အလင်္ကာ
၂။ပဏ္ဍိတာနဥ္စသေဝနာ
ပညာရှိကိုရှာပေါင်းရမဲ့ကိစ္စထပ်ဆင့်လာပြန်သည်…။ငယ်ငယ်တုန်းက သင်ခဲ့ဖူးတဲ့စာတွေထဲမှာ “ဦးခေါင်းသုံးလုံးရှိသူထံမှာသင်ယူပါ”ဆိုတာလေးအတွေးထဲဝင်တယ်။ဒါပေမဲ့လည်းဦးခေါင်းသုံးလုံးရှိတိုင်းလည်းမဟုတ်ပြန်ဘူး။အသိပညာဘောင်ဝင်တန်းဝင်ဖြစ်ဦးမှ…။အသိပညာဆိုတာကျွန်တော်မှီခိုအားထားရမဲ့ပညာရှိပဲမလား..။ပညာရှိဆိုတာသက်ရှိလူသားတစ်ယောက်လည်းဖြစ်နိုင်သလို သက်မဲ့ စာအုပ်စတဲ့အရာတွေလည်းဖြစ်နိုင်တယ်မဟုတ်လား..။ပညာတွေစုစည်းတည်ရှိတဲ့နေရာကိုပဲပညာရှိခေါ်ချင်ခေါ်ပညာတွေပြည့်နေတဲ့လူကိုပဲပညာရှိခေါ်ချင်ခေါ် သဘောပဲလေနော်…။
ဒါဆိုကျွန်တော်တို့ပညာရှိကိုဘယ်လိုမှီဝဲရမလဲ..နည်းနည်းအရေးပါလာပြီ..။ဒီအပိုင်းကိုတော့ ဆော့ခရတ္တိရဲ့စကားနဲ့ပြောရရင်လေကိုဆာလောင်သလိုမျိုး….။
တစ်နေ့ လူငယ်လေးတစ်ယောက်ဆော့ခရတ္တိရှေ့မှောက်ကိုရောက်လာသတဲ့..။ဆရာ့ဆီမှာပညာသင်ချင်လို့ပါ…။ဆော့ခရတ္တိက သူ့နောင်လိုက်ခဲ့ရန်အရိပ်ပြပြီးလူငယ်လေးကိုကမ်းခြေတစ်ခုဆီခေါ်သွားလေတော့ လူငယ်လေးလည်းတအံ့တဩအတွေးများရင်း လိုက်ခဲ့တာပေါ့..။
ရေစပ်ကိုဆင်းရင်း ရေက ခါးလောက်ရောက်တဲ့အခါ ဆော့ခရတ္တိက လူငယ်လေးကိုခေါင်းကကိုင်ပြီးရေနစ်ချလိုက်သတဲ့…
“ဘာလိုချင်တာလဲ”
“ဆရာ့ဆီမှာပညာသင်ချင်တာပါ”
နောက်တစ်ကြိမ်ထပ်နှစ်ချလိုက်ပြန်တယ်။ပြီးပြန်ဖော်လိုက်ပြီးထပ်မေးတယ်..။
“ဘာလိုချင်တာ”
“ပညာပါဆရာ”
နောက်တစ်ကြိမ်တော့ခပ်ကြာကြာလေးနဲ့ခပ်ကြမ်းကြမ်းလေးနှစ်ချထားလိုက်ပြီး ပြန်ဖော်ပေးလိုက်တဲ့အခါလူငယ်လေးက
“လေ..လေ လိုချင်တယ်”လို့အော်သတဲ့…။အဲချိန်ကျမှဆော့ခရတ္တိက ပညာကိုဆာလောင်တယ်ဆိုတာ လေကိုလိုသမျိုးဆာလောင်ရတယ်လို့ဆုံးမတယ်…။
ကျွန်တော်တို့ ရပ်တည်ဖို့ လေလိုတယ်။လေကိုဆာလောင်သလိုပညာသင်ချင်တဲ့စိတ်ရှိဖို့လိုတယ်..။ပညာသင်ချင်တဲ့စိတ်ရှိလာမှ ပညာရှိကိုရှာဖွေဆည်းကပ်လာတတ်ကြမှာဖြစ်တယ်…။ပြောရရင် ပညာကိုရှာဖွေဆည်းကပ်တယ်ဆိုတာ ပဏ္ဍိတာနဥ္စသေဝနာလို့သွယ်ဝိုက်ပြီးပြောလို့ရပါတယ်….။
ပြောရရင် သိချင်စိတ်နဲ့ပညာကိုရှာဖွေလေလေပညာရှိကိုဆည်းကပ်ပြီးသားဖြစ်လေလေ…။လမ်းမှန်ကိုတွေ့လေလေ.ဖြစ်မှာပါ….။
အလင်္ကာ
Keep Reading