SarPhat Author
''လွမ်းတယ်''
မအေးသောင်းက ပြောတယ်
''လွမ်းတာတွေစာစီကုံးဖို့ ခဏလေးတော့ စိတ်ကောက်ပါရစေ''တဲ့။ အဲ့စာသားကို ဖတ်တော့ ဘယ်လိုပါလိမ့်လို့ အတွေးဝင်မိတယ်။ နောက်တော့ အဲ့စာသားဟာ ကိုယ်နဲ့တိုက်ရိုက်ပက်သက်လာတော့တယ်။
ဖြစ်ပျက်နေတာဆိုတာ ခဏလေးတောင် စိတ်မကောက်ချင်ဘူးရယ်။ လွမ်းတယ်ဆိုတာ သူနဲ့ဝေးနေနီးနေတာတွေထက် သူဘေးမှာ ထိုင်နေတာလေးကအစ သူနဲ့ကိုယ်ကြား က အကွာအဝေးလေးကို လွမ်းတာပဲ။
ဘာမဟုတ်တာလေးနဲ့ စကားတွေများမိလည်း ''တော်ပြီ တော်ပြီ ''ဆိုတာ နှစ်ယောက်လုံးရဲ့ ရန်အေးနည်းပေါ့။ ရန်ဖြစ်ရင်းနဲ့ အိပ်စက်သွားရတော့မယ်ဆို OKဆိုတဲ့ စကားနဲ့ပဲ နှုတ်ဆက်လမ်းခွဲကျတာပါပဲ။ နောက်တော့ ခေါင်းအုံးပေါ်မှာ အိပ်စက်ရင်း
''ဒီညတော့ အလွမ်းနဲ့ အိပ်ရတဲ့ညပါလား ''လို့ တစ်ယောက်တည်း ရေရွတ်မိတယ်။
လွမ်းတယ်ဆိုတာ ချစ်ရတာတာထက် ခံစားရခက်တယ်ကွယ်။ အရာရာတိုင်းဟာ ကိုယ့်အတွက် အမှတ်တရတွေချည်းပဲ။ သူစကားပြောမတတ်တာကိုလည်း ကိုယ်လွမ်းတယ် ။ တီတီတာတာပြောချင်ပေမဲ့ respectဆိုတဲ့ စကားလုံးက သူ့ဦးနှောက်ကို သွားထောက်တာ ကိုယ်သိတာပေါ့။ ကိုယ်လွမ်းသလို သူလည်းလွမ်းနေမယ်ဆိုတာ နှစ်ယောက်သား မအားပေမဲ့ လွမ်းချိန်လေးကိုတော့ overtime ဆင်းကောင်းပါရဲ့။
အလွမ်းနှစ်ခုကြား အကွားအဝေးက မိုင်ပေါင်းဘယ်လောက်ခြားပါလိမ့်ဆိုတာ အင်ဂျင်နီယာ ဘာသာရပ်မှာ ထည့်သွင်းရင်ကောင်းမယ်လို့တူတူရယ်သွမ်းသွေးခဲ့ဘူးတယ်။
လွမ်းတာကို စာစီကုံးဖို့
ရန်လည်းမဖြစ်ပါရစေနဲ့
စိတ်လည်း မကောက်ပါရစေနဲ့
ကိုယ်ဟာ ဘယ်လောက်တော်နေပါစေ
ထက်တယ်လို့ပြောခံနေရပါစေ
သူရှေ့ရောက်ရင်တော့ ကိုယ်ဟာ သိုးငယ်တစ်ကောင်ပဲဖြစ်ချင်တယ်။
အရာရာကို ဆိုးလို့ရတဲ့ ကလေးဆိုးလေးတစ်ယောက်ဖြစ်ချင်တယ်။
ဘာတွေပဲဖြစ်လာလာ ကိုယ်ရှေ့မှာ သူရှိနေတယ်လို့ တွေးနေပါရစေ။
သူဟာ ကိုယ့်အတွက် စေညွှန်ရာပါ။
အလွမ်းညတွေကို ကုန်ဆုံးဖို့ ကိုယ်တော့ အားဆေးသောက်ရအုံးမယ်ကွယ်။
အဲ့အားဆေးတွေဟာ သူ့အပြုံး သူ့အသံ သူ့ဟန်ပန် တွေဆိုတာ ကိုယ်တိုင်တည်ပြောပါရစေ။
အရမ်း လွမ်းမိတယ်
#WaiZin
Keep Reading