Author's Profile Photo

SarPhat Author

17/01/2024

Why?

2 mins read
Life Style
Personal Development
Culture
Why?'s photo

လွန်ခဲ့တဲ့ ၅နှစ်က ထင်ပါရဲ့ အဖြစ်အပျက်တစ်ခုဖြစ်ဖူးတယ်။ ပုံမှန်လည်း စကားမပြောဖြစ်ပေမဲ့ အလုပ်ကိစ္စတစ်ခုပဲ ပြောဖြစ်တဲ့ သူတစ်ယောက်က ကိုယ်နဲ့စကားမပြောချင်လို့ တမင်ရှောင်တာကိုပေါ့ ။
ကိုယ်ကလွဲရင် အကုန်လုံးနဲ့ စကားပြောတယ်လို့ပဲ ပြောရမလားပဲ သေချာတော့ မမှတ်မိဘူး။ ကိုယ့်ဘာသာအမြဲအလုပ်ရူပ်နေတဲ့ ကိုယ်ကတော့ မခေါ်လို့မခေါ်မှန်းတောင် မသိခဲ့ပါဘူး။ သူလုပ်ပုံက တစ်ဖြည်းဖြည်း သတိထားလာမိမှ
ဘာလဲ ဘာဖြစ်တာလဲ လို့ တွေးမိတယ်။ သူ့ ငါ့ကို စိတ်ဆိုးစရာများ ရှိလို့လား ငါသူ့အပေါ်မကောင်းတာများ လုပ်မိလို့လားလည်း တွေးရတာပေါ့။

ဒါပေမဲ့ မခေါ်ချင်မခေါ်နဲ့ပေါ့ စကားမပြောချင်တာများ မပြောနဲ့ပေါ့ နဲ့ ဘယ်တုန်းကမှ သူစကားပြန်ပြောမှ ရှေ့ဆက်လို့ရမဲ့ သူမျိုးမဟုတ်ခဲ့သလို ကိုယ်ဘာသာနေတတ်သလို နေခဲ့လိုက်တာပဲ ။ တစ်ခုတော့ရှိတာပေါ့လေ
ကိုယ်တကယ်မှားသွားရင်တော့ တောင်းပန်ဖို့ ဝန်မလေးတတ်သူမျိုးမလို့ ကိုယ်စိတ်နဲ့ကိုယ် ရန်ဖြစ်နေတဲ့သူမျိုးတွေကိုတော့ အခုကော နောက်ကောကို ရှောင်ထားတတ်သူမျိုးကို ။

နောက်တော့ သူကပဲ အရင် စကားကို စပြောတယ် ဘယ်တုန်းကမှ ဘာမှမဖြစ်ခဲ့ဖူးသလို စကားကိုရေပက်မဝင်အောင်လာပြောတော့လည်း ကိုယ့်မှာ အံဩရပြန်တာပဲ။ သူ့ဘာသာ ဘာလို့စိတ်ဆိုးပြီး ဘာလို့စကားပြန်ပြောမှန်းတောင် မသိသူမလို့ စကားပြန်ပြောလည်း ငါဘာများ လုပ်မိပြန်လဲပေါ့။ သူ့နာမည်လည်း မမှတ်မိတော့ဘူး အဖြစ်အပျက်အသေးစိတ်ကိုလည်း မမှတ်မိတော့ဘူး စကားမပြောဘဲ ရှောင်တယ် နောက်တော့ စကားပြန်ပြောတာပဲ ခုထိမှတ်မိတော့တယ်။

ဒီလူဟာ ကိုယ့်အတွက် တအားစိတ်ရူပ်ထွေးသူမျိုးဆို အဲ့အဖြစ်အပျက်တွေကို မေ့ပစ်လိုက်တာမျိုးထိကို လုပ်လို့ရတာကိုပေါ့။ အဲ့သလိုမျိုး လုပ်တာ ရည်ရှည်ကောင်းမကောင်း မသိပေမဲ့ ခုထိတော့ အဆင်ပြေတယ် ပြောရမှာပဲ။ အဲ့လူ နာမည် အဲ့အဖြစ်အပျက်ကိုပါ မေ့ပလိုက်တာမျိုး ပေါ့။ ဘယ်တုန်းကမှ မဖြစ်ခဲ့သလို မေ့ပလိုက်တတ်တယ်။

ခုတော့ လွန်ခဲ့တဲ့ ၅နှစ်ကလိုမျိုး အဖြစ်အပျက်မျိုး လာဆုံရတော့ စိတ်က တော်တော်ရူပ်သွားတယ်။ အရာရာဟာ ကောင်းဖို့အတွက်ဖြစ်လာတာလို့ စိတ်ထားလည်း မထားနိူင်အောင်ပဲ။
ကိုယ်မမှားဘူးထင်ရင် လုံးဝ လှည့်မကြည့်ချင်ပေမဲ့ ကိုယ်ခင်ရတဲ့သူ က မှ အဲ့သလိုစိတ်ဓာတ်မျိုး ရှိနေရင် မှန်တာပြော စိတ်မကောင်း တော်တော်ဖြစ်ရတာပဲ။ နင် ဘာဖြစ်နေတာလဲ လို့လည်း မမေးချင်ဘူး
ဘာလို့လဲ ဘာဖြစ်လို့လဲ ဆိုတဲ့ မရေရာတဲ့အတွေးမျိုးလည်း မတွေးချင်ဘူး ။ မတွေးချင်ဘူးပြောလည်း စိတ်က အားတာနဲ့တွေးမိနေကော။

အဲ့သလို အဖြစ်အပျက်တွေဖြစ်ပြီးတဲ့နောက်မှာ ကိုယ်ဟာ အရာရာကို အနေကျုံ့ပလိုက်တတ်ပြန်ကော။ နေရာသစ် အပေါင်းအသင်းအသစ် တွေ့ရတဲ့အချိန်မျိုးမှာ ကိုယ့်ဟာ ဘယ်လိုလူမျိုးလဲ ဆိုတာကို Hideလုပ်ပလိုက်တာပဲ။
တော်ရုံဝင်မပြောတတ် ဝင်မပါတတ် တော့ဘူး။ ဘယ် သတင်းအချက်အလက် ကောင်းသတင်း မကောင်းသတင်းကိုမှ ကိုယ်မတွေ့ခဲ့ဖူးသလို ကိုယ်မကြုံခဲ့သူသလိုနေနိူင်လာတာမျိုးပေါ့။ လုံးဝ မဖြစ်သာတဲ့ အချိန်မျိုးမှ ကိုယ့်နဂိုရှိတဲ့ စိတ်ရင်းနဲ့အမူအကျင့်ကို ထုတ်ပြတတ်သူမျိုး ဖြစ်လာကော ။ အဲ့တော့ မထင်ရဘူး နော် နဲ့ ဆိုတာမျိုးထပ် ကြားရပြန်ကော။

အဲ့ဒါကြောင့် ထင်ပါတယ် တစ်ခုခုဆို ကိုယ်ဟာမကြိုက်ရင်မကြိုက်ကြောင်း အဆင်မပြေရင်မပြေကြောင်း ကို ချက်ချင်းကိုပြောတတ်သူမျိုးဖြစ်လာတယ် ။ နောက်မှ ကိုယ့်ကိုယ် ဘာဖြစ်နေတာလဲလို့လည်း မေးစရာမလိုတော့တာပေါ့။
ကိုယ့်ကြောင့်နဲ့ဒီလူဟာလည်း ငါဘာများလုပ်မိလို့လဲဆိုတာမျိုး ဘာလို့လဲဆိုတဲ့ အတွေးပေါင်းသောင်းခြောက်ထောင်နဲ့ ဆိုက်ကိုမပေးဖြစ်တော့ဘူးပေါ့။

ဒီ၅နှစ်အတွင်း နာလည်လာတာက တစ်ချို့သူတွေက ကိုယ့်မလို့ ဒီလိုလုပ်တာမဟုတ်ဘဲ ကိုယ့်မလို ဒီလိုပြုမူတာမဟုတ်ဘဲ သူတို့စိတ်နဲ့သူတို့ ရန်ဖြစ် ၊ အရာရာဟာ ဂရုစိုက်ခံချင်တာမျိုး ၊ အမှားလုပ်မိတာတောင် မသိတာမျိုး၊
ကိုယ့်ပဲမှန်တယ်လို့ အမြဲတွေးသူမျိုးမလို့ သာ ဒီလိုတွေပြုမူကျတာပဲ ။ အဲ့သလိုလူမျိုးတွေကို သေချာကြည့်မိရင် သူတို့နဲ့ပက်သက်သူတိုင်းက အဲ့သလိုမျိုးကို တစ်မျိုးမျိုးနဲ့တော့ ခံနေကျရတာပဲ။

တစ်ချို့လူတွေအတွက် ခင်မင်မှုဆိုတာ ခဏတာအတွက်ပဲ ဒီဘူတာပြီးရင် နောက်ဘူတာမှာ ဆင်းမှာမလို့ ခဏလက်တွဲထားခဲ့ရတာမျိုးပေါ့ ။
တစ်ချို့သူတွေအတွက်ကျ ဘူတာတွေ အများကြီးကို သူနဲ့ပဲ ဖြတ်သန်းသွားချင်တာမျိုးပါ ကိုယ်ကဆုပ်ကိုင်ထားတဲ့ လက်ကို ဇွတ်အတင်းဆွဲဖြုတ်နေသူမျိုး ရှိလာရင် လက်နာနာနဲ့ပဲ ကျမတို့က ပြန်ဆုပ်ကိုင်ဖို့ကို ကြိုးစားကြည့်ခဲ့ကြတာပဲလေ ၊ မတော်တဆများ လက်လွှတ်မိတာများလားပေါ့။
သူ့လက်ကော ကိုယ့်လက်ကော နာလွန်းမက နာပြီဆိုမှ လက်လွှတ်ဖို့ကို သတိရကျတာမျိုးကို ။
တစ်ချို့ကျ တစ်ယောက်တည်းပဲ သွားမှ မြန်မြန်ရောက်မယ်ထင်လို့ လက်တွဲမခံနိူင်မျိုးပေါ့။
တစ်ချို့ကျ တစ်ယောက်တည်း သွားရတာက လက်တွဲမဲ့သူ ရှာရမှန်းမသိလို့ကို။
တစ်ချို့ကျ တစ်ယောက်တည်းသွားရတာပဲ နှစ်သက်သွားတာမျိုးပေါ့။

#WaiZin
17/Jan/2021

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးပဲဟင်းတစ်ခွက် ဂုဏ်ယူလျက်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအဆုံးသည်......စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းအသစ်နှင့်အဟောင်းပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းစာဖတ်ခြင်းအလေ့အကျင့်ကို မြှင့်တင်ပေးမယ့် နည်းလမ်းကောင်းများ...ရပ်တန့်ရမယ့်အချိန်