Author's Profile Photo

SarPhat Author

16/01/2024

"သူမင်းကို ဘယ်တော့မှ "

1 min read
Life Style
Book Review
18 Again
"သူမင်းကို ဘယ်တော့မှ "'s photo

ကျွန်တော့်ဘဝမှာ ကျွန်တော့်အပေါ် အလွှမ်းမိုးဆုံးစာအုပ်တွေဟာ ဆရာမောင်လှမျိုး( ချင်းချောင်းခြံ) ရဲ့ စာအုပ်တွေ ဖြစ်ခဲ့ပြီး အလွှမ်းမိုးဆုံး ဇာတ်ကောင်တစ်ကောင်ကိုပြပါဆိုရင်တော့ ဆရာမဂျူးရဲ့ ထင်လင်းဇာတ်ကောင်ပါပဲ။

ထင်လင်းလိုယောက်ျား ဖြစ်ချင်တယ်။
ပထမဆုံးအကြိမ်စဖတ်မိကတည်းက ကျွန်တော်ဟာ ထင်လင်းဇာတ်ကောင်အပေါ် စွဲလမ်းသွားတယ်။
အဓိကဇာတ်ကောင်အေးငြိမ်းမေထက် ထင်လင်းမှထင်လင်း ဖြစ်သွားခဲ့တာ။
ဘယ်လောက်အထိ ထင်လင်းဇာတ်ကောင်ကို သဘောကျခဲ့သလဲဆိုရင် ကိုယ့်ကိုကိုယ် ထင်လင်းလို့ပါ ထင်မြင်အောင် နေလာမိတဲ့အထိပဲ။ လူငယ်ဘဝရဲ့ ကြီးပြင်းခဲ့မှုမှာ ထင်လင်းဇာတ်ကောင်ကို "စံ" နမူနာ ထားစရာပုဂ္ဂိုလ်တစ်ဦးအဖြစ် သတ်မှတ်ခဲ့တဲ့အထိပဲ။

"သူမင်းကို ဘယ်တော့မှ " တဲ့
ဆရာမက ဒီနာမည် ဘာကြောင့် ပေးခဲ့သလဲ မသိဘူး။

ကျွန်တော်ကတော့ "သူမင်းကို ဘယ်တော့မှ ချစ်တဲ့အကြောင်းဖွင့်ပြောမှ မဟုတ်ဘူး " လို့ ကိုယ့်ဘာသာ ခေါင်းစဉ်လေးဖြည့်စွက်လိုက်တယ်။

"မင်း သူ့ကိုရှာရင်
မင်း သူ့ကို ဘယ်တော့မှတွေ့မှာမဟုတ်ဘူး
ဒါပေမယ့် မင်း သူ့ကို မရှာရင်လည်း
သူ မင်းကို ဘယ်တော့မှ မြင်အောင်ပြမှာမဟုတ်ဘူး"

(ဂျူး _ သူမင်းကို ဘယ်တော့မှ)

#ခီရာ

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေး❝ မသိမှု ဝတ်ရုံကြီး ❞စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်လေးဆယ် - အလိုကြီးအရနည်း အမြော်အမြင်မိန်းမတစ်ယောက်၏ဖွင့်ဟဝန်ခံချက်မက္ကဇင်ဂေါ်ကီ နှင့် ခရီးသည်တစ်ဦးစာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းဖတ်နိုင်သမျှ များများဖတ်ပေးပါပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်