Author's Profile Photo

May Me- Author

11/01/2024

ပျော်ရွှင်သာယာတဲ့ အိမ်ထောင်တစ်ခုဖြစ်ဖို့ ဘယ်လိုပန့်ပိုးကူညီမလဲ?

2 mins read
Life Style
General Knowledge
Entrepreneurship
ပျော်ရွှင်သာယာတဲ့ အိမ်ထောင်တစ်ခုဖြစ်ဖို့ ဘယ်လိုပန့်ပိုးကူညီမလဲ?'s photo


ချစ်တဲ့သူနဲ့ အိုအောင်မင်းအောင်အတူနေချင်ပါသလား? အဲ့ဒီလိုဆိုရင် ကျမရေးတဲ့ ဒီစာလေးကို ဆုံးအောင်ဖတ်ပါ လိုက်နာပါ ကိုယ့်ရဲ့ပါတနာကို ကိုယ်ချင်းစာ‌ပေးပါ အချိန်တိုင်း စတွေ့တုန်းကလို အမြဲချစ်ပေးပါ အဲ့ဒီလိုဆို ငွေမချမ်းသာလဲ သူနဲ့ နေရတာစိတ်ချမ်းသာပါမယ်နော်။

သူစိမ်း ၂ ယောက်နဲ့ တည်ဆောက်ထားတဲ့ အိမ်ထောင်တစ်ခုဟာ အမြဲတမ်းအဆင်ပြေပျော်ရွှင်ဖို့ဆိုရင် တယောက်ကို တယောက်နားလည်‌ပေးရပါမယ် အထူးသဖြင့် အားနဲချက်ကို ကိုယ်ချင်းစာပေးတတ်ရပါမယ်။ အဲ့လိုမှမဟုတ်ရင် မကြာခန တကျက်ကျက် ရန်ဖြစ်နေရတတ်ပြီး ၂ ‌ယောက်က အမြဲတမ်းစိတ်ဆင်းရဲနေရမှာပါ။ ခုနောက်ပိုင်း သတိထားမိတဲ့ သတင်းတွေက တယောက်နဲ့ တယောက်ကြား မပွင့်လင်းတဲ့ လူမှု့ရေးကြောင့် အိမ်ထောင်ရေး ပြိုကွဲတာနဲ့ ကိုယ်ရှိနေရဲ့နဲ့ တခြားသူကို ချစ်သွားတာ မကြာခနကြားလာရတာမို့ ကျမ ဒီစာလေးကို ရေးပေးဖြစ်တာပါ။ အဲ့လိုတွေ မဖြစ်အောင် ဘာလုပ်ကြမလဲ ကျမတို့ အသက်တွေကြီးလာတဲ့ အထိ ဘယ်လိုနေရင် ချစ်တဲ့သူက ကိုယ့်အနားက မခွဲမခွါနေမှာလဲ ဆိုတာ သိချင်ကြမယ်လို့ ထင်ပါတယ်။

အရင်ဆုံး အမျိုးသားများကို ပြောပြချင်တာဆိုတာထက် အကြံပေးချင်တာပါ အမျိုးသမီးကို ငွေမရှာနိုင်ဘူးဆိုပြီး အထင်မသေးပါနဲ့ ခင်ဗျားတို့ နဲ့ မတွေ့ခင်က သူဟာငွေလဲရှာနိုင်သလို အလုံးစုံကို နားလည်တတ်သိတဲ့ ကောင်မလေးတယောက်ပါ အဲ့ဒီတုန်းကတော့ သူ့ဘဝက သူ့စိတ်ကူးနဲ့ သူ့မိသားစုမှာ သူမဟာ မင်းသမီးပါ။ ခင်ဗျားနဲ့တွေ့ပြီးတဲ့နောက် အဲ့ဒီမင်းသမီးလေးဘဝက အရာအားလုံးကို ထားခဲ့ပြီး ခင်ဗျားကို ချစ်လွန်းလို့ အထင်ကြီးလွန်းလို့ ယုံစားကာ ဘဝတစ်ခုလုံးပုံအပ်ခဲ့တဲ့သူဆိုတာ ခင်ဗျား ဘယ်တော့မှ မေ့မပြစ်သင့်တဲ့ အရာပါ။

ခုနေ သူမဟာ ဝချင်ဝမယ် ပိန်ချင်ပိန်မယ် ဒါပေမယ့် ခင်ဗျားအတွက် သူမအမြဲတမ်း တက်ကြွစွာ ပန့်ပိုးပေးနေပါလိမ့်မယ်။ အရင်လို အလှပြင်နိုင်ချင်မှ ပြင်နိုင်မယ်၊ တီတီတာတာပြောနိုင်ချင်မှ ပြောနိုင်မယ်၊ ခင်ဗျားစားဖို့ ခင်ဗျားကြိုက်တတ်တာတွေကို တရက်မပျက် သူမချက်ပြုတ်နေတာတော့ သေချာပါတယ်။ သူမအတွက် တန်ဖိုးဆိုတာ ခင်ဗျားသပ်မှတ်ပေးရမှာ မဟုတ်သလို သူမဘာလို့ အဲ့ဒီလို ကြည့်မလှတော့အောင် ဖြစ်နေတာလဲဆိုတဲ့ တရားခံဟာ ခင်ဗျားဖြစ်နေလို့ ပါပဲ။

ခင်ဗျားနဲ့ အတူနေတဲ့ နောက်ပိုင်း သူမပိုလှလာပြီး ပိုစိတ်ချမ်းသာလာတယ်ဆိုရင် ခင်ဗျားအရည်ချင်းဘယ်လောက်ကောင်းလဲ ဘယ်လောက်တော်တဲ့ လူလဲ ဆိုတာသူမကိုမြင်တဲ့ သူတိုင်းသိပါတယ်။ သူမကို ခင်ဗျားစိတ်ကုန်ချင်လာပြီဆိုရင် ပထမဆုံးလုပ်ရမှာက ၂ယောက်ထဲ ဟိုးအရင်စတွေ့တုန်းကလို သူမကြိုက်တတ်တာ ဝယ်ကြွေးပါ၊ အပြင်မှာ ၂ ယောက်ထဲ ချိန်းတွေ့ပါ ၊ရုပ်ရှင်ကြည့်ပါ၊ Shopping ထွက်ပါ၊ အေးဆေးဆေး စကားပြောပါ စချစ်ခဲ့ကြတုန်းကလိုပေါ့။ အဲ့ဒီအခါ အေးခဲနေတဲ့ ခင်ဗျားနှလုံးသား သူမနဲ့ ပဲအသစ်ပြန်ဖြစ်သွားပြီး ချစ်ချင်းဟာ အမြဲနွေးနေဖို့ လမ်းစလေးကို ခက်ဗျားတွေ့ကို တွေ့ပါလိမ့်မယ်။

မိန်းမတွေဆိုတာ အသက်ဘယ်‌လောက်ကြီးကြီး ချစ်တဲ့သူဆီက ကြင်နာယုယမှု့ကို အမြဲတမ်း မျှော်လင့်တောင့်တကြတယ်ဆိုတာ မဖြစ်မနေ ပြောလိုက်ပါရစေ။ခင်ဗျာ

ပျော်စရာနေ့စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးဆင်းရဲသားလေး ဂျက်လန်ဒန်ရှင်သန်ခြင်းရဲ့ အဓိပ္ပါယ်မရိုးတရိုးရန်ကုန်မိုးကမ္ဘာ့နိုင်ငံရေးဆိုင်ရာအတွေးခေါ်များ (မြင့်စိုးလှိုင်)❝ မသိမှု ဝတ်ရုံကြီး ❞လီယိုတော်စတွိုင်းနှင့် ဘူတာရုံပြသနာစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်း

Unlock to read this premium article with 10 points.