Author's Profile Photo

Myaing Hay Won

5/02/2024

ရင်ထဲကနွေ _အခန်း(၂၈)_

5 mins read
Life Style
General Knowledge
Art
ရင်ထဲကနွေ _အခန်း(၂၈)_'s photo

နောက်ဆုံးနှစ် ကျောင်းသင်္ကြန်ပွဲသည် ခမ်းနားသည်။ နိုင်ငံကျော်အဆိုတော်များနှင့် ဒီဂျေပင် ငှားထားသည်။ သို့သော် ယခင်နှစ်က ရွှံ့မြေပေါ်တွင် ကကြသော၊ ကိုယ့်ကျောင်းသားနှင့်ကိုယ် ကျင်းပသော သင်္ကြန်ပွဲကို ပြန်တမ်းတမိသည်။ မခမ်းနားသော်လည်း နွေးထွေးသည်။

သူ့ကိုလည်း ထိုအတိုင်းပင်။ ယခုနှစ် တခြားကျောင်းသူများကို ရေလောင်းပြီးမှ ကျွန်မကို ရေလာလောင်းသော သူ့ထက် ယခင်နှစ်က ကျွန်မကို အဦးဆုံးရေလာလောင်းသော သူ့ကို ပြန်တမ်းတမိသည်။ ထိုအချိန်ကဆိုလျှင် သူနှင့်ကျွန်မ လက်တစ်ကမ်းအကွာအဝေးတွင် ကခုန်နေခဲ့ကြသည်။

အခုများဖြင့် သူသည် ကျွန်မနှင့် လက်တစ်ကမ်း မကသော အကွာအဝေးမှာ။ ညနေစောင်းသည်အထိ အရှိန်က မပြယ်ကြသေး။ စင်အောက်မှ တက္ကသိုလ်ကျောင်းသားကျောင်းသူများသည် စင်ပေါ်မှ အဆိုတော်X-box၏ သီချင်းသံအောက်တွင် ကဲ၍ကောင်းတုန်း၊ ခုန်၍ ကောင်းတုန်း။ ကျွန်မသည် တကယ်တော့ X-box ၏သီချင်းများကို ရသည်မဟုတ်။ 'အိပ်ရေးမပျက်စေနဲ့' ဆိုသည့် စာသားကိုသာ ကြားဖူးနားဝ ရှိနေ၍ ရသည်။ 

ထို့နောက် ကြက်ဖက ဖျော်ဖြေသည်။ ကြက်ဖ သီချင်းများလည်း ထိုနည်းတူစွာ။ တစ်ကြောင်းမှမရ။ 

'ကျွန်တော် နားနေခန်းမှာ နေတုန်းက ဆရာမတစ်ယောက်က "ကိုကြက်ဖ အချစ်ဆုံးသူငယ်ချင်း သီချင်း မဆိုဘူးလားလို့ မေးတဲ့အတွက် ကျွန်တော် အဲ့ဒီသီချင်းလေးကို နှုတ်ဆက်သီချင်းအနေနဲ့ ဆိုပါမယ်'

အချစ်ဆုံးသူငယ်ချင်းတဲ့လား။ နားထောင်တိုင်း မျက်ရည်ဝဲမိသည့် သီချင်းလေးဖြစ်သည်။ သူ့ကို လူအုပ်ကြီးထဲ မျက်လုံးဝေ့ကာ လိုက်ရှာမိသည်။ အရပ်ရှည်ရှည်ကောင်လေးဖြစ်၍ ရှာရ လွယ်ကူပါသည်။ ပျော်နေပုံရသည့် မျက်နှာကလေးတွင် ရေစက်ကလေးများ တွဲခိုနေသည်ကိုပင် လှမ်းမြင်နေရသည်။ ဒီသီချင်းစာသားတွေက ကျွန်မ၏ ခံစားချက်နှင့် ထပ်တူပဲဆိုသည်ကို သူသိနိုင်မလား။ 

'တားဆီးထားတဲ့ တို့နှစ်ယောက်ရဲ့ အဖြူရောင်စည်းလေး ရှိခဲ့လည်း ××× နင့်ရဲ့အတွက်နဲ့ ငါ့ဘဝမှာ အရာရာစတေးခဲ့မိတယ် ××× နင်မသိလည်း ငါရူးမိုက်စွာနဲ့ ××× ဆက်ချစ်မယ် နှလုံးသားထဲက

မင်းပေးတဲ့ ဒဏ်ရာဒဏ်ချက်တွေ ××× မပြောရဲခဲ့လို့ မင်းနဲ့ငါ ကမ္ဘာတွေခြားဝေးရတယ် နင်မသိလည်း ငါရူးမိုက်စွာနဲ့'

သီချင်းကို တိုးတိုးလိုက်ညည်းရင်း မျောလွင့်ရင်းဖြင့် ထိုအချိန်က မျက်နှာပေါ် လာစင်သည့် ရေစက်များနှင့် ရော၍ ကျွန်မငိုခဲ့မိပါသည်။

*

အခုတော့ ကျွန်မ ငို၍ မဖြစ်ပါ။ ဘွဲ့ယူသောနေ့တွင် ငို၍ မဖြစ်ပါ။ ဈေးကြီးပေး၍ ပြင်ထားရသော မိတ်ကပ်များပေါ်သို့ ကျွန်မ မျက်ရည်တစ်ပေါက် ကျလျှင် အကျည်းတန်သွားလိမ့်မည်။ မငိုစကောင်းပါ။ ငိုမည်ဆိုလျှင်လည်း ပျော်၍ ငိုသော မျက်ရည်များသာ ဖြစ်သင့်ပါသည်။ သူနှင့် အမှတ်တရများရှိသော အတိတ်ကို သတိရ၍ ငိုသော မျက်ရည်များ မဖြစ်သင့်။ 

တချို့က ဆိုကြသည်။ 'ဘွဲ့ယူတယ် ဆိုတာ ငါတို့ကို ကျောင်းကနေ အခမ်းအနားနဲ့ မောင်းထုတ်တာပဲ၊ သင်တို့ သွားလိုရာကို သွားနိုင်ပါပြီ ဆိုတဲ့ပုံစံမျိုးလေ' ဟူ၏။ မှန်ပေသည်။ အခမ်းအနားနှင့် မောင်းထုတ်သည်။ တစ်လက်စတည်း သူ့ကိုပါ ရင်ထဲမှ ထုတ်ပစ်ရမည်။ 

မေ့ပစ်ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ဖူးသည်။ သူ့အပြုံးအောက်တွင် အကြိမ်ကြိမ် ရှုံးနိမ့်ခဲ့ရဖူးသည်။ ယခုလည်း စင်မြင့်ထက်တွင် ဘွဲ့ယူမောင်မယ်များ အတန်းလိုက်ဓာတ်ပုံရိုက်စဉ် သုံးတန်းမြောက်ဖြစ်၍ မရိုက်ရသေးသော သူက စင်မြင့်ပေါ်သို့ ကျီးကန်းတောင်းမှောက်အကြည့်ဖြင့် တစ်စုံတစ်ခုကို ရှာသည်။ သူရှာနေသောအရာသည် ကျွန်မဖြစ်ဟန်တူသည်။ ကျွန်မကို မြင်သောအခါ သူ့မျက်လုံးများ ဝင်းလက်သွားသည်။ ထို့နောက် ငါနင့်ကိုတွေ့ပြီ ဟူသော အဓိပ္ပါယ်ဖြင့် သွားသေးသေးကလေးများ ပေါ်အောင် ပြုံးပြသည်။ ကျွန်မ ဘာလုပ်မည် ထင်သနည်း။ နွေဦးကဗျာ၏ အားနည်းချက်သည် သူ့အပြုံးများပင် မဟုတ်လော။ ကျွန်မ၏ နှုတ်ခမ်းထောင့်စွန်းများ ကွေးသည်အထိ ပြုံးလိုက်ပါသည်။

ဘွဲ့ယူသည့်နေ့မို့ နှစ်ယောက်အတူ ဓာတ်ပုံရိုက်ချင်သည်ကို သူမသိလေရော့သလား။ ကျွန်မအနား ယောင်လို့ပင်မလာ၊ သူငယ်ချင်းများနှင့်သာ ရှိနေသော သူ့ကို နာကြည်းမည်ပြုသည်။ ယခု စင်အောက်မှ ပြုံးပြနေသော သူ့မျက်နှာမှာ ဖြူစင်သည်။ ကျွန်မ၏ နာကျည်းမှုနှင့် မထိုက်တန်သော မျက်နှာ။ ကျွန်မသည် သူ့ကို နာကျည်းရန် အကြိမ်(၁၀၀)မြောက် ကြိုးစားမှုတွင် ထပ်မံ ကျရှုံးပြန်သည်။

တက္ကသိုလ်ကျောင်းတော်ကြီးသို့ ပြန်ရောက်ရန် မလွယ်တော့ပြီ။ သစ်ရွက်များ ခြွေချထားသည့် အကိုင်းအလက်များနှင့် မားမားမတ်မတ် တည်ရှိနေသော လက်ခုပ်ပင်ကြီးကို နောက်ဆုံးအကြိမ်အဖြစ် ကြည့်သည်။ သူ ကျွန်မထံ လာနှုတ်ဆက်ဦးမလားဟူသော မျှော်လင့်ချက်ဖြင့် သူ့ကို ရှာသည်။ သူလာမည် မဟုတ်တော့ပါ။ ကျွန်မဘက်ကို ကျောခိုင်းထားပြီး သူငယ်ချင်းများနှင့် စကားပြောနေသည်။

PTU ကို နှုတ်ဆက်ရန်သင့်ပြီ။ နာကျင်မှုတွေကို နှုတ်ဆက်ရန် သင့်ပြီ။ ကျွန်မသည် နောက်သို့ တစ်ချက်မျှ ပြန်လှည့်မကြည့်တော့ဘဲ ကျောင်းမှ ထွက်ခွာလာခဲ့တော့သည်။ 

***

ဘွဲ့ယူသည့် ကိစ္စပြီး၍ ရန်ကုန်သို့ ပြန်သွားရဦးမည်။ အောင်စာရင်းထွက်ပြီးချိန်မှ ဘွဲ့မယူခင် စပ်ကြားကာလတွင် ကျွန်မသည် ရန်ကုန်သို့ အလုပ်လုပ်ရန် ရောက်နေခဲ့သည်။ အောင်စာရင်းထွက်စဉ်က စတား(*) ပါသော်လည်း မာစတာဆက်တက်ရန် စိတ်မပါတော့ပေ။ ထို့ကြောင့် ရန်ကုန်သို့လာပြီး အလုပ်ရှာနေခဲ့သည်။

အလုပ်ရှာရသည်မှာ မလွယ်။ တစ်လကျော်မှ အလုပ်တစ်ခုရသည်။ အလုပ်ပထမဆုံးနေ့တွင် စဉ်းစားမိသည်။ 

'ငါဟာ အင်ဂျင်နီယာလုပ်ဖို့ မွေးဖွားလာတာ မဟုတ်ဘူး' ဟူသတတ်။ 

ထို့ကြောင့် ဘွဲ့ယူရမည့်ရက်မတိုင်ခင် အလုပ်ထွက်လာခဲ့လိုက်သည်။ ယခု ပြန်သွားရဦးမည်။ 

'ငါဟာ အင်ဂျင်နီယာလုပ်ဖို့ မွေးဖွားလာတာ မဟုတ်ဘူး' ဟု ကြုံးဝါးထားသူက အင်ဂျင်နီယာ လုပ်ရန် ရန်ကုန်သို့ တဖန် ပြန်သွားမည် စီစဉ်သည်။

ဒီလိုနှင့် အလုပ်တစ်ခု ထပ်ရသည်။ ဆယ့်နှစ်ထပ်ဆောက်မည့် ပုဂ္ဂလိကဆေးရုံတွင် ဂျူနီယာဆိုက်အင်ဂျင်နီယာလေး ဖြစ်သည်။ ကျောင်းပြီးစ အနေနှင့် မြင်မြင်သမျှသည် သင်ယူစရာချည်းဖြစ်၍ အလုပ်ချိန်တွင် အာရုံတစ်ပါးသို့ စိတ်မသွား။ သို့သော် မနက် အလုပ်သွားချိန် မြို့ပတ်ရထားစီးလျှင်ဖြစ်စေ၊ အလုပ်အပြန် YBSပေါ်တွင် ခုံနေရာ တစ်နေရာရလျှင် ဖြစ်စေ သူ့ကို လွမ်းဆွတ်သတိရသည်။ သူနှင့် အလုပ်အတူတူ လုပ်ရလျှင် ကောင်းမည

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစိတ်ညစ်စရာကြားကဆေးတစ်ခွက်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)

Unlock to read this premium article with 10 points.