SarPhat Author
လွန်ခဲ့တဲ့ ၃ နှစ် ဒီလိုအချိန်မှာ မေ youtube channel လေးတစ်ခု create လုပ်ခဲ့ပါတယ်... အမှန်တိုင်းဝန်ခံရရင် မေ့အမျိုးသာကိုလိုက်ပြီး ပြိုင်တာပါ... သူက သူ့နယ်ပယ်မှာ ထူးချွန်တဲ့ professional တစ်ယောက်ပါ။ သူက channel တစ်ခုလုပ်ချင်တဲ့အကြောင်းပြောလာတဲ့အချိန်မှာ မေလည်းတစ်ခုလုပ်ချင်တယ် ဆိုပြီး လုပ်ခဲ့တာပါပဲ။ မေ့မှာ စိတ်အားထက်သန်မှုတွေ ယုံကြည်မှု တွေရှိမနေခဲ့ပါဘူး။ ကလေးတွေလိုပေါ့ ... နင်လုပ်ရင် ငါလည်းလုပ်မယ် ဆိုတဲ့ စိတ်ကလေးနဲ့ပါ။
ခုချိန်ပြန်တွေးမိတော့ ရှက်မိပါတယ်... မေ အဲ့ဒီအချိန်ကဆို သူ video တစ်ခုတင်ရင် မေလည်း တစ်ခုတင်ချင်တာပါ။ ပြင်းပြတဲ့ ဆန္ဒမရှိတော့ မေ့မှာ ပညာတွေရှိပေမယ့် idea တွေထွက်မလာပါဘူး။ သူကတော့ ပြင်းပြတဲ့ ဆန္ဒ ကြောင့် idea တွေအများအပြားရှိနေပါတယ်။ မေ မနာလိုဖြစ်တဲ့အထိပါပဲ။ video တင်ပြီးရင်လည်း ၅မိနစ်တသ်ခါလောက်ကို မေ channel ထဲဝင်ကြည့်နေပြန်ရော... စိတ်ကမအေးဘူး။ မေ့စိတ်ထဲမှာ ခင်ပွန်းသည်ကို ပြိုင်ဘက်လို သဘောထားပြီး ပြိုင်နေခဲ့တာပါ။ အစမကောင်းခဲ့တဲ့ မေ့ရဲ့ channel လေးဟာ video ဆယ်ခု မပြည့်ခင်မှာပဲ ရပ်တန့်သွားပါတယ်။ ဘာမှားနေလဲဆိုတာ မစဥ်းစားပဲ မေ ပစ်ထားလိုက်ပါတယ်။
လွန်ခဲ့တဲ့ရက်က မေ စာလေးတွေစပြီးရေးဖြစ်ပါတယ်... follower တစ်ယောက် စပြီး ရတဲ့အချိန်မှာ မေ တော်တော်ပျော်ပါတယ်။ မေ ငယ်ငယ်ကတည်းက စာရေးတာဝါသနာပါခဲ့သူပါ။
မေတို့ခေတ်က pen friend တွေ ခေတ်စားခဲ့ပါတယ်။ သောင်းပြောင်းထွေလာ ရယ်စာ မဂ္ဂဇင်းက တဆင့် မေ friend 2ယောက်လောက် ရခဲ့ဖူးပါတယ်
အဲ့ဒီ မတိုင်ခင်ကလည်း သူငယ်ချင်းတွေဆီ စာရေးရတာ မေ ပျော်ခဲ့ပါတယ်။ ခင်ရင်ခင်သလို မေ့မှာ ပြောပြချင်တဲ့အကြောင်းအရာတွေ များပြားလှပါတယ်။ အခု Sar Phat Application ကို သိရတဲ့အချိန်မှာ မေ့ရဲ့ စာရေးချင်တဲ့ ဆန္ဒလေးပြည့်သွားပါတယ်ရှင်။ မေ့ရင်ထဲမှာ ပြင်းပြတဲ့ ဆန္ဒလေးရှိတဲ့အတွက် မေ့မှာ စာရေးဖို့ idea လေးတွေ ပေါ်လာသလို မေ ဘယ်သူ့ကိုမှလည်း လိုက်လံတုပလိုခြင်း ပြိုင်ဆိုင်လိုခြင်း မရှိခဲ့ပါဘူး။ မေ ပျော်ပျော်ရွှင်ရွှင်နဲ့ ရလဒ်ကိုလည်း စိတ်ပူမနေပါဘူး။ မေ့ရဲ့ စာလေးကို တစ်ယောက်လောက်ဖတ်သွားတယ်ဆိုရင်ပဲ မေ အားဆေးသောက်လိုက်ရသလိုပျော်ရွှင်လန်းဆန်းနေတာပါ။
စာဖတ်သူများလည်း ကိုယ့်ရင်ထဲမှာ ပြင်းပြတဲ့ ဆန္ဒကိုအရင် မွေးမြူစေချင်ပါတယ်။ ဘယ်သူ့ကိုမှကြည့်မနေပဲ ကိုယ်လုပ်စရာရှိတာကိုသာ အပြည့်အဝ အာရုံစိုက်ပြီးလုပ်ဆောင်ပါနော်... ရလဒ်ကောင်းတွေစောင့်ကြိုနေပါတယ်။ မေ လည်း နှစ်သစ်မှာ စိတ်အသစ် ခံယူချက်အသစ်နဲ့ မေ ပစ်ထားခဲ့တဲ့ channel လေးက်ိုပြန် run ပါမယ်... စာဖတ်သူတွေထဲမှာ IT နဲ့ပတ်သက်ပြီး စိတ်ဝင်စားသူများရှိခဲ့ရင်လည်း IT Candy channel လေးကို လာရောက်လေ့လာဖို့ဖိတ်ခေါ်ပါတယ်ရှင့်။
မေ့ရဲ့ channel လေးက မအောင်မြင်သေးတဲ့အတွက် စာချစ်သူများ ရှာရလွယ်အောင် IT Candy Excel လို့ရိုက်ရှာကြည့်ကြပါနော်... အဆုံးထိဖတ်ပေးတဲ့အတွက် ကျေးဇူးပါ ။ ပြင်းပြတဲ့ဆန္ဒများနဲ့အတူ ရလာဒ်ကောင်းများကိုပိုင်ဆိုင်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ စာချစ်သူများ ကိုယ်စိတ်နှလုံး သုံးပါးလုံး ချမ်းသာပါစေ။ See you next post.
#channel link
https://youtube.com/@itcandy5886?si=zVUEsJUhe-tyQFn8
Keep Reading