Your Dearie
ဘာလိုလိုနဲ့ ဒီလူသားလေးနဲ့သိခဲ့တာ ၄နှစ်ရှိပီပေါ့
စသိတဲ့အချိန်ကတည်းက အခုချိန်ထိ အမြဲနူးညံ့သိမ်"မွေ့"ဘဲ ပြောဆိုတာခံရတယ်။
ကိုယ်က "နင် ငါ" သုံးရင်တောင် သူ့ကမ္ဘာကြီးမှာ ပြိုလဲနေပီ။
ဘာစားချင်လဲ ဘယ်သွားချင်လဲ
ဘာပဲမေးမေး "မမသဘော"တဲ့ အမြဲပြန်ဖြေတာက
ကျွန်တော်စိတ်ကောင်းတိုင်း ချော့ဖို့ဝန်မလေးဘူး။မနောက်ကျဘူး။
ကျွန်တော်စိတ်အလိုမကျတိုင်း အမြဲပြန်ပြင်ဆင်ပေးဖို့ ဝင်မလေးဘူး။
တွဲဖြစ်ကတည်းက သူ့ရဲ့တစ်နေ့တာ အစနဲ့အဆုံးက ကျွန်တော်ဘဲ။
တစ်ရက်ကလေးတောင်မှ မောနင်းမက်ဆေ့လ် ဂွဒ်နိုက်မက်ဆေ့လ်
မပို့တဲ့ရက်ဆိုတာ မရှိခဲ့ဖူးဘူး။
လူဘဲလဲ... သူ့မှာလဲပြိုလဲ ပျက်စီး ပင်ပန်းရတဲ့နေ့တွေရှိမှာပါဘဲ။ ဒါမဲ့ တစ်ရက်ကလေးမှ ကျွန်တော့်ကို နှုတ်ဆက်စာပို့ဖို့
သူ့မှာမပျက်ကွက်ခဲ့ဘူး။
ရက်တစ်ရက်မှာ သူဘယ်သွားတယ်၊ဘယ်လာတယ်၊ဘာလုပ်တယ်၊ဘယ်သူနဲ့တွေ့ခဲ့တယ် ဆိုတာတွေ အကျဉ်းချုပ် ပြန်ပြောစမြဲဘဲ။ ကျွန်တော်မမေးဘူး။ သူကပြောချင်လို့ပြောပြတာ။
တခါတေလေတွေးမိတာ သူဘယ်လိုenergyမျိုးနဲ့ ကျွန်တော့်ကို
အဲလောက် ချစ်နိုင်ရတာလဲပေါ့။
ကျွန်တော်ဆိုတာက အဆုံးမရှိ overthinkingသမား။ စတွဲကတည်းက break upဖို့ပြောတာ ကျွန်တော်ဘဲ။ လတိုင်းမှာ break upဖို့ အနဲဆုံးတစ်ခါတော့ ပြောရမှ ကျေနပ်တဲ့လူမျိုး။
အလုပ်မအားတဲ့ရက်တွေဆို သူ့ကို ဖြစ်သလိုပစ်ထားတာ။ နှုတ်ဆက်စာတောင်မပို့ဘူး။ စိတ်မကြည်တဲ့ရက်တွေဆို စကားမပြောဘူး၊ ဖြစ်သိလိုပြစ်ထားတာ။ ရက်ချီ၊အပတ်ချီ...ကျွန်တော်က အရမ်းအေးတိအေးစက်နိုင်တဲ့လူလေ။ မေးတာတွေလဲ ဖြေချင်မှဖြေတာ။ ဖြစ်သလို ပစ်ထားနေကျလေ။
ဒါမဲ့ တစ်ခုတည်းသော သူပြန်ပြောတာက "မမ ကျွန်တော်လဲ ခံစားတတ်တဲ့နှလုံးသားရှိတဲ့လူနော်။" တဲ့
အကြိမ်ကြိမ် ပစ်ခံထားရရင် နာကျင်တတခတဲ့လူပါပေါ့...
ပီးတော့ ကျွန်တော့်ကို nicknameပေးထားတယ် "Icyy"တဲ့
သူများလို အချစ်ကလေး၊ဟန်နီ ဘာညာမဟုတ်ဘူးနော်
ကျွန်တော်က တွန်းထုတ်လေ သူက ပိုနီးလာလေဘဲ။
ကျွန်တော်ရှိတဲ့ နေရာတွေဆိုလဲ သူတအားလာချင်တာ။
မမလာမယ်နော်။ ဘယ်အချိန်လာရမလဲ။ ဘယ်နေရာလာရမလဲ။
အမြဲအဆင်သင့်..
မလာနဲ့ပြောလဲလာတယ်။ လာလို့များပြောမိရင်တော့...
သူကျတော့ ခေါ်တယ်။
သူ့ဆီလာဖို့ သူ့ရှိတဲ့နေရာ၊
သူ့အပေါင်းအသင်းတွေနဲ့နေရာတွေဆီ
ကျွန်တော်က မသွားတာ။
အဲလိုဆိုသူက ပွားပြန်ပီ၊
ပြောပြန်ပီ ဘာဖြစ်တယ်၊ညာဖြစ်တယ်နဲ့ပေါ့။
ပီးတော့ရှိသေးတယ်။
ကျွန်တော့်ပုံတွေအကုန်သိမ်းနိုင်တာ။
ကျွန်တော်က သူ့ဆီအရင်မပို့ဘူး။ my dayဖြစ်ဖြစ် အရင်တင်တာ။ သူ့မှာ screenshotထားပီ အဲလိုဆို။ ပီးတော့လာပြောတာပေါ့ သူ့ဆီလဲ မပို့ဘူးဆိုပီး။
သူကျတော့ ပုံတွေရိုက်လာရင် ကျွန်တော့်ကိုဘဲ ပို့တာမျတယ်။ တစ်ခါတစ်လေ ပုံတင်ချင်ရင်တောင် ကျွန်တော့်ကို လာပြပီးရွေးခိုင်းတာ။"မမ ဘယ်ပုံတွေ တင်ရမလဲ"ဆိုပီး
ချစ်ဘဲချစ်ပေးတာမဟုတ်ဘူး။
ကျွန်တော်က မှီခိုလို့ရတဲ့သူမျိုး။ ဘယ်လိုအကူအညီတောင်းတာမျိုးဖြစ်" သူhandleနိုင်တယ်။ ပညာရေးလား၊ငွေရေးကြေးရေးလား၊ဗဟုသုတလား၊ဉာဏ်စမ်းလား၊ရိုးရားလား၊ဘာသာစကားလား...ဘာဘဲဖြစ်"သူတတ်နိုင်သလောက် ကူညီပေးနေကျ...
Keep Reading