Rachel
ကျမမှာ အိမ်မက်တွေရှိတယ်။ လူရယ်လို့ ဖြစ်လာရင် ကိုယ်ဖြစ်ချင်တဲ့ ဘဝလေးတွေတော့ ရှိတတ်ကြတာပါပဲ။ ကိုယ်ဖြစ်ချင်တဲ့ ဘဝရဲ့အိမ်မက်ပေါ့လေ။ ကျမမှာလည်းရှိခဲ့ဖူးတယ် ကျမငယ်စဉ်ကတည်းကပေါ့။ အချိန်တန် အရွယ်ရောက်လာတော့ ကိုယ့်အိမ်မက်တွေနောက် အကောင်အထည်ဖော်နိုင်တဲ့သူတွေ ကျမတို့ရွယ်တူတွေထဲမှာ ရှိတော့ရှိတယ်ရှားတယ်ပေါ့နော်။ ကျမတို့လို ဖွံ့ဖြိုးဆဲနိုင်ငံရဲ့ နယ်မြို့လေးတစ်မြို့ကသူတွေဆိုပိုဆိုးတာပေါ့လေ။ Follow Your Dream ဆိုတဲ့ စာသားကို ခုတလော ကျမမျက်စိထဲ မကြာခဏ social media သုံးရင်းဖြစ်စေ ဇာတ်ဝင်ခန်းတခုမှာဖြစ်စေ မြင်လိုက်မိတဲ့ အခိုက်အတန့်မှာ တော်တော်စိတ်ထဲထိရှတဲ့ ခံစားချက်ဖြစ်မိတယ်။ ကျမတို့ အိမ်မက်တွေနောက် လိုက်နေရဲ့လား နီးစပ်နေပီလား နေ့ရက်တိုင်းကို အဓိပ္ပါယ်ရှိရှိ ဖြတ်သန်းနေပီလား ပြန်မေးခွန်းထုတ်မိတဲ့အခါ ကျမအိမ်မက်က ဘာလဲဆိုတာတောင် ပြန်စဉ်းစားယူရတဲ့အထိ ဖြစ်ခဲ့ရတယ်။ ကျမတို့ရဲ့ နေ့စဉ်ဘဝတွေ အဆင်ပြေဖို့ ကြိုးစားရတာနဲ့တင် ကျမတို့ဖြစ်ချင်ခဲ့တဲ့ အိမ်မက်တွေ မေ့လျော့နေခဲ့မိတာပဲ။ တကယ်တော့ အိမ်မက်တွေက အလှမ်းဝေးလို့ဆိုတဲ့ ဆင်ခြေထက် ကျမတို့ အိမ်မက်တွေကို မေ့လျော့ပီး ခေတ်ရေစီးကြောင်းရဲ့ ဆွဲဆောင်မှုတွေနောက် တကောက်ကောက်လိုက်မိလို့ လိုက်နေမိမှန်း သေချာသတိမပြုမိခဲ့တာပါ။ Social Media က အကြောင်းအရာတွေသည် entertainment ထက် ကျမတို့ရဲ့ နေ့စဉ်ဘဝထဲကို တဖြေးဖြေးနေရာယူလာတာနဲ့အမျှ ကျမတို့ရဲ့ နေ့စဉ်ဘဝကို လွှမ်းမိုးလာတယ်လို့ ခံစားရပါတယ်။ တကယ်တော့လေ ကျမတို့မှာ အိမ်မက်တွေကို အကောင်အထည်ဖော်ဖို့ အခွင့်အရေးရှိသလို ဖြစ်လည်း ဖြစ်နိုင်ပါတယ်လို့ ကျမကတော့ ယုံပါတယ်။ ကျမတို့နေ့စဉ်ဘဝတွေကနေပဲ မေ့လျော့မိတဲ့ အိမ်မက်တွေကို အကောင်အထည်ဖော်ဖို့ ကြိုးစားရပါမယ်။ ခရီးတွေထွက်မယ်၊ စာနာကူညီမယ်၊ သဘာဝတရားကြီးကို ကျေးဇူးတင်ရင်း ဖြစ်ချင်တဲ့ အိမ်မက်တွေကို တဖြေးဖြေးအကောင်အထည်ဖော်ဖို့ အစပြုရင်းပဲ တရက်ချင်းစီ ရှင်သန်ကြပါစို့နော်။
Afia
Keep Reading