Author's Profile Photo

SarPhat Author

15/01/2024

အမျိုးသမီးများ၏ ဟော်မုန်းပြောင်းလဲမှုများ

1 min read
Life Style
Personal Development
Health
အမျိုးသမီးများ၏ ဟော်မုန်းပြောင်းလဲမှုများ's photo

အမျိုးသမီးတွေရဲ့ ဟော်မုန်းတွေဟာ နေ့ရက်တွေအလိုက် ပြောင်းလဲနေတတ်ပါတယ်။ အတိအကျပြောရမယ်ဆိုရင် hormone cycle အရ အပိုင်း၄ပိုင်းရှိပါတယ်။ ဆယ်ကျော်သက်အရွယ်မှ စတင်ပြီး ဟော်မုန်းပြောင်းလဲမှုများကို ရုပ်ပိုင်းဆိုင်ရာမှာသာမက စိတ်ပိုင်းဆိုင်ရာမှာပါ ခံစားသိရှိကြရပါတယ်။
အဓိက hormone 3ခု ကတော့

1. Progestrone
2. Estrogen
3. Testosterone

တို့ ဖြစ်ကြပါတယ်။

Hormone cycle ရဲ့ ပထမအပိုင်းကတော့ Menstration အပိုင်းဖြစ်ပါတယ်။ အားလုံးသိထားကြသလိုပဲ period ဟာ ၃ရက်ကနေ ၇ရက်အထိ ရှည်ကြာတတ်ကြပါတယ်။ ဒီကာလမှာဆိုရင် အမျိုးသမီးတွေဟာ စွမ်းအင်များ ၊ အာရုံစူးစိုက်မှုများ လျော့နည်းနေတတ်ပါတယ်။ ဟော်မုန်းအားလုံးနိမ့်ကျနေတတ်ပြီး ပင်ပန်းနွမ်းနယ်နေတတ်ပါတယ်။ အမျိုးသမီးတွေအနေနဲ့ ဒီကာလမှာ နားနားနေနေ နေထိုင်သင့်ပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် အလုပ်တွေကိုလျှော့လုပ်ပြီး များများအိပ်ပါ၊ အနားယူပါ၊ အသွားအလာလျှော့ပါ။ စိတ်ရှုပ်ဒေါသထွက်မနေပဲ စိတ်ကိုသတိလေးထားပြီး ကိုယ့်အတွက် အချိန်ပေးသင့်တဲ့ အချိန်ဖြစ်ပါတယ်ရှင်။ မေ ဆိုရင်လည်း အဲ့ဒီလိုအချိန်တွေမှာ စိတ်ဆတ်နေတတ်ပါတယ်။ နည်းနည်းလေးအလုပ်လုပ်လိုက်တာနဲ့ မောနေတတ်ပါတယ်။ မေ တို့ ကိုယ်ခန္ဓာပင်ပန်းတဲ့အချိန်ဖြစ်တာမို့ သေချာလေးဂရုစိုက်ပြီး အားရှိတာလေးတွေစားတာ၊ ကောင်းကောင်းအနားယူတာတွေ လုပ်သင့်ပါတယ်။

ဒုတိယကတော့ Follicular အဆင့်ဖြစ်ပါတယ်။ ဒီအပိုင်းက ၁၁ ရက်နေ ၂၇ ရက်အထိ ကြာတတ်ပါတယ်။ ကိုယ်ဝန်ဆောင်ဖို့ အဆင်သင့်ဖြစ်နေတဲ့အချိန်ပါပဲ။ Progestrone နှင့် Estrogen သိသိသာသာမြင့်တက်နေပြီး Testostrone ဟာ တည်ငြိမ်ရာမှ မြင့်တက်နိုင်ပါတယ်။ ဒီအချိန်မှာ စွမ်းအင်တွေဟာ တိုးတက်လာပါမယ်။ တက်ကြွစွာလုပ်ဆောင်နိုင်လာပြီး အသစ်အဆန်းများစတင်လုပ်ကိုင်ဖို့အတွင်သင့်တော်တဲ့အချိန်ပါပဲ။

တတိယအပိုင်းကတော့ Ovulation အပိုင်းပါ။ cycle ရဲ့ အလယ်မှာရှိပြီး ၂၄နာရီသာကြာတတ်ပါတယ်။ Estrogen နဲ့ Testostrone တွေဟာမြင့်မားနေပြီး progestrone ဟာ မျိုးဥထွက်ပြီးချိန်မှာ မြင့်တက်လာပါတယ်။ ဒီအချိန်မှာလည်း အမျိုးသမီးများဟာ တက်ကြွစွာ လုပ်ဆောင်နိုင်စွမ်းတွေရှိနေကြပါတယ်။

နောက်ဆုံးအပိုင်းကတော့ Luteal ဖြစ်ပါတယ်။ ၁၂ရက်မှ ၁၄ရက်အထိ ကြာတတ်ပြီး Estrogen နဲ့ Progestrone ၂မျိုးလုံးမြင့်တက်နေပါတယ်။ Progestrone ဟာ တည်ငြိမ်တဲ့အာနိသင်ရှိပါတယ်။ ဒီအချိန်မှာတော့ ကိုယ့်ကိုကိုယ် ဂရုစိုက်ပြီး ပေါ့ပေါ့ပါးပါး အလုပ်လေးတွေကို လုပ်ဆောင်ပါရှင့်။

မေတို့ အမျိုးသမီးများအားလုံး ကျန်းမာလှပသော ဘဝကို ပိုင်ဆိုင်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ မေ ရေးတဲ့စာလေးက စာချစ်သူများအတွက် အကျိုးတစုံတရာရှိစေတယ်ဆိုရင် အသည်းပုံလေးနှိပ်ပေးသွားပါအုံးနော်။ စာချစ်သူများရှိလို့သာ မေ စာတွေရေးနိုင်နေတာပါ။ ပြန်ဆုံကြမယ်ရှင်။


May Grace
15.1.2024
11:57 AM

Ref. Healthline

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်လေးဆယ် - အလိုကြီးအရနည်း စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၅-၈) စာစောင်သုံးဆယ့်လေး-နေ့စဉ်နဲ့အမျှကြိုးစားခြင်းစာစောင်သုံးဆယ့်ခုနစ်-အဆိုးထဲကအကောင်းစာစောင်လေးဆယ့်ကိုး - ဘဝရဲ့အစိုးမရမှု မပြိုင်ပါနဲ့ဖန်တီးပါစာစောင်သုံးဆယ့်တစ်-အမှားတွေကနေရနိုင်တဲ့ တန်ဖိုး