရောပေါ့
သက်ရှိတွေရဲ့ လက်လွယ်စပယ်
စည်းမဲ့ကမ်းမဲ့ အမှုမဲ့အမှတ်မဲ့
ပေါ့ပေါ့ပါးပါး ပစ်လွှင့်လိုက်တဲ့
Plastic ကနေ ရှားပါးမျိုးစိတ်တွေပါ
မျိုးတုန်းပျောက်ကွယ်နိုင်တဲ့ထိ
အမှုကြီးတယ်ဆိုတာကို
လူနည်းစုကဘဲလူလိုနားလည်ကြတယ်
ဆိုတာ မျက်မြင်ဘဲမလား

ဘယ်သူတွေကလူလိုနားလည်လဲဆိုတော့ သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးတဲ့သူတွေပေါ့

Plastic လျော့သုံးဖို့
စည်းကမ်းရှိရှိပစ်ဖို့ ကိုယ်က
ပြောရင် ဇီဇာကြောင်မနေနဲ့
အဲ့လောက်ထိ မဖြစ်ဘူးဆိုပြီး ပြောခံရသေး(ကိုယ်တွေ့ပါ??)
ဇီဇာကြောင်တယ်ဘဲပြောပြော
ကိုယ်ကတော့ ပြောတယ်
ကိုယ့်စကားမှန်လို့ နားဝင်တဲ့အထိ မရမကကို ပြောတာ
သူ့ကောင်းကျိုး ကိုယ့်ကောင်းကျိုးမဟုတ်ဘဲ
အများကောင်းကျိုးမို့လို့လေ
ပြောကိုပြောပြပေးသင့်တာ
plastic တွေက မီးရှို့ ဖျက်စီးပြန်လဲ
လေထုညစ်ညမ်းမယ်
ဆိုတော့ကား သဘာ၀ပတ်၀န်းကျင်ကို ထိန်းသိမ်းသောအားဖြင့်
plastic လျော့သုံးဖို့နဲ့
recycling လုပ်လို့ရတဲ့ ဟာဆိုလုပ်ဖို့
ဒီလိုနည်းလမ်းတွေကတော့
လက်ရှိမှာ အကောင်းဆုံးနည်းလမ်းပါဘဲ
recycling လုပ်ကြပါလို့ တိုက်တွန်းလိုပါတယ်
Plasticအစားpaperအစားသုံးကြည့်ပါနောက်ပြီးတော့
တောမီးလောင်တာကြောင့်ရော
လူတွေရဲ့ လောဘစိတ်ကြောင့်
ပြုန်းတီးရတဲ့ သစ်ပင်တွေဟာလဲ ဒုနဲ့ဒေးပါ
မလိုအပ်ပဲplasticကိုမသုံးပါနဲ့
သစ်ပင်ပြန်စိုက်ဖို့တော့ ခက်ခဲကြပြီး ပြုန်းတီးအောင်လုပ်ဖို့ကြ လွယ်ကြတယ်လေ
ဆိုတော့ လူတွေရဲ့ဆိုကျိုးဖြစ်ခဲ့တာတွေကိုလဲ လူတွေကဘဲ နည်းအမျိုးမျိုးနဲ့ ပြန်ဖာထေးမှ
ကမ္ဘာကြီးက နေကောင်းမယ်လေ
လူကြီးတွေထက် လူငယ်တွေက
သာလွန်နေမှ နောင်မျိုးဆက်တွေကလဲ
သာလွန်မြင့်မားလာမှာလေဆိုတော့ ဒီနေ့မှာလူငယ်ဖြစ်နေကြတဲ့
သူတွေကဘဲ ကိုယ်နိုင်ရာနိုင်ရာ
နည်းလမ်းတွေနဲ့ သဘာ၀ပတ်၀န်းကျင်ကို ထိန်းသိမ်းလို့ရတယ်လေ
အဓိကကတော့ ကိုယ်ကိုယ့်ကို မေးခွန်းထုတ်ပြီး ကိုယ့်ကိုယ်ကို upgrade လုပ်သွားနိုင်ဖို့ပါ
ဒါမှဘဲ လူတစ်ယောက်စာ
ရဲ့ အလေအလွင့် သုံးစွဲပစ္စည်းတွေ လျော့ကုန်မှာမလား
စက္ကူတွေကို ပြန်သုံးစွဲခြင်းက
သစ်ပင်တွေကိုထိန်းသိမ်းရာ ရောက်သလို ရေသယံဇာတကို
ထိန်းသိမ်းရာလဲရောက်တယ်

စက္ကူတစ်တန် ဖြစ်ဖို့အတွက် ရေဂါလံ ၇၀၀၀ ကုန်တာဆိုတော့လေ
plastic ကိုအစားထိုးဖို့ recycle paper ရှိတယ် သတင်းစာအဟောင်းတွေရှိတယ် ချည်သားအိတ်တွေရှိတယ်လေ
plastic နဲ့တော့ လုံး၀ကင်းကင်းမနေနိုင်သေးပေမယ့် လျော့သုံးလို့ရတဲ့နည်းလမ်းနဲ့
ကိုယ်က စပြီးလျော့သုံးမယ်ဆို
အဆင်ပြေတာပေါ့
ဒါကြောင့်
recycling အကြောင်းနားလည်လောက်ပြီထင်ပါတယ်
recycling plan မှာ ပါ၀င်အားဖြည့် ယှဉ်ပြိုင်ပြီး
သဘာ၀ပတ်၀န်းကျင် ထိန်းသိမ်းရအောင်

recycling ကုန်ကြမ်းကိုလဲ
ရှည်ရှည်ဝေးဝေးတွေးစရာ မလိုပါဘူး ကိုယ့်အခန်းထဲက အမှိုက်တွေ အိမ်ကအမှိုက်တွေ
အဲ့တာကနေဘဲ စပြီး
ကိုယ့် idea တွေနဲ့ ဆန်းဆန်းပြားပြားတွေ ဖန်တီးလိုက်ကြတာပေါ့








Keep Reading

Doorway Effectအရေးပေါ် ဓာတ်ဆားဖျော်နည်းNeurocycle ဆိုတာဘာလဲ?လူငယ်များ သတိပြုစရာ Social Media နှင့် Dopamine ဟော်မုန်းဆက်နွယ်မှု သင်သိပါသလား? ၂၀၂၅မှာ ကမ္ဘာ့လူဦးရေ သန်း၂၈၀ကျော် စိတ်ဓာတ်ကျခြင်းဝေဒနာခံစားနေရတယ်ဆိုတာ…‘Me Time များများပေးပါ’အာရောဂျံ ပရမံ လာဘံမပြိုင်ပါနဲ့Programmer များအတွက် ကောင်းမွန်တဲ့ Mental Health ကို တည်ဆောက်နိုင်ဖို့ နည်းလမ်း (၆) သွယ်။စိတ်၏ အဟန့်အတား( barrier of mental health)