Author's Profile Photo

Yu

2/02/2024

အနာဂတ်နိုင်ငံရဲ့ ကြယ်ပွင့်လေးတွေအတွက်

1 min read
Life Style
Personal Development
Finance
အနာဂတ်နိုင်ငံရဲ့ ကြယ်ပွင့်လေးတွေအတွက်'s photo

စာဖတ်သူတို့ရဲ့ ဘဝမှာ ဘယ်အရာတွေက အရေးပါကြပါသလဲ ... လူအများစုကတော့ ပိုက်ဆံ လို့ ပြောကြမှာပါပဲ ... တနည်းအားဖြင့်တော့ ပိုင်ဆိုင်မှုပေါ့ ... ဟုတ်ပါတယ် ကျွန်မဘဝမှာလည်း မရှိမဖြစ် အရာတပါ ... ဘဝရဲ့ လိုအပ်မှုတွေ ဆန္ဒတွေကို ဒီပိုက်ဆံကနေတဆင့် ဖြည့်ဆည်းရတာပါ ...ခောတ်အခြေအနေအရဆို ပိုပြီးတော့တောင် လိုအပ်လာပါတယ် ...

financial education ဆိုတဲ့ ငွေရေးကြေးရေးဆိုင်ရာ သိရမယ့် အသိပညာတွေ မိတ်ဆွေတို့ ငယ်စဥ်ကတည်းက သင်ပြခြင်းခံခဲ့ရပါသလား ...ကျွန်မအနေနဲ့ ငယ်စဥ်အခါက ပိုက်ဆံနဲ့ပတ်သက်ပြီးတွေးမိတဲ့အတွေးက မိဘဆီကနေ ဘယ်လိုပြောတောင်းရင် ကောင်းမလဲဆိုတာလောက်ပါပဲ ... ပိုက်ဆံ အပေါ်ထားရမယ့် minset တွေ စတဲ့ လိုအပ်တဲ့ အရာတွေကို ကျွန်မ ငယ်ငယ် က သင်ပြခြင်း မခံခဲ့ရပါဘူး ... ကျွန်မရဲ့ ကျောင်းကလည်း မသင်ပြပေးသလို ကျွန်မရဲ့ မိဘ တွေကလည်း ကလေးပဲ ဆိုပြီး ပြောပြခဲ့ သင်ပြခဲ့တာ မရှိခဲ့ပါဘူး ... ငွေကြေးဆိုင်ရာအသိပညာတွေက စောစောသိလေကောင်းလေပါပဲ ... ကျွန်မတို့တွေဟာ ကလေးအဖြစ်နဲ့ပဲ တသက်လုံး နေသွားရတာ မဟုတ်ပါဘူး ... အချိန်တန်ရင် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်ဖို့ ရုန်းကန်ကြရမှာပါ ... ဒီနေရာမှာ ကျွန်မတို့အတွက် လိုအပ်တဲ့ skill တွေကို ငယ်ရွယ်စဥ်ကတည်းက သင်ယူလာခဲ့ဖို့ အင်မတန် အရေးကြီးပါတယ် ...

ငွေကြေးပညာ တခုတည်း မဟုတ်ဘဲ ကျွန်မတို့တတွေ သူစိမ်းတွေနဲ့ ဆက်ဆံရတဲ့အခါ ကျွန်မတို့တတွေ မနာရအောင် မရှုံးရအောင် လူ့သဘောလူ့မနောတွေကို ရိပ်ဖမ်းသံဖမ်း တော့ ကျွန်မတို့ သိဖို့ လိုအပ်ပါတယ် ... ဒါတွေဟာ ငယ်စဥ်ကတည်းက ကျွန်မတို့ နားထောင်ဖို့လိုအပ်တာတွေပါ ... စာသင်ကျောင်းက သင်ပေးလိုက်တာတွေက ကျွန်မ တို့ တကယ့်ဘဝမှာ အသုံးမလိုတာတွေ အများကြီးပါရှင့် ... အဲ့ဒီတော့ မိဘတွေက ဒါတွေကို အများကြီး ပြောပြပေးရပါမယ် အတန်းထဲမှာ grade ကောင်းကောင်းရဖို့ထက် ကိုယ့်သားသမီး ဘဝမှာ ရှင်သန်ရတဲ့အခါ သိရမယ့် အသိပညာတွေ ထားရမယ့် mindset တွေ ဒါတွေကို သင်ပြပေးကြရပါမယ် ...

ခုထိ ကျွန်မပြောခဲ့တာတွေက ဘဝ ရပ်တည်ရေးအတွက် ငွေရေးကြေးရေး ရယ် ကိုယ်မခံရဖို့ အရေးရယ်ပါ ... အဲ့ဒီတော့ နောက်တခုလေးပါ ထပ်ဆောင်းပြောချင်ပါတယ် ... ကျွန်မတို့ လူ့အဖွဲ့အစည်းမှာ နှလုံးသား လှတဲ့သူတွေ ကိုယ်ချင်းစာစိတ်တရား ရှိတဲ့သူတွေ လိုအပ်ပါတယ် ... ကလေးလေးတွေကို ကျွန်မတို့ မေတ္တာတွေ အများကြီး ပေးကြရပါမယ် ... အချစ်ခံရတဲ့ ကလေးဟာ ကြီးပြင်းလာတဲ့အခါ သူတပါးကို မေတ္တာစစ်နဲ့ ချစ်ပေးနိုင်ပါတယ် ...

အနာဂတ်နိုင်ငံရဲ့ ကြယ်ပွင့်လေးတွေဖြစ်တဲ့ကလေးလေးတွေဟာ ကောင်းမွန်စွာပြုစုခံထိုက်ပါတယ် ... ဒီခောတ်မှာ parenting ဆိုတာကိုလည်း မိဘအများစုက သိလာပြီး လေ့လာလာကြပါပြီ ...ဒါပေ့မယ့် ကောင်းမွန်စွာ ပျိုးထောင်ခြင်း မခံရတဲ့ ကလေးလေးတွေလည်း ဒုနဲ့ဒေး ပါပဲရှင် ... တော်သော တတ်သော လူသားဆန်သော လူတွေ ကျွန်မတို့နိုင်ငံမှာ အများကြီးပေါ်ထွန်းလာပါစေလို့သာ ဆန္ဒပြုရင်း ....

ချစ်ခြင်းအားဖြင့်
ယု
No.9

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးပဲဟင်းတစ်ခွက် ဂုဏ်ယူလျက်အဆုံးသည်......အသစ်နှင့်အဟောင်းပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းစာဖတ်ခြင်းအလေ့အကျင့်ကို မြှင့်တင်ပေးမယ့် နည်းလမ်းကောင်းများ...ရပ်တန့်ရမယ့်အချိန်ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄) စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်