Author's Profile Photo

SarPhat Author

7/01/2024

Smile ?

1 min read
Life Style
Health
General Knowledge
Smile ?'s photo


ပြုံးပါ... ဟုတ်ပါတယ်... ဘာတွေပဲကြုံနေပါစေ ပြုံးလိုက်ပါ... မေ ငယ်ငယ်ကဖတ်ခဲ့ဖူးတဲ့ စာလေးရှိတယ်

ပြုံးပါ...ပြုံးလိုက်တဲ့အတွက် တစ်ပြားမှမကုန်ကျပေမယ့် အပြုံးတစ်ပွင့်ကတော့ တန်ဘိုးမဖြတ်နိုင်ပါဘူး..


ဒီစာသားလေးကို ဖတ်လိုက်ရတဲ့အချိန်မှာ မေ့ရင်ထဲကိုစွဲသွားပါတယ်... မေက အိမ်မှာ အငယ်ဖြစ်တဲ့အတွက် မကြာခဏ စိတ်ဆိုးစိတ်ကောက်လေ့ရှိပါတယ်... မေ ငယ်ငယ်က စိတ်ဆိုးပြီး နှုတ်ခမ်းဆူတဲ့ပုံလေးတွေ မေ့ရဲ့ ဦးကြီးက ရိုက်ပြီး ပြန်ပြခဲ့ပါတယ်... ပုံထဲမှာ မေ့မျက်နှာက လုံးဝမလှပါဘူးရှင်...နှုတ်ခမ်းကဆူပြီး မျက်မှောင်က ကုပ်နေပါသေးတယ်... အဲ့ဒီ တုန်းက မိသားစုတွေနဲ့အတူ ရယ်မောရင်း snap ပုံအဖြစ်သာသဘောထား​ခဲ့ပါတယ်... အခု မေ့အသက် ၃၀ ကျော်မှာတော့ အဲ့ဒီ ပုံလေးတွေကို ပြန်မြင်ယောင်မိပြီး ဆင်ခြင်မိတဲ့အခါတွေ ရှိခဲ့ပါတယ်... မေ တို့ဟာ လူ့လောကကြီးမှာ ရှင်သန်လှုပ်ရှားရုန်းကန်ကြရင်း ပျော်စရာတွေကြုံရသလို ငိုစရာတွေလည်းကြုံရပါတယ်... တခါတရံ
စိတ်ညစ်ညူးစရာတွေလည်း ကြုံရပြန်တာပါပဲ... အဲ့ဒီလိုအချိန်တွေမှာ မေတို့ရဲ့အဆင်မပြေမှုတွေကို မျက်နှာမှာ မြင်နိုင်ပါတယ်... မေ့မှာ ၅နှစ်အရွယ်သားငယ်လေးတစ်ယောက်ရှိပါတယ်... မေ စိတ်ရှုပ်ပြီး မျက်နှာမကောင်းရင် သားလေးကမေ့မျက်နှာမော့ကြည့်ပြီး ခုလိုမေးတတ်ပါတယ်

မေမေ ရရဲ့လား

အဆင်ပြေရဲ့လား မေမေပေါ့... သူ့ အသိဥာဏ်ကလေးနဲ့ အမေ့မျက်နှာ မကောင်းတာကို ခံစားတတ်နေပါပြီ... သား အခုလို မေးလာခဲ့ရင် မေ သတိထားပြီး သားကိုပြုံးပြဖြစ်တယ်... မေမေ အဆင်ပြေတယ်နော် သားလေး... ဆိုပြီးတော့ပါ။ မေ အဲ့ဒီလို ပြုံးပြလိုက်မှ သားက စိတ်ချမ်းသာသွားတဲ့ပုံစံနဲ့ သူဆော့စရာရှိတာသွားဆော့ပါတယ်။ မေ တို့မျက်နှာကို မှန်ထဲမှာ မကြည့်ဖြစ်တဲ့အတွက် မေတို့ စိတ်ခံစားချက်အလိုက် မျက်နှာကို မဲ့တာ ရွဲ့တာတွေ လုပ်မိတတ်ကြတာပါ... စိတ်ဆိုးနေတဲ့အချိန် မှန်ကြည့်မိရင် ကြောက်စရာကောင်းတဲ့ပုံရိပ်ကြီးကိုပဲ မြင်ရမှာပါ... ဘယ်သူမှ မလှပတဲ့ပုံကိုကြိုက်မယ်မထင်ပါဘူးနော်... ဒါကြောင့် သတိရတိုင်း ပြုံးပါ... လူတွေနဲ့ တွေ့ဆုံနှုတ်ဆက်တဲ့အခါ ပြုံးပြီးနှုတ်ဆက်ပါ။ ပြုံးနေတဲ့ ကိုယ့်ဆီက အကြည်ဓာတ်လေးတွေ သူတပါးဆီကို ကူးစက်ပါစေနော်... မေ လည်း အမြဲပြုံးနိုင်အောင်ကြိုးစားပါမယ်ရှင့်... စာချစ်သူများအားလုံး လှပကျန်းမာစိတ်ချမ်းသာကြပါစေနော်... မေ ရေးထားတဲ့ လမ်းလျှောက်ခြင်းအကြောင်း စာလေး၂ပုဒ်ကိုလည်း အားပေးပါအုံးနော်...See you next post.

Keep Reading

စိတ်ဓာတ်ကျနေတဲ့အခါစာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစိတ်ညစ်စရာကြားကဆေးတစ်ခွက်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်း