Yu
လူတယောက်နဲ့ တယောက်မှာ ရရှိတဲ့ ဘဝအတွေ့အကြုံ တွေက မတူညီနိုင်ကြပါဘူး ... ကောင်းမွန်တဲ့ အတွေ့အကြုံ တွေ ရရှိတဲ့ သူက ဘဝကို ပိုမို ကောင်းမွန်အောင် ဖန်တီးနိုင်စွမ်း ရှိပါတယ် ...
ဒါကြောင့် ကျွန်မတို့တတွေက ကျောင်းပြီးခါစ အချိန်မှာ လုပ်ငန်း အတွေ့အကြုံ များသထက် များအောင် ကြိုးစားရတာပါပဲ ... အလုပ်လုပ်ရင်း လူအမျိုးမျိုးနဲ့ တွေ့ရင်း ကိစ္စအမျိုးမျိုးကို ကြုံရင်းနဲ့ပဲ ကျွန်မတို့တတွေက ဘဝထဲမှာ အဆင်ပြေစွာ ရှင်သန်နိုင်တဲ့ နည်းကို ရှာတွေ့သွားကြတာပါပဲ ... ဒါဟာ သင်တန်း တတ်ရုံနဲ့ ရတဲ့ အရာ မဟုတ်ပါဘူး ကျွန်မတို့ ကိုယ်တိုင် လက်တွေ့ ဆင်းရတာပါ ... တချို့သော သူတွေက ကိုယ်တိုင် တွေ့ကြုံမှ မဟုတ်ဘဲ စာအုပ်တွေက တဆင့်ပဲဖြစ်ဖြစ် ခုခောတ်လိုမျိုးဆို podcast တွေ vlog တွေ blog တွေက တဆင့်ပဲ ဖြစ်ဖြစ် အတွေ့အကြုံ ယူတတ်ကြပါတယ် ... ဒါဟာ ယူတတ်ရင် ကိုယ့်အတွက် အကျိုးရလဒ်တွေ ဖော်ဆောင်ပေးတဲ့ အရာတွေပါ ... တခြားသူတွေရဲ့ အတွေ့အကြုံရော ကိုယ့်ဘဝရဲ့ အတွေ့အကြုံတွေရော ဒါတွေကို အသုံးချပြီး ကျွန်မတို့တွေက ရှေ့ဆက်လျှောက်ရတဲ့ အချိန်တွေမှာ အဆုံးအရှုံးနည်းနည်း နဲ့ ဘဝကို ကျေနပ်စွာ နေသွားကြရမှာပါ ...
ကောင်းတဲ့ဘက်ခြမ်းကို ပြောပြီးပြီဖြစ်လို့ ဆိုးတဲ့ဘက်ခြမ်းလေးလည်း ပြောချင်ပါသေးတယ်... ဘဝမှာ မတွေ့ကြုံသင့်တဲ့ အရာတွေ ဆိုတာရှိပါတယ် ... ကျွန်မတို့တွေ မကောင်းမှန်း သိရက်နဲ့ ဘာဖြစ်လဲ လုပ်လိုက်မယ် အတွေ့အကြုံပေါ့ဆိုတာမျိုးကနေ လမ်းမှားကို လျှောက်မိလျက်သား ဖြစ်သွားတတ်ပါတယ် ... တချို့အမှားတွေက ကိုယ်မှားမှန်း သိသွားရင် ရပ်တန့်ပြီး နောက်ပြန် ဆုတ်လိုက်လို့ ရပေ့မယ့် တချို့ အမှားတွေကျ အဲ့ဒီလို လုပ်ဖို့ ခွင့်မပြုတော့ဘူး ဒါဟာ အင်မတန် ကြောက်ဖို့ ကောင်းပါတယ် ... ကြီးရင့်တဲ့သူတွေကတော့ များသောအားဖြင့် အမှားအမှန် ကို ခွဲခြား ဆင်ခြင်နိုင်စွမ်း ကိုယ့်ကိုယ်ကို ထိန်းချူပ်နိုင်စွမ်းတွေ ရှိကြပါတယ် ... ငယ်ရွယ်တဲ့ သူတွေက အဲ့ဒီလို skill တွေ အားနည်းနေသေးတဲ့အတွက် ဘယ်အရာကိုမှ အတွေ့အကြုံပေါ့ဆိုပြီး လက်တည့် မစမ်းသင့်ပါဘူး ... နောင်တချိန် နောင်တရစရာ အဖြစ်မျိုးတွေ မလုပ်တာဟာ အကောင်းဆုံးပါပဲ ...
စာဖတ်သူတို့လည်း အတွေ့အကြုံကောင်းတွေနဲ့ အတူ ဘဝကို အခက်အခဲကင်းစွာ ရှေ့ဆက်နိုင်ကြပါစေ ...
မေတ္တာဖြင့်
ယု
Keep Reading