စာဖတ်၏ စာရေးဆရာ
ဒီဝတ္တုတိုဟာ အိုးဟန်နရီ(O Henry) စာပေဆု ဆန်ကာတင် စာရင်းမှာ ပါပါတယ်။
ကိုလံဘီယာ နယ်စပ်ကို နောက်ခံထားပြီးရေးထားတဲ့ ဝတ္တုတိုတစ်ပုဒ်ပါ။ အပိုင်းငယ် ၄ပိုင်းခွဲပြီး တင်သွားပါ့မယ်။ နောက်ဆုံးခန်းပြီးရင်တော့ pdf နဲ့ epub ဖိုင်နှစ်မျိုးနဲ့ ebook အနေနဲ့ ထွက်လာမှာပါ။
ခံစားမှုအသားပေး ရသစာပေအမျိုးအစားဖြစ်ပါတယ်။ နာမည်က ကတ်ကြေးများ(Scissors) ဖြစ်ပြီး ဗင်နီဇွဲလား စာရေးဆရာမ/ဂျာနယ်လစ် ကာရီနာ စိန်း ဗောရဂို(Karina Sainz Borgo) ရေးသားခဲ့တာပါ။ စာဖတ်သူများကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။
-
-
-
ကတ်ကြေးများ(Karina Sainz Borgo)
-----
သူတို့ ကူကူးတား Cúcuta မြို့ကို နေ့လည်မှာရောက်တယ်။
အဖွားကလွဲပြီး အားလုံးဗိုက်ဆာနေကြပြီ။ အမယ်အိုဟာ ခုံကိုမှီပြီး ဘတ်စ်ကားရဲ့ မျက်နှာကျက်ကို စိုက်ကြည့်နေတယ်။ သူတို့
ဒီလိုခရီးထွက်လာတိုင်း အမယ်အို ဟာမီနီယာ Herminia ဟာ ဘာမှကို မစားတော့ဘူး။ သူ့သမီးနဲ့ သူ့မြေးမ သူ့ကို နယ်စပ်က လမ်းနံဘေးမှာ ပစ်ထားခဲ့မှာကို သူကြောက်တယ်။ သူဟာ ဆာလောင်မှုကို သူ့ရဲ့ ကာကွယ်မှုတစ်ခုအဖြစ် ပြောင်းလဲတတ်နေပါပြီ။
အရင်တုန်းက နယ်စပ်ကို တစ်လတစ်ခါလောက်သာ ကူးတဲ့သူတို့ဟာ အခုဆို တစ်ပါတ်တစ်ခါလောက် ကူးနေကြရတယ်။
မနက်ဝေလီဝေလင်းမှာထွက်ရင် ညနေစောင်းမှ ဒီဘက်ပြန်ရောက်တယ်။ တခါတစ်လေ ခရမ်းချဉ်သီးသုံးလုံးရယ် ဒါမှမဟုတ် အလွန်ဆုံးခံလှ နှစ်ရက်လောက်ရှိတဲ့ စပါဂတီခေါက်ဆွဲထုတ် တစ်ထုပ်လေက်ပဲ ရလာတတ်တာမျိုးရယ်။
စပါဂတီကို ဆားနဲ့ပြုတ်ပြီး မနက်ခင်း၊ နေ့လည်နဲ့ ညဘက် စားကြရတာပဲ။ သူတို့ ဘာရလာတယ်ဆိုတာထက် ခရီးတခါထွက်တိုင်း ဟာမီနီယာမှာ အရိုးတွေ နာတယ်၊ ကိုက်ခဲတယ်။
“မာမားရယ် လိုက်မလာဖို့ပြောတာလည်း ဘယ်တော့မှ နားမထောင်ဘူး”
အမယ်အိုကြီးဟာ သူ့ရဲ့ကြောက်စိတ်ကို ဆေးရွက်ကြီးဝါးသလိုမျိုး ကြိတ်ဝါးပြီး “အင်း” လို့သာ ချွဲသံပါပါနဲ့ တုန့်ပြန်တယ်။
သူ့သမီး ကောရာလီယာ က
“အမေဟာလေ မြည်းလိုပဲ သိပ်ခေါင်းမာတယ်” လို့ သူ့အိတ်ထဲ ဟိုဟိုသည်သည် ဖွပြီးပြောတယ်။
အမယ်အိုဟာ သူ့သမီးကို ဘာမှပြန်မပြောပဲ သူ့မြေးဖြစ်သူ မီလာဂရိုစ် Milagros ကို သိမ်းထားတာကြာပြီဖြစ်တဲ့ သကြားလုံးနဲ့ တစ်ရှုးထုပ်လေးကို ကမ်းပေးလိုက်တယ်။ သူ့ဆီမှာ ဒါကလွဲပြီး တခြားဘာမှမရှိတော့ပါဘူး။
လိမ္မော်သီးအသေးတွေက ကပါချို ဗီရဲဂျို Capacho Viejo မရောက်မှီကတည်းက စားလိုက်ကြတာ ကုန်ပြီ။
“ငါအိမ်မှာနေခဲ့တော့ရော။ ငါဘာလုပ်ပေးနိုင်မှာမို့လဲ” လို့ ဟာမီနီယာ က တိုးတိုးလေးပြောတယ်။
“နင်တို့တွေပြန်မလာတော့ပဲ ငါ့ကို ပစ်ထားခဲ့ကြမှာမဟုတ်လား။ ”
“မာမားရယ် မဟုတ်တမ်းတရားတွေ မပြောစမ်းပါနဲ့”
ဟာမီနီယာဟာ ဒီခရီးတွေကို သူ့သက်တမ်းတလျှောက်ကျင့်သားရနေပြီဖြစ်တဲ့ အကောင်းမြင်စိတ်နဲ့ ဖြတ်ကျော်ရပါတယ်။ သူဟာ အသွေးထဲအသားထဲက တာချီရာ Táchira အမျိုးသမီးစစ်စစ်တစ်ယောက်။ စကားပြောရင် တောင်အမေရိကသံဝဲတယ်။ ခြေသလုံးတွေက သန်မာတယ်။ ဆံပင်ကို သပ်သပ်ရပ်ထုံးထားတတ်တယ်။
အရင်တုန်းက သူ့ကိုမြင်ဖူးသူတွေဟာ အခုသူ့ကို ပြန်တွေ့ရင် မှတ်မိမှာကို မဟုတ်ဘူး။ နှစ်တွေကကြာခဲ့ပြီလေ။ သူဘယ်လောက်တောင် ပိန်သွားလဲဆိုရင် သူ့မျက်နှာဟာ လေလျော့နေတဲ့ ပူဘောင်းတစ်လုံးလို ချုံးချုံးကျနေခဲ့ပါပြီ။
ဘဝကိုယ်နိုင်နိုင်နင်းနင်း ဇာတ်ကိုင်နိုင်ခဲ့ချိန် နဲ့ ယှဉ်လိုက်ရင် ယိုယွင်းသွားတဲ့ အခြေအနေကို ရောက်ရှိနေခဲ့ပါပြီ။ အရီပါ Arepa မျက်နှာလို့ အိမ်နီးနားချင်း ကလေးတွေ ခေါ်တတ်ကြတဲ့ မျက်နှာလည်းမဟုတ်တော့ပါဘူး။ အရီပါ မျက်နှာလို့ခေါ်ကြတာက ဟာမီနီယာရဲ့ မျက်နှာဟာ သူဖုတ်တဲ့ ပြောင်းဖူးကိတ်မုန့်နဲ့တူလို့ခေါ်ကြတာ။
သူ့မှာ မုန့်ဖုတ်ရုံလေးအရင်ကရှိပါတယ်။ အပျော်လာတဲ့ စစ်သားတွေ မီးတင်ရှို့လိုက်တာမှာ ရှိသမျှအကုန်ပါသွားခဲ့တယ်။ ဘယ်သူကမှ ပြန်မလျော်ပေးခဲ့ကြဘူးလေ။ အဲဒီအချိန်ကစပြီး သူ့ဘဝကမ်းဟာ ပြိုကျခဲ့တော့တာပါပဲ။
သူဟာဘယ်တော့မှ အမည်းရောင် ဝမ်းဆက်ဝတ်လေ့မရှိဘူး။ လူတွေကတော့ပြောကြပါရဲ့။ သူ့မျက်နှာက မွေးရာပါ မုဆိုးမတစ်ယောက်ရဲ့ မျက်နှာမျိုးတဲ့လေ။ အဖွားကြီးတစ်ယောက်ဖြစ်နေရတာမလွယ်ကူပါဘူး။ ဒါပေမယ့် ညည်းညူနေလို့ ဘာထူးမလဲ။
သူ့အမေလဲ မညည်းခဲ့ဘူး။ သူ့အဖွားဖြစ်သူလည်း မညည်းခဲ့ဘူး။ ဒီတော့သူလည်း ညည်းညူနေမှာမဟုတ်ပါဘူး။
“သမီးနဲ့မား(အမေ)တို့ သွားတုန်းကလေးကို ကြည့်ပေးထားပါ အဘူအယ်လာ(အဖွား)ရေ” လို့ သူ့မြေးဖြစ်သူက ပြောပါတယ်။
“ဒီနေရာမှာပဲနေ။ ဘယ်မှမသွားနဲ့နော်၊ သိလား”
“အေးပါ မီစာ(သမီး)ရယ်။ ငါသိပါတယ်” လို့ ဟာမီးနီးယားက ချွဲသံနဲ့ပြောပြီး ကလေးကို လက်ပြောင်းချီလိုက်တယ်။
ကလေးကို ကြည့်ပေးရတာက သူ့အတွက်မပင်ပန်းပါဘူး။ ဒါပေမယ့် ကလေးနဲ့ ရှိနေရင် သူတို့ ဘာပဲဖြစ်ဖြစ်ပြန်လာကြမှာပဲ။
အမီနီယာအတွက်တော့ ကလေးဟာ အသက်အာမခံလိုပါပဲ။
သူ့ကို လုံခြုံစေတယ်လေ။ သူကြားဖူးတာတွေရှိပါတယ်။ တချို့မိသားစုတွေ အပြီးအပိုင်ပြောင်းသွားကြရင် လူအိုတွေကို ချန်ထားခဲ့ကြတယ်ဆိုတာမျိုး။
ဆေးရုံအပေါက်ဝ မှာ ရေတဗူးလက်ထဲထည့် စောင်တစ်ထည်ပတ်ပေးပြီး ထားခဲ့ကြတာမျိုး။ လူအိုတွေ နယ်စပ်မှာ သေကြတာအဲဒါမျိုးပေါ့။
သူတို့ကလေးတွေ ဘယ်တော့ပြန်လာမလဲ တချိန်လုံးမေး၊ အကြောက်လွန်ပြီး သေကြတာပါပဲ။
အမယ်အိုဟာ ကောင်းကင်ကြီးကို ကြည့်ပြီး မိုးကြိုးပစ်ချလိုက်ချိန်မှာ ဆန်တန်ဒါ (Santander) ဥယာဉ်ကြီး ပျောက်သွားလေမလားတွေးနေမိတယ်။ ဒီလိုအချိန်ဆို ဒီနေရာဟာ ခိုတွေရယ် “လိုက်ဆွဲတဲ့လူတွေ (ဒရပ်ဂါ)” တွေနဲ့ အပြည့်ပဲ။ ပစ္စည်းအလဲအထပ် လိုက်လဲတဲ့သူတွေပေါ
Unlock to read this premium article with 10 points.